(ရာဘင်ဒြာ နတ်တဂိုး) ရဲ့ကဗျာ
*************************
ဘေးအန္တရာယ်အသွယ်သွယ်တို့မှ ကင်းဝေးပါစေကြောင်းဆုမတောင်းလို။ ၄င်းတို့ကိုရင်ဆိုင်နိုင်ရန်အတွက်သာ အကြောက်အရွံ့ကင်းရပါလို၏။ ဝေဒနာမှ သက်သာစေကြောင်းဆုမတောင်းလို။ ဝေဒနာကိုအောင်နိုင်သော ခံနိုင်ရည်စွမ်းသာလိုချင်၏။ ဘဝစစ်မြေပြင်တွင် မဟာမိတ်များကိုမရှာဖွေချင်ပါ။ ကိုယ်ပိုင်စွမ်းအားကိုသာ ရယူအားကိုးချင်ပါ၏။ ကယ်တင်မစခြင်းခံရရန် စိုးရိမ်ကြောင့်ရွံ့မှုဖြင့်မတောင့်တလို။ လွတ်လပ်မှုကိုရရှိရန် သည်းခံနိုင်စွမ်းကိုသာမျှော်လင့်၏။ တစ်ကိုယ်တော်အောင်မြင်မှုအတွတ် သင်၏သနားဂရုဏာကိုခံယူနေရသည့် သတ္တိကြောင်သူတစ်ဦးမဖြစ်အောင်ကူညီဆောင်မပါ။ ရှုံးနိမ့်သောအခါတွင် သင်၏လက်ကို ဆုပ်ကိုင်ထားနိုင်ခွင့်ရရှိသောသူဖြစ်ရပါလို၏။ (ရာဘင်ဒြာ နတ်တဂိုး)