Sunday, September 30, 2018
ဆန္ဒနဲ့ ဘဝ
••••••••••
တစ်ထပ်တည်း ကျမနေ တတ်တဲ့
လော က ဆိုတာ ကို သိလိုက် ရချိန် မှာ
အရာရာဟာ နောက်ကျ နေပြီလို့ 
ခံစားရင် ခံစားရပါ လိမ့်မယ်
ဆိုတဲ့ အဖြေ ကို
ကိုယ့်စိတ် ခံစားချက် အတိုင်း
ပြောကြပါ  လိမ့်မယ် ။
ဒါပေမဲ့
သင် နောက်ကျရင်
နောက်ကျ သွားတာ မှန်ပေမဲ့
သင်မရှုံးသေဘူး  ဆိုတာ ကို
မြဲမြဲ မှတ်ယူထား  လိုက်ပါ
အဲ့ဒီလို
အသိတရားဝင်လာတဲ့ အချိန်ဟာ
သင့်အတွက် မလိုအပ်တဲ့
အိမ်မက်က လန့် နိုးလာပြီမို့ မရှုံး သေးပါဘူး
ကိုယ် ဘာဖြစ်ချင်ခဲ့ သလဲ
ကိုယ့်ရည်ရွယ်ချက် က ဘာလဲ
ဒါတွေကို
စိတ်နောက် လိုက်ရင်း
မအောင်မြင်ခဲ့ ပေမယ့်
နောင်တ ဆိုတာ လည်း
ရစရာ  မလိုပါဘူး ။
ကိုယ့် စိတ်ကူးတွေ
ဖြစ်မလာခဲ့ လို့ လည်း
စိတ်ဓါတ် ကျ မသွား ပါနဲ့ 
ဒီနေ့ ဟာ မနက်ဖြန်
မဖြစ် နိုင်သလို
ကံကြမ္မာကို ကိုယ်သာ ဖန်တီး
ယူရမှာ ပါပဲ ။
လူတွေ နဲ့ ဆက်ဆံ တယ်
အများစု က ကိုယ်ပေးမှ
ပြန်ပြီး တုန့် ပြန်တာတွေ
ကိုယ့်စေတနာကို ဥပက္ခာ ပြုတာတွေ
ကိုယ့်မေတ္တာ ကို မထီမဲ့ မြင် ပြုတာတွေ
များစွာ ကြုံလာ ရ လည်း
ကိုယ့်ဘဝ အတွက် အရေး ပါတဲ့
အရာတွေ ဖြစ်နေ ရင်လဲ
စိတ်နဲ့ လိုက်ခံစား မနေပါနဲ့ 
ဒီကိစ္စ အသေးမွှား တွေထက်
ပိုအရေးကြီး တာတွေ ကိုသာ
ဆက်လုပ်ပါ ။
ကိုယ်နဲ့  အရင်းနှီးဆုံး လို့ ခံယူထားတဲ့
သူငယ်ချင်းတွေ စွန့် ခွာ
သွားခဲ့တယ်ဆိုရင်တောင်
ဝမ်းနည်းမနေပါနဲ့ 
သူတို့ ထက် သာတဲ့
မိတ်ဆွေသူငယ်ချင်း အသစ်တွေရှာပြီး
အစားထိုး လိုက်ပါ ။
သူဟာ ကိုယ် မဟုတ်တဲ့
လောကနိယာမ ကြီးထဲမှာ
အရာရာတိုင်း လိုက်ခံစား နေရင်း
အချိန်တွေ
အဆုံးရှုံး ခံရတာလောက်
နှမျှော စရာ ကောင်းတာ မရှိပါဘူး ။
ပြီးသွားတဲ့
အတိတ်ကို သင်ခန်းစာ ယူပါ
အနာဂါတ်ကို ပုံဖော်ပါ
လက်ရှိဘဝကို
ကျေနပ်အောင် နေထိုင်ပါ ။
ဖြစ်ခြင်တိုင်း မဖြစ်နိုင်တဲ့ ဘဝရယ်
မဖြစ်နိုင် ရလေခြင်း ဆိုတဲ့
ဒွိဟကြားမှာ အဖြေရှာ နေမယ်ဆို
အနာဂါတ်ဟာ ပိုပြီး ခက်ခဲ
သွားစေ ပါ လိမ့်မယ် ။
ကိုယ့်အမှားလို့  သိလိုက်ရတဲ့
အချိန်တိုင်း ဟာ
နောက်မကျ သေးဘူး ဆိုတာ
လူတိုင်း သိထား ရပါမယ်
အမှား အတွက်
ပြင်ဆင်ချိန် ရောက်ပြီလို့ 
ခံယူနိုင် ရပါမယ် ။
မှားသွား ခဲ့ပြီ
နောက်ကျ
သွားပြီ ဆိုတဲ့ နောင်တဟာ
စိတ်ကို နှစ်ခါ သေစေ ပါတယ် ။
အပေါင်းသင်း မိတ်ဆွေ ဆိုတာ လည်း
ပေါင်းသင်းချိန် ကိုယ့်ကို လိုအပ်တယ်လို့ 
သူတို့  လက်ခံနိုင်တဲ့
အချိန် အတိုင်းတာ အထိ
ဖြူစင်တဲ့  ခင်မင်မှုနဲ့ 
ပေါင်းသင်း  ဆက်ဆံ ပေးလိုက်ရင်
လုံလောက်  ပါပြီ
မလိုအပ် တော့ဘူးလို့  စွန့် ခွာသွား
ရင်လည်း အပြုံး မပျက်
ရင် ဆိုင်  လိုက်ပါ ။
လောကကြီး  မှာ
ကိုယ်လိုခြင်တဲ့  အရာ
ကိုယ်ဖြစ်ခြင်တဲ့ ဆန္ဒ ဆိုတာ
တစ်ထပ်ထဲ မဖြစ်နိုင်ဘူး ဆိုတဲ့
အတွေး နဲ့ သာ ကျော်ဖြတ်နိုင် ကြပါစေ
သူငယ်ချင်း.....
   credit. ခင်အေးငယ်