Credit
ထေရီအပဒါနဒီပနီ
32MB
https://www.mediafire.com/download/1g0of2a0szy9u9i
ဒီနေရာလေးက ကျနော့ရဲ့ကိုယ်ပိုင် ကမ္ဘာလေးပါ။လမ်းကြုံလို့ပဲးဖြစ်ဖြစ် မတော်တဆပဲးဖြစ်ဖြစ် ရောက်လာသူတိုင်းကိုကျေးဇူးတင်ပါတယ်။မင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေလို့ ဆုတောင်းပေးပါတယ်။
Wednesday, May 17, 2017
နွယ်ဆိုတဲ့ကောင်မလေးရေ
ခိုင်နွယ်ဦး ဆိုတဲ့ကောင်မလေးရေ ငါချစ်တာနင်သိစေချင်လိုက်တာ
♡♡ ညအခါ လသာသာ ♡♡
ကောင်းကင်က စန္ဒာ
ငွေရောင်ဖြာ အဆင်း။
ကြယ်ဖြူတွေ ဘေးမှာလိုက်လို့
တိမ်မိုက်တွေ ကင်း ။
ဝေ့ကာ ဝိုက်ကာနှင့်
ပင်ပျိုမှာ နွဲ့ယိမ်းအောင်
တိမ်းတဲ့ လေညင်း ။
ခတ်ပျော့ပျော့ပေမဲ့
သော့သော့သာ ဆော့ကစားပါလို့
မော်ကြွားလေခြင်း။
လမင်းက ကျီစယ်နေ
လေညင်းက ခနဲ့ ။
အို…ချစ်သူ နွယ်ရေ
တွယ်တာသူ မောင်တယောက်မှာဖြင့်
အရောက်သာ အလျင်ပြေးပါလို့
ထွေး ပွေ့ချင်ရဲ့ ။ ။
ဉာဏ်မိုး
ယောကျာ်းဘဝဆုတောင်း
ယောက်ျားဘဝဆုတောင်း ...!
ဗဟုသုတ, လူမှု့ဘဝ
(မိန်းမတို့အား သီးခြားဆင်းရဲ ငါးမျိုး။)
၁။ မိန်းမတို့မည်သည် စည်းစိမ်ချမ်းသာ မည်မျှပင် ချမ်းသာကြွယ်ဝသည်
ဖြစ်စေ၊ ချစ်ခင်လှသော မိဘဆွေမျိုးတို့နှင့် ကွေကွင်းးခွဲခွာ၍ လင်၏အိမ်
သို့ လိုက်ရခြင်းသည်၊ ယောက်ျားတို့နှင့် လုံးဝမသက်ဆိုင်။ မိန်းမတို့အား
သာ သီးခြားဖြစ်သော ဆင်းရဲတစ်ပါး။
၂။ မိန်းမတို့မည်သည် ချိန်ခါရွယ်သင့်၊ ဥတုပန်းပွင့်ရခြင်းသည် ယောက်ျား
တို့နှင့် မသက်ဆိုင်။ မိန်းမတို့အားသာ သီးခြားဖြစ်သော ဆင်းရဲတစ်ပါး။
[မှတ်ချက်။ ။ လောကီဗေဒင်ကျမ်းတို့၌ ၁၂-နှစ်အရွယ် ရောက်လျှင် ဥတု
ပန်းပွင့်နိုင်ပြီဟု ဆို၏။]
၃။ မိန်းမတို့မည်သည်၊ ပဋိသန္ဓေကိုယ်ဝန်ကို လေးလံပင်ပန်းစွာ၊ ရ- လ၊
၁၀- လ၊ လွယ်ပိုက်ရခြင်းသည်လည်း၊ ယောက်ျားများနှင့် မသက်ဆိုင်။
မိန်းမတို့အားသာ သီးခြားဖြစ်သော ဆင်းရဲတစ်ပါး။
၎။ မိန်းမတို့မည်သည်၊ လင်စိတ် သားစိတ် ကုန်လောက်အောင် မိန်းမော
တွေဝေ သေလုနီးပါး သားဖွားရခြင်းသည်လည်း ယောက်ျားများနှင့် မ
သက်ဆိုင်။ မိန်းမတို့အားသာ သီးခြားဖြစ်သော ဆင်းရဲတစ်ပါး။
၅။ မိန်းမတို့မည်သည်၊ စကြာဝတေးမင်းကြီး၏ မိဖုရားပင် ဖြစ်စေကာမူ၊
ယောက်ျားတို့၏ ခြေရင်း အလုပ်အကျွေးသာ ဖြစ်ရခြင်းသည်လည်း
ယောက်ျားများနှင့် လုံးဝ မသက်ဆိုင်။ မိန်းမတို့အားသာ သီးခြားဖြစ်သော
ဆင်းရဲတစ်ပါး။
[ မှတ်ချက်။ ။ ဤဆင်းရဲငါးမျိုးသည်ကား။ ယောက်ျားတို့နှင့် လုံးဝမသက်
ဆိုင်။ မိန်းမတို့နှင့်သာ။ တိုက်ရိုက် သီးခြား ခံစားရသော (အာဝေနိက ဒုက္ခ)
ဆင်းရဲငါးမျိုး ဟု၊ သဠာယတန၊ မာတုဂါမ သံယုတ် ပါဠိတော်၌ ဟောတော်
မူသည်။
☆ ၎င်းပြင်၊ ဘုရားပစ္စေကဗုဒ္ဓါ စသည်တို့၏ အဖြစ်မျိုးကို တိုက်ရိုက်မတောင်း
ဆိုနိုင်ခြင်း။ ယောက်ျားများကဲ့သို့ ဖန်ရေစွန်းသော ဝတ်သင်္ကန်းနှင့် ယခု
အခါ ရဟန်းမိန်းမ မဖြစ်နိုင်ခြင်း။ ဤသို့ စသည်ဖြင့်၊ မိန်းမတို့၏ဘဝ အဖြစ်
မျိုးသည်၊ နေရာတကာတိုင်း လိုလို၊ အောက်တန်းကျနေ၍၊ ယောက်ျားဘဝ
အဖြစ်မျိုးကို၊ တောင်းလိုလျှင်လည်း တောင်းသင့်ကြောင်း။။
▬▬▬▬▬▬▬▬▬▬▬▬▬
#ယောက်ျားဘဝဆုတောင်း ၂ မျိုး
▬▬▬▬▬▬▬▬▬▬▬▬▬
☆ ယောက်ျားအဖြစ်ကို အလိုရှိသော မိန်းမတို့သည်၊ ဒါန စသော ကုသိုလ်
ကောင်းမှုစုတို့ကို ပြု၍၊ မိန်းမ၏အဖြစ်၌ နှစ်သက် သာယာသော စိတ်ကို
မဖြစ်စေ မူ၍၊ ဝါ၊ မိန်းမအဖြစ်၌ ငြီးငွေ့ စက်ဆုပ်ရွံမုန်း၍၊ ငါ၏ အလှူ
ကောင်းမှုသည် ရှေ့ဘဝ ယောက်ျားအဖြစ်ကို ရခြင်း ဖြစ်စေသောဟု၊ ဆု
တောင်း၍ သေသွားလျှင်၊ မုချယောက်ျားအဖြစ်ကို ရလေ၏ ဟု မှတ်လေ။
☆ ကျန်တစ်နည်းမှာ၊ မိမိကာမပိုင် လင်ယောက်ျားကို အိမ်ဦးနတ်ကဲ့သို့ အရို
အသေကျင့်လျှင်လည်း ယောက်ျားအဖြစ်ကို ရနိုင်“ဟု (ဓမ္မပဒအဋ္ဌကထာ)
သောရေယျဝတ္ထု၌ လာ၏။
▬▬▬▬▬▬▬▬▬▬
#ပါဠိနှင့်တောင်းလိုလျှင်
▬▬▬▬▬▬▬▬▬▬
ဣဒံ မေပုညံ ပုရိသတ္တဘာဝံ ပဋိလဘာယ သံဝတ္တတု။
မေ၊ ငါ၏။ ဣဒံ ပုညံ၊ ဤ ယခုပြုရ မြတ်ပုညသည်။ ပုရိသတ္တဘာဝံ၊ မြင့်
မြတ်လှသော ယောက်ျားအဖြစ်ကို၊ ပဋိလဘာယ၊ ရရှိစေခြင်းငှာ။ သံဝတ္တ
တု၊ မုချမသွေ ဖြစ်ပါစေသတည်း။
[မှတ်ချက်။ ။ မြင့်မြတ်လှသော ယောက်ျားးအဖြစ် ဆိုသည်မှာ အိမ်ထောင်
ရေး၊ လောကီစီးပွားရေးမျှလောက်သာ သိသော သာမန်ယောက်ျား အဖြစ်
မျိုးကိုမဆို၊ မရောင်းဝယ်အပ်သော ကုန်ငါးပါးတို့ကို ပယ်၍၊ မိစ္ဆာဇီဝမှုမှ
လုံးဝလွတ်ကင်းစေ၍။ တရားသဖြင့်သာ၊ အသက်မွေးပြီး။ ပေးလှူအပ်သော
ဒါန၊ စောင့်သုံးအပ်သော သီလ လက်ကိုင်ရှိသဖြင့်၊ ရုပ် နာမ် ဓမ္မ သဘာဝ
တို့ကို နေရာတကျသိ၍။ သံသရာဝဋ်မှ ထွက်မြောက်ကြောင်း ကောင်း
သောအလုပ်နှင့် ဆုကြီးပန်သူတို့သာ မြင့်မြတ်သော ယောက်ျားအဖြစ်ဆို
သည်မှတ်။
အထူးသတိပြုရန်မှာ-
▬▬▬▬▬▬▬▬▬▬
ဣတ္တိဘာဝေန ဆန္ဒံဝိရာဇေတွာ။
☆ မိန်းမအဖြစ်၌၊ နှစ်သက်ခြင်းကို ကင်းစေရမည် ဆိုသောကြောင့် မိမိ၏
မိန်းမအဖြစ်ကို နှစ်သက်သာယာ စုံမက်မြတ်နိုး၍ နေပါလျှင် ယောက်ျား
အဖြစ်ကို ဆုတောင်း၍ ရနိုင်မည် မဟုတ်သည်ကိုလည်း သတိပြုစေရမည်။
¤ ခန္တီးဆရာတော်ဘုရားကြီး ¤
Buddhavasa Tiloka
______________________________________________________
အမျိုးသမီးများ ယောကျာ်းဘ၀ရချင်လျှင်
မိန်းမဘဝကနေ ယောကျာ်းဘဝဖြစ်ချင်ရင် -
(၁) မိန်းမဘဝကို စက်ဆုပ်ရမယ်။
(၂)ဥပုဒ်သီလစောင့်ထိန်းရမယ်။
(၃) ကာမေသုမိစ္ဆာစာရမှ ရှောင်ကြဉ်ရမယ်။
(၄)ယောကျာ်းဖြစ်လိုတဲ့ ဆန္ဒအားကြီးရမယ်။
(၅)ကုသိုလ်ပြုတဲ့အခါတိုင်း ယောင်္ကျားအဖြစ်ကို ဆုတောင်းပြီး ကုသိုလ်ပြုရမယ်။
(၆)လင်သားကို နတ်ကဲ့သို့ ရိုရိုသေသေ ပြုစုလုပ်ကျွေးရမယ်။
ဒီနေရာမှာ ခြွင်းချက်အနေနဲ့ လင်ယောက်ျားမရှိသူများဟာ အခြား
အချက်များကို ပြည့်စုံအောင် ဖြည့်ကျင့်ပြီး ယောကျာ်းဆုပန်နိုင်ပါတယ်။
မိန်းမများ မရနိုင်တဲ့ အခွင့်အရေး ( ၅) ချက်
(၁) မိန်းမသည် ဘုရားမဖြစ်နိုင်
(၂) စကြဝတေးမင်း မဖြစ်နိုင်
(၃) သိကြာမင်း မဖြစ်နိုင်
(၄)မာရ်နတ်မင်း မဖြစ်နိုင်
(၅)မဟာဗြဟ္မာမင်း မဖြစ်နိုင်။
အဂုင်္တ္တရ် ဧကကနိပါတ် ဒုတိယဝဂ် နဲ့ မဟာအဌကထာ ဂေါပကဝတ္ထုမှာ ဟောထားတယ်။
ဒါတွေအတိုင်းဆို မိန်းမများ ဘုရားဆုပန်လို့မရဘူးပေါ့။
ဒါပေမဲ့ယခုမျက်မှောက် မိန်းမဘဝမှာမရပေမဲ့ နောက်ဘဝမှာ ယောကျာ်းဖြစ်ရင်တော့ ဘုရားဆုပန်ဖို့ အခွင့်အရေးရနိုင်ပါတယ်။
ဒါကြောင့်အနာဂတ်ဘဝကိုမျှော်လင့်ပြီးဆုပန်မယ် ဆိုရင်တော့ ဆုပန်လို့ရပါတယ်။
ဂေါတမမြတ်စွာဘုရားရှင်တောင် မိန်းမဘဝနဲ့ ဘုရားဆုပန်ခဲ့ပါသေးတယ်။ သောတတ္တကီကျမ်း နိဒါန်းမှာပါတယ်။
ဂေါတမဘုရားအလောင်းဟာ ရှေးရှေးဘဝက ကျူးလွန်ခဲ့ဖူးတဲ့ အပရာပရိယဝေဒနိယကံ (မျက်မှောက်ဘဝနှင့် အခြားမဲ့ဘဝမှ တစ်ပါးသောဘဝ၌ အကျိုးပေးသောကံ)ကြောင့် နတ်ပြည်ကနေစုတေပြီး ပေါရာဏဒီပင်္ကရာဘုရားနဲ့ အဖေတူ အမေကွဲ မင်းသမီး
ဖြစ်လာရတယ်။
ဒီနေရာမှာ ပေါရာဏဒီပင်္ကရာဘုရားဆိုတာ ဂေါတမဘုရားအလောင်း သုမေဓာရှင်ရသေ့ နိယတဗျာဓိတ်ခံယူတဲ့ ဒီပင်္ကရာဘုရားရဲ့ အရင် ကပ်ကမ္ဘာ အသင်္ချေပွင့်တဲ့ ဒီပင်္ကရာဘုရားဖြစ်ပါတယ်။ ဒါကြောင့် ဒီပင်္ကရာချင်းတူနေလို့ ကပ်ကမ္ဘာ အသင်္ချေပွင့်တဲ့ ဒီပင်္ကရာဘုရားကို ပေါရာဏဒီပင်္ကရာဘုရား၊ သုမေဓုရှင်ရသေ့ နိယတဗျာဓိတ်ခံယူတဲ့ ဒီပင်္ကရာကိုတော့ပစ္ဆိမဒီပင်္ကရာ
ဘုရားလို့ဆိုတယ်။
ပေါရာဏဒီပင်္ကရာဘုရားလက်ထက်မှာ ပစ္ဆိမဒီပင်္ကရာဘုရားအလောင်းဟာ ပုဏ္ဏားမျိုးမှာဖြစ်ပြီး ပေါရာဏဒီပင်္ကရာဟောတဲ့ တရားကိုနာကြားပြီး ရဟန်းဝတ်တယ်။ မကြာမီ အဘိညာဉ်ငါးပါး သမာပတ်ရှစ်ပါးကိုရရှိပြီး ဘုရားအဖြစ်ကို အားကျလို့ ဘုရားဆုပန်မယ်ဆိုပြီး သပိတ်ပိုက်ပြီး တစ်မြို့လုံးဆီအလှူခံတယ်။ အဲဒီရတဲ့ဆီတွေနဲ့ တစ်ညလုံး ဘုရားရှင်ကို ဆီမီးပူဇော်ပြီး ဘုရားဆုပန်တဲ့အခါ ဘုရားလောင်းအင်္ဂါရှစ်ပါးနဲ့ ပြည့်စုံနေလို့ ပေါရာဏဒီပင်္ကရာ ဘုရားရှင်ဆီကနေ နိယတဗျာဒိတ် ရခဲ့တယ်။
ဒီနေရာမှာ ဘုရားလောင်းအင်္ဂါ (၈) ပါးက-
(၁) လူသားဖြစ်ခြင်း
(၂) ယောက်ျားဖြစ်ခြင်း
(၃) ထိုပစ္စုပ္ပန်အတ္တဘော၌ပင်လျှင် အရဟတ္တဖိုလ်သို့ရောက်ခြင်း၏ အကြောင်းကောင်းမှု ရှိခြင်း
(၄)သက်တော်ထင်ရှားမြတ်စွာဘုရားကို ဖူးတွေ့ရခြင်း
(၅)သာသနာ့ဝန်ထမ်း ရသေ့ရဟန်းဖြစ်ရခြင်း
(၆) အဘိညာဉ် သမာပတ်ကျေးဇူးနှင့် ပြည့်စုံခြင်း
(၇)ဘုရားတို့အား ကိုယ့်အသက်ကို စွန့်ခြင်းဟုဆိုအပ်သော လွန်ကဲသော ကုသိုလ်ရှိခြင်း
(၈)ဘုရားအဖြစ်ကို ပြုတတ်သော အကြောင်းပါရမီတို့ကိုဖြည့်ခြင်း၌ လွန်ကဲသော အလိုဆန္ဒရှိခြင်း - တို့ ဖြစ်ပါတယ်။
ဒါကတော့ ပြည်ဆရာတော်ကြီးရဲ့ နိဿယကိုမှီပြီး မြန်မာပြန်ထားတာပါ။
ပစ္ဆိမဒီပင်္ကရာဘုရားအလောင်းဟာ အဲဒီနေ့ကစပြီး ဆီအမြဲအလှူခံပြီး မီးပူဇော်တယ်။ တစ်ညနေမှာတော့ နန်းတော်ကိုဝင်ပြီး ဆီအလှူခံတဲ့အခါ ပေါရာဏဒီပင်္ကရာဘုရားရဲ့ နှမတော်ဟာ ညနေဆိုတော့ ဆွမ်းအလှူခံတာမဟုတ်မှန်းသိတော့ အလုပ်အကျွေးမိန်းမတစ်ယောက်ကို လွှတ်ပြီး စုံစမ်းခိုင်းတဲ့အခါ အကြောင်းစုံသိပြီး ရဟန်းတော်ကိုပင့်ပြီး ရွှေအဆင်းနဲ့တူတဲ့ မုန်ညင်းဆီလှူတယ်။
ပြီးတော့ ' အရှင်ဘုရား ဤ ကောင်းမှုကြောင့် ဘုရားစင်စစ်ဖြစ်၍ ဤမုန်းညင်းဆီအမည်နဲ့ သိဒ္ဓတ္တ ဆိုတဲ့ အမည်ကို ရပါလို၏။ ဒီအကြောင်းကို မောင်တော် ဘုရားကိုလည်း လျှောက်ထားပေးပါ ' လို့လျှောက်တယ်။ ပစ္ဆိမဒီပင်္ကရာဘုရားအလောင်းလည်း မင်းသမီးလျှောက်တဲ့အတိုင်းလျှောက်တဲ့အခါ ပေါရာဏဒီပင်္ကရာဘုရားက
' ရဟန်း ငါ့ရဲ့ နှမတော်ဟာ ဘုရားလောင်းအင်္ဂါရှစ်ပါးနဲ့ မပြည့်စုံလို့ နိယတဗျာဒိတ် မခံနိုင်ဘူး 'လို့ မိန့်တော်မူတယ်။
နိယတဗျာဒိတ်မရနိုင်ဘူးလို့ ဆိုတော့ ပစ္ဆိမဒီပင်္ကရာဘုရားအလောင်းဟာ ' သူလိုချင်တဲ့ ဘုရားအဖြစ်ကို မရနိုင်တော့ဘူးလား ' လို့ ထပ်လျှောက်တယ်။ အဲဒီတော့ ပေါရာဏဒီပင်္ကရာဘုရားက အနာဂတံသဥာဏ်နဲ့ ကြည့်တယ်။ ဘုရားဖြစ်နိုင်တာကိုမြင်တယ်။ ဒါကြောင့် …
' ရဟန်း ဤကမ္ဘာမှ ၁၆ အသင်္ချေ ကမ္ဘာတစ်သိန်းကျော်လွန်တဲ့အခါ သင်ရဟန်းဟာ ငါကဲ့သို့ ဒီပင်္ကရာအမည်နဲ့ ဘုရားဖြစ်လိမ့်မယ်။ အဲဒီအခါမှာ သင်က ငါရဲ့ နှမတော်ကို နိယတဗျာဒိတ်စကား ပေးနိုင်လိမ့်လို့ ' မျက်ကွယ်ဗျာဒိတ်စကား ပေးတော်မူတယ်။
ဒါတွေအားလုံးကို ခြုံငုံသုံးသပ်ရရင် မိန်းမများဟာ လက်ရှိမိန်းမ
ဘဝနဲ့ ဘုရားဆုမပန်နိုင်သော်လည်း နောင်ဘဝယောကျာ်းဖြစ်ပါ
က အခွင့်အရေးရနိုင်ပါတယ်။
ဖော်ပြပါ အချက်များကို ထောက်ရှုပြီး မိန်းမများလည်း ဘုရားဆုကို
ယောကျာ်းဘဝဖြစ်ခွင့် ရရှိပြီး ဆုထူးပန်နိုင်ကြပါစေ။
ဓမ္မမိတ်ဆွေများ ဗဟုသုတရပါစေခြင်း အကျိုးငှာ ရည်ရွယ်၍ ဆရာတော်ရဝေနွယ် ( အင်းမ ) ၏ ဘဝတိုင်းဆုံတွေ့ချင်ပါသလားမှ ကောက်နုတ်ဖော်ပြထားပါသည်။
Words of Buddha Page https://www.facebook.com/pages/Words-of-Buddha/478034822228446
မှ ကူးယူမျှဝေပါသည်။
Tuesday, May 16, 2017
ဟာသလေးပါ
ကော်ပီ....ပါ
``ဆန်းကြယ်သော တပ်နာမည်တွေ´´
"ဗိုရီး အနော် စစ်ထဲဝင်ချင်ရို့ပါ "
"ဗုဒ္ဓေါ "ဟု ပါးစပ်ကပင်အသံထွက်သွားလေပြီ။
"မထွက်နေရိုးလား လူပုံက ခြေနှစ်ချောင်းက အတွင်းသို့ခွင်နေပြီး လက်က ရှေ့ကိုတစ်ဖက်ကောက်နေကာ နောက်သို့တစ်ဖက်ကောက်နေသကဲ့သို့ နှုတ်ခမ်းတစ်ဖက်က နားရွက်တက်ချိတ်မတတ်ရွဲ့နေသော အနှီလူထူးဆန်းက စစ်ထဲဝင်ချင်သည်ဟု ပြောနေသောအခါ ကဲ မျက်လုံးထဲပေါ်နေလောက်ပါပြီ။ ဟောဗျာ မျက်မှန်ချွတ်လိုက်တော့ မျက်လုံးက Sun ☀ Stone Eye , ရှေ့သွားလေးချောင်း အပြင်ထွက်နေရုံလေးထွက်နေကာ ခန္ဓာကိုယ်က ဗေလုဝ၏တစ်ဝက်စာပင်မရှိ။ အရပ်ကတော့ မဆိုးရှာပါဘူး ချစ်စရာထက် နှစ်လက်မခန့်ပိုရှည်မည်ဟု ထင်ရသည်။ ကဲ အာ့လို လူထူးဆန်းက စစ်ထဲဝင်မည်တဲ့ ရည်ရွယ်ချက်ကိုလေးစား၍ လူကိုအသာထား ထုံးစံအတိုင်း မေးရမြန်းရပေဦးမည်။
"အေး မင်းက တကယ်စစ်ထဲဝင်မှာလား "
"ဟုကဲ့ ဗိုရီး အနော် ဒ ဒ ဒ ဒ ဂယ် ဝင်မှာပါ "
"အေး ကောင်းပြီ မင်းနာမည် ဘယ်လိုခေါ်လဲ "
"အ အ အ နော့် နံ နံ နံ နံမယ်က နေ ရွှေ သွေး တွတ်"
ငင့် လူကသာ ပုံမလာတာ နာမည်က
နေရွှေသွေးတွတ် တဲ့ ထားပါလေ
"မင်းက ဘာဖြစ်လို့ စစ်ထဲဝင်ချင်ရတာလဲကွ "
""ဟို ဟိုဟိုဟို မင်းသား ဝေယုကြော်ဂို အား ကျရို့"
"ဟုတ်ပါပြီ မင်းက ဘယ်တပ်ထဲဝင်ချင်တာလဲကွ"
"ဟိုဂျာ ကျမူစာ မိုးကြိုးကျစ်တဲ့ တပ် "
"ငင့် ဟျောင့် လာမနောက်နဲ့ ငါ့စစ်သက် ၁၅နှစ်ရှိပြီ မင်းပြောတဲ့ ဆမူစာမိုးကြိုးပစ်တဲ့ တပ် တခါမှမကြားဖူးဘူးကွ "
"ဟာ ဗိုရီးက အတော် ပိန်းတာပဲ "
"ဟျောင့် ငါဒေါသမထွက်ချင်ဘူးနော် ဘာလဲကွ စမူစာမိုးကြိုးပစ်တဲ့ တပ် "
"ဟာဂျာ ဟိုဟို လက်မောင်းမာ ကျမူစာလိုပုံရီးကို အလယ်က မိုးကြိုး ကျစ်နေတဲ့ပုံနဲ့လေဂျာ ဘာယဲ့ သူရို့ အော် အော် နေတာ
ဒါ ဒါဒါ ဒက်ဒက်ဒက်ဒက် ဒါဒါ ကျိုလား ဘာကျိုလား '
"တော် တန် တိတ် မင်းပြောတာ ငါသိပြီ အာ့ ဆက်သွယ်ရေး တပ်ကွ မင်းနှမလင် စမူစာမိုးကြိုးပစ်တဲ့တပ် ဖြစ်မလားကွ"
"တိဝူးလေ သားက တိမှမတိတာ "
"အေး အာ့ဆက်သွယ်ရေးတပ်က မင်း အခုလို စကားထစ်နေတာနဲ့ ဝင်လို့မရဘူးကွ သူတို့က စကားဝှက်တွေနဲ့ ပြောလို့ရှိရင် မင်း တစ်လုံးမှားတာနဲ့ အကုန်နားကားမှာကွ "
"ဟာဂျာ ကြီးကျယ် ယိုက်တာ အာ့ကျို မဝင်ဘူးဂျာ ဟို တပ် ဟိုတပ် ထဲ ဝင်မယ် "
"ဘယ် တပ် လဲကွ"
"မွေနှကောင် တိုင်ပတ်နေတဲ့ တပ် "
"ဟျောင့် မင်း များနေပြီနော် ဘာမြွေနှစ်ကောင်တိုင်ပတ်နေတဲ့တပ်လဲကွ အဲဒါ ဆေးတပ်ကွ ဆေးတပ် ဆေးတပ်လဲ မင်းဝင်လို့မရဘ ဆေးတပ်ဝင်ချင်ရင် မင်း ပညာတတ်မှရမယ် အနိမ့်ဆုံး အလယ်တန်းအောင်ရမယ် မင်းက ဘယ်နှစ်တန်းအောင်လဲ"
"ဟာဂျာ ကြီးကျယ်လိုက်တာ ယေးတန်းအောင်ရင်တောင် ယွှတ်တော်အမတ်လုပ်နေတာကို "
"ဟျောင့် အာ့တွေမပြောနဲ့ မင်းအသက်က ဘယ်လောက်လဲကွ"
"အမေကကြောတာတော့ အနော်က အနော့် ညီမလေးထက် လေးနှစ်ကြီး တယ် တဲ့ "
"အေး ဟုတ်ပြီ ဒါဆို မင်းညီမလေးက ဘယ်နှစ်နှစ်လဲ"
"အင်း ညီမလေးက ဝါဆို လပြည့်နေ့မှာ မွေးတာတဲ့"
"အေးလို့ ငါစိတ်ရှည်တယ်နော် ဝါဆိုလပြည့်ကိုအသာထား ဘယ်နှစ်ခုနှစ်လဲ ဆိုတာပြော "
"အာ့ အာ့ အာ့ အိမ်က နမကြီး ပျောက်သွားတဲ့နှစ်လို့ ကြောတာပဲ အမေက "
"ဟျောင့် နေရွှေသွေးတွတ် "
"ရှိ ဗိုရီး "
"တိန် "
"ဟျောင့် မင်း ကို နာမည်ခေါ်နေတာမဟုတ်ဘူးကွ"
"ဟ ဗိုရီးက ဗြောင် လိမ်တယ် အနော့် နံမယ် ခေါ်ပြီးတော့ အနော့်ကို မခေါ်ဘူးတဲ့ အဟင့် အဟင့် ဗိုရီးကို အဘ နဲ့တိုင်မယ်''
''ဟာာာ ကောင်လေး မလုပ်ရဘူးလေ စိတ်လျှော့ပါငါ့တူရ မင်းကို အူးလေးက ချစ်လို့နောက်တာပါ အဘနဲ့တော့ မတိုင်ရဘူးလေ"
"ဒါနဲ့မင်းအဘက ဘယ်သူတုန်းကွ"
"ဟာ ဗိုရီးကယဲ ငါယိုးကျနာပဲ အဘ ပါဆိုမှ အနော့် အမေရဲ့ အမေရဲ့ယောက်ကျား အနော့် အဘ ပေါ့"
"ဂါးးးးးး မေလူးလေး ငါ့ကိုဆဲတယ် ပြီးတော့ သောက်ခွက်လာပြောင်နေတယ် "
"မင်းကို အပြတ်ပြောလိုက်မယ် မင်း စစ်တပ်ထဲ ဝင်လို့ မရဘူး အဲ့တော့ မင်း အိမ်ကိုပြန်ပါ ဒါပဲ '
"ဟာ ဗိုရီးက သောက်ဂျကား အရမ်းများနာပဲ ငါယိုးကျနာပဲ အကျဂဒဲက ဝင်ယို့မရဘူးကြောပါယား အထုတော့ အနော့် အချိန်တွေ အလဂါး ဖစ်ကုန်ဘီ"
"ဟျောင့် မေလူးလေး မင်းများနေဘီ ဒိုးလိုက်တော့"
"ဒိုးမယ် ဒိုးမယ် ဗိုရီးတို့တပ်ထဲ တသက်လုံးဝင်ဘူး ဟိုတပ်ပဲ သွားဝင်ဒေါ့မယ် '
'ဟာ ဘယ်တပ်လဲကွ "
" ဒီ အက်စ် အေ "
"တိန် "'""
ြံပုံးမိရင် upကွာ
#Cd မူရင်းပိုင်ရှင်သို့
အမေကဗျာများစုစည်းမှု (ရေးသူ နန်းဧကရီ)
ကမ္ဘာ့ အမေများနေ့. အမှတ်တရ အမေကဗျာ စုစည်းမှု
( 17.) ပုဒ်
အမေအားလုံး၏ သတ္တိ ""
------------------------------------- ( အရိုးခံတေးထပ် ) ( 1.)
အမေဟာ မြေမာလမ်း
စေရာလှမ်း ပိုးချီ
ဖွေရှာမှန်း မညှိုးသည်ကွယ်
မရိုးပြီ နေမြဲ။
ရှုံးအမြတ် သုံးသပ်ဖယ်ကာ
မှုန်းအပ်ချယ် မေတ္တာရင်ထဲ၊၊
ထမင်းအိုး ဟင်းဖိုးဖွေတယ်
အရင်းပျိုးလေ ခက်ခဲ ။
အဆင်းမညှိုးပေ အသက်ပဲမို့
မပျက်စွဲ မွေးမြူ။
ဆန်အလာ ပြန်ကာမတွေး
ဖန်ရှာကျွေး အေးချမ်းကြည်ဖြူ။
အစစ်အေး ရစ်ထွေးသူပါ
ချစ်ရေးတူ အသည်းကြားမှ
မခွဲခြား သားသမီးဆို
ပွားအစီးလို ။
သွားမညည်း ရှားမီးဖြိုမယ်
မခါးသီးချို ရင်သွေးတွက်လေး။ ။
နန်းဧ ကရီ
///////////////
အေးရိပ် အလွမ်း ""
-------------------------- ( အရိုးခံ တေးထပ် ) ( 2 .)
ကိုယ်ဖြစ်လာ သောကမီး
တောထပြီး နေတာ
ပြောပြညည်း ဖြေစရာကွယ်
ရွှေပမာ ရှားဆဲ။
ငယ်တုန်းက ကွန်းခိုဝင်ရန်
ရွှန်းချိုလွင် အမေ့ရင်ထဲ။
လုံခြုံလွန်း အေးရိပ်သာမှာ
ချွေးသိပ်ကာ နေမြဲ ။
ဘေးထိတ်လာ အဆွေနည်းတော့
အမေပဲ မြင်ယောင်။
သောကဝင် လမ်းတွေကြမ်းတော့
မှန်းလေလွမ်း မျက်ရည်ဖြာအောင်။
တမ်းတမိ မမေ့ပေါင်နော်
မတွေ့တောင် ဆွေးမပြတ်ပေါ့
အနွေးဓာတ် ခြုံလွှမ်းရာ
ဘုံစခန်းသာ။
သောကဖွဲ့ လောကီမှာလေ
ကျောမှီစရာ ရှားလွန်းတယ်လေး။ ။
မောပန်းလို့ လမ်းပျောက်ခါတွင်
မှန်းရောက်တာ အမေ့ဆီလေး။ ။
ိနန်းဧကရီ
///////////
အတိတ်ခရီး
------------------ ( လေးချိုး )
အသက်ပင် ထွားကျိုင်းခဲ့ပေမယ့်
စိတ်လှိုင်းတဲ့ နောက်ပြန်စေ
အမေအပြန် ခြံပေါက်ငေးပါလို့
ပြေးကြိုကြ အမေလာ။
အချိန်မှန် လည်ပတ်မြဲ
စက္ကန့်ဆွဲ ယီးလေးခို
သက်တမ်းအို တစ်စတစ်စရယ်နဲ့
ဘဝဘဝ အချိန်ကုန်
ခိုလှုံသူ ဘဝလွန်မြောက်ပါလို့
ပြန်ထောက်မ အလှည့်ပင်
မနွဲ့ချင် ဝတ္တရားတွေက
များမြောင်လှတာ။
အပိုဆိုသည် ရှိမနေသော
အလိုမဖြိုပြီ ကိလေတောမှာဖြင့်
လောဘနောက် ကောက်ကောက်ပါ
အောက်ကျမှာ စိုးရိမ်မြဲ။
မတွယ်မငင်
ငယ်ရွယ်စဉ် ကလေးအဖြစ် ကိုတော့
တွေးစစ်ကြည့် ပျော်ရွှင်ဖွယ်
ပျော်ပါးမယ် ငြူစူကင်းပါလို့
မော်ကြွားတယ် လူလူချင်းတွေလဲ
အလျဉ်းမရှိ စင်ကြယ်ဖြူ
မာန်မထူ စိတ်ဖွေးဘဝကိုဖြင့်
ပြန်တစ်မူ အတိတ်တွေးရ ပါလို့
လွမ်းတတတ်ဆဲ။ ။ ။။
နန်းဧ ကရီ
//////////
""မြင်းမိုရ်တောင်သို့ မော်ကြည့်ခြင်း ""
----------------------------------------------- ( လေးဆစ်) ( 4.)
#အငတ်ခံ အော့အန်ကျွေးပါလို့
မွေးဖို့ဖြင့် ကိုယ်ဝန်ဆောင်။
ပဋိသန္ဓေ နေ့ရက်များမှာဖြင့်
ပူစပ်ခါးရှောင်။
ကျေးဇူးက မြင်းမိုရ်တောင်
ကြေအောင်ဖြင့် ဆပ်နိုင်ဘူး။
( အို … သို့ပေတဲ့)
မကြေလည်းနေ
နေဆဲမလေ မိ နဲ့ ဘ ကိုဖြင့်
သိငဲ့မှ လူပီပြင်
စွမ်းနိုင်လျှင် ကောင်းစွာဆပ်ပါက
မြတ်ကုသိုလ်ထူး။ ။
#အားမာန်ဝေ ကြည်မြဖူးပါလို့.
သားသန္ဓေ တည်စဦးမှာဖြင့်
ဖေမြူးလို့ ပျော်ပြီ။
ရင်သွေးငယ် မမြင်သေးပေမယ့် 
ထင်ရေးကြွယ် ရင်အေးပါလို့
အမည်ပေးသည်။
ကျောပိုးချီ
တောတိုးမည် မကြောက်သေး။
ရင်သွေးသာ
အစဉ်ပေးကာ မေတ္တာစမ်းတွေနဲ့
မညှိုးနွမ်း မညည်းညူ
တစ်ပါးသူ ဘယ်လိုမုန်းပေမယ့်
ပြုံးချစ်မြဲ ကျေးဇူးကို
စွမ်းသလို ခါမနှောင်း မှာဖြင့်
ပမ်းမဆို တစ်ဖြာကောင်းအောင်တော့
( သမီးလေ…„)
ပြန်ပြောင်းဆပ်တွေး။
( လေးချိုး )
နန်းဧ ကရီ
///////
" အမေ့ ဂုဏ်ရည် "
-------------------------( ကာလပေါ်စာထောင့်လေးချိုးကြီး ) ( 5.)
အမေ့ဂုဏ်အင် ဋီကာတကယ်ပြုလျှင်ဖြင့်
မစေ့စုံလင် ညီစွာအလွယ်တုရန်ပ
တနေ့ကုန်လျှင် သီကာအမယ်စုသော်လည်း
ပီစွာကြွယ်မှု ဖြင့် အမှန်မလွယ်။
ဝမ်းသော်တာ စန္ဒာထက်လင်းပါလို့
လွှမ်းကျော်စွာ အပြန်တစ်ရာအသက်ရင်းကာဖြင့်
ပန်းသော်မခွါ မှန်စွာဆက်နှင်းကာပ
ရင်တွင်းအနှစ်ကိုတဲ့ သန္ဓေဆောင်ကာ
အသေနောင်ခါ ဘယ်မတွက်နိုင်ဘု
အနေမချောင်ကြာ တကယ်ခက်ပါလို့
ဝမ်းထက်ရှိတဲ့ သွေးဥဆိုင်ကို
မွေးလုတိုင်ကွယ် အမေချင့်ငဲ့စားပါလို့
တွေးရှုကိုင်တွယ် အနေသင့်ရဲ့လားရယ်ပ
များမြောင်လှ ဆင်ချင်စရာတွေ
( တကယ်ပါလေ…)
ရင်ခွင်လွှာ အပြုံးပန်းပန်သကာဖြင့်
ပြင်ဆင်ရှာ နှလုံးမနွမ်းဟန်စတွေနဲ့
( အို… အမေတို့လေ.)
မာန်ခ ရှာတယ်။
သေခြင်းမမြင်
နေရင်းပင် အချိန်တော်သာများပြန်တော့
သေမင်းလျှင် စိန်ခေါ်ကာထားပါရဲ့
တောက်ကြွားပါတဲ့ နှလုံးသားထုထည်
နှုန်းထားပြုဖွယ် မမြင်နိုင်ဘူး
(အမေတို့ကလေ… )
အပြုံးများနုနယ် ရင်အဆိုင်ဦး။
သွေးနို့အကြည်
ဖွေးဖို့အတည် မေတ္တာဓါတ်များတွေနဲ့
ကျွေးသို့ရည် ရစ်ကာပတ်ထားလေတော့
များပြားလှတဲ့ အဟာရကစီကိုကွယ်
သာစွကြည် အမေတို့တိုက်ပြန်တော့
ဖြာလှပြီ မသွေ စို့ကြိုက်ကာဖြင့်
လောက၌ လူ့အဖြစ်မသွေပါ
ပြုသစ်စေကာ အညစ်ကြေးကင်းအောင်ဖြင့်
နုမြစ် အနေမှာ ရစ်ထွေးရှင်းပါလို့
( အို… တကယ် …)
စားကောင်းခြင်းဖြင့် မစားရရှာသူ
များလူတွေ စက်ပျော်သန်းခေါင်ရိပ်သော်လည်း
အနားမယူပေ လက်ပေါ်အမောင်အိပ်အောင်ဖြင့်
ချော့သိပ်ပါလို့. စိတ်လက်ရှည်အစဉ်
နှိပ်စက်သလေထင် ဘယ်မရှိပါပဲ
တကယ်အတိ များမေတ္တာတွေရယ်
သားချစ်မှာလေ ဘယ်လိုပေးဆပ်ပါလို့
ပွားနှစ်အကြာပေ တကယ်ကိုထွေးအပ်ပါတဲ့
( အမေ့တို့ မေတ္တာကလေ …)
အလေးထပ်မရစွာကွဲ့ စံပြပုံရေး အထူး
မွှေးမြတ်လှပါတဲ့ အနန္တ ဂုဏ်ကျေးဇူး။ ။
နန်းဧ ကရီ
//////
""အတွေး လည်ပြန် ""
-----------------------------------( လေးချိုး) ( 6.)
ညမှောင်ရီ ဟိုတရိုးမှာဖြင့်
လရောင်ခြည် ခိုကိုးပါလို့
ကြယ်အုပ်မိုးတဲ့ ဝဠာတစ်ခွင်
ဖြာကြယ်စင် ငါ့အတွက်သာဖြင့်
လင်းလက်နေမလား တမင်
ဆင်းသက်ကြွေမလား အထင်။
ထင်အတွေးကွယ် မျှော်ထောက်လေတော့
မြင်ရေးဘယ် မပေါ်ပေါက်လေဘု
မိုးအောက်အနှံ့ လိုက်ရှာမည်
မိုက်ပါသည် ငယ်အတွေးပေမို့
ဘေး,လည်း မမြင်။
အသက်ရလာပြီ
မနက်ညစာဆီ စိတ်ရောက်ပါလို့
မိုးအောက်မှာဖြင့် နေလျက်ပင်
မရေတွက်ချင် ကြယ်မှုန်များ။
စားဝတ်နေ
များမချွတ်စေ ထမ်းဆောင်ရပါလို့
ညရဲ့လ ဘယ်အနေ
ဆန်းသလေ ဆုတ်မလဲတွေထက်
လုပ်မြဲလုပ်လျက် ကိုယ့်ဝမ်းစာ
မမှန်းသာ ကြယ်တစ်ပွင့်ရယ်နဲ့
လွမ်းစရာ ငယ်အခွင့်ကိုတော့
တွေးချင့်နေသား။ ။
နန်းဧ ကရီ
///////////
"""အဝေးရောက် အလွမ်းမီး "" ( 7 )
___________________________ ( လင်္ကာလေးချိုး )
ကျွမ်းလို့သာ မြိုက်တော့တယ်
အမိုက်ပင် ရင်မှာပျိုးပါလို့
ခိုကိုးရိပ်အေး ၊ ဝေးထွက်ဖယ်။
မြို့ပြ ရဲ့လမ်းပေါ် ၊ မှန်းမျှော်ဝမ်းရေး
အလွမ်းအဆွေးတို့ ဖယ်ခွာ
မလွယ်ပါ ဘဝကြောင်းရယ်နဲ့
တိတ်ဟောင်းတဖန် ၊ မြင်မိပြန်သော်
ဝေးလံဒေသ ၊ရောက်နေရပြီမို့
သတိရလျှင် ၊ဘဝင်မချိလေလို့
ငိုမိပါတယ်။
တမင်တစ်ကာ
အကြင်နာ ဘယ်မထားပါလို့
စိမ်းကားပြင်ပြင် ၊ ရပ်ဝန်းကျင်တွင်
မရွှင် စိတ်လက် ၊အမြှီးကျက်စား
ဘက်သားမရှောင်၊ ဓလေ့ဘောင်မှာ
ချုပ်နှောင်ကာ ပင်ပန်းကြီးပါလို့
သီးပွင့် နိုး မျှော်ကာကွယ်
တော်ရာမယ် နေ့တိုင်းလွမ်း။
မဆိုးမိုက်ပါပြီ
ဒီတစ်ခါ အိမ်ပြန်ရောက်လျှင်ကွယ့်
ဖေးထောက်ကူမ၊ အိမ်ကစေရာတွင်
နေကာပင်လျှင်၊ အမေ့ရင်အရိပ်မှာပေါ့
မှေးအိပ်လို့ဖြင့်၊ ချွေးသိပ်တင့်ချင်သည်
ပြန်ခွင့်အကြုံ ၊ဘယ်ပုံဘယ်ရက်ရယ်လို့
မျှော်လျှက်နေကာ ၊နေတိုင်းသာပင်
အိမ်မှာဘယ်သို့ ၊ နေလို့ပျော်ကြောင်းကိုတော့
ပြန်ပြောင်းတွေးမြင်၊ အမိရင်ကိုကွယ်
ခိုဝင်ချင်စိတ် ယိုဖိတ်လို့သာ
ဖွေရှာနေ ဘဝခရီးမှာဖြင့်
( အမိုက်မ မှာလေ)
ပူမီးနဲ့ မှန်း။ ။
နန်းဧ ကရီ
////////////////
အမေ့သား ကျောင်းပြေး ( 8 .)
-------------------------------
အဖေမျက်ကွယ်ပြုလေတော့
အမေအသက်အရွယ်နုပါလို့
အဖေအတုရလာတယ် ။
ပွန်းပဲ့နေ နှလုံးသားမှာဖြင့်
နွမ်းယဲ့ကြေ အမုန်းခါးတွေနဲ့
စမ်းမဲ့လေ မပြုံးအားနိုင်ဘု
သားရင်နင့်ဖွယ်။
ကျောင်းနေဖော် သူငယ်ချင်းတွေက
စောင်းလေခေါ်. တကယ်ရင်းလို့လား
စနောက်တင်း ရှက်စရာ
မျက်နှာညို ခေါင်းငုံ့သျှိုးပါလို့
ကျောင်းမုန့်ဖိုးလေး ဆုပ်ကာကွယ်
ယောင်လယ်လယ် ကျောင်းလစ်မြဲ၊၊
အဖေ့မျက်နှာ ပြေးမြင်လိုက်ပြန်တော့
မမေ့ရက်စရာ အတွေးတွင် ခိုက်ပါရဲ့
သားအမိုက်ကိုတဲ့ တော်စေချင်
ကျောထက်တင် ကျောင်းတော်ပို့ကာပ
ချွေးစို့လို့ဖြင့် မောတယ်မဆို
အဖေ့ကို ချစ်တဲ့သားပေမို့
အမေ့ဆို အပြစ်ဖွဲ့အားလေခဲ့
သားမှားပြီပေါ့ အဖေရေ
ကျောင်းနေတာ သားအတွက်ပေမို့
အမှားမဖက် ခုဆင်ခြင်
အမေ့ရင် တကယ်အေးပါလို့
မမေ့အစဉ် တစ်နယ်အဝေးဆီက
ကျေးဇူးကိုဖြင့် မှန်းမျှော်ကာ
လမ်းပေါ်မှာ အနေမဖြုန်းပါဘု
တမ်းယော်စွာ အဖေပြုံးအောင်ကွဲ့
နှလုံးထက်စွဲ။ ။
နန်းဧ ကရီ
///////////
""နောင်တ မျက်ရည် ""
-------------------------------- ( လေးချိုး ) ( 9.)
ပယ်ထားသူ ရင်သွေးရယ်လို့
အတွေစိတ် အရင်းခံ
စုံကန်ကာ သိုက်မြုံနန်းဆီမှ
ဘုံယံလွှာ အကြိုက်စုန်မြန်းမယ်ဖြင့်
ထွက်လှမ်းမိ တစ်ချီ။
တစိမ်းလူ သာယာစားတွေက
မထိန်းကူ ညှာသနားပါဘု
လူသားစိတ် လုံးလုံးကွယ်တဲ့
အမြစ်တွယ် အမှောင်ဇာတ်မှာဖြင့်
အနစ်လွယ် အရှောင်မတတ်လေလို့
ရစ်ပတ်လှည့် တဝဲလည်လည်
အကြမ်းနယ် ခိုရာမဲ့လေမှ
အလွမ်းကြွယ် ငိုကာနွဲ့လေတဲ့
ပြုံးလဲ့လဲ့ အမေ့ရင်ခွင်ကို
ပြန်မြင်ယောင် ပိုကြေကွဲတာမို့
ငိုပွဲကြုံပြီ ။
မိုက်ဆိုးချင်
အသိုက်ချိုးငင် အဝေးထွက်ကာဖြင့်
အကြိုက်တိုးဝင် အအေးဖျက်ပါတဲ့
လောကထက် ပျော်မွေ့မည်
မေ့နေသည် အပူမီး။
လောကပင်လယ်
သောကအစဉ်ကြွယ် အနေခက်လေမှ
အရှည်မတွက်ခဲ့ ကိုယ့်ဖြစ်အင်
စိတ်အထင် ရေလိုက်လွဲလေတော့
ကြိတ်မရွှင် ငွေတိုက်ပွဲတွေနဲ့
ကြေကွဲခိုက်လည်း မရှောင်သာ
အမှောင်ရွာ နစ်သထက်မွန်းတာမို့
ချစ်မက်လွန်းတဲ့ အမေ့ထံ
ပြန်လာချင် သမီးဆိုးမှာဖြင့်
သံသရာခွင် အပြီးချိုးကာပ
ဇွတ်တိုးထွက် လှမ်းအလာ
အမေဟာ ကြိုနိုင်တော့ လေဘု
နှောင်းခဲ့ပေါ့ အိမ်အပြန်
ဆွေးရန်သာ အကြောင်းရောက် ပါလို့
တွေးဖန်ခါ အကောင်းပျောက်လေတဲ့
( အမေ့သမီးကလေ.)
နောက်ကျသူကြီး။ ။
နန်းဧ ကရီ
////////
//
ပမာနှိုင်း မဲ့ မိခင်
-------------------------- ( 10.) ( ဥဩ သံချိုဆင့် )
အမေ့ဂုဏ်အင် ဋီကာဆင်
စာတင်ရေးမှန် ခက်လှတယ်
ပမာသွင်ပေးရန် ရှက်စွကွယ်။
ပဋိသန္ဓေ တည်ကာနေ
အမေ အနေခက်တာ သိကြကွယ်
အသေ မတွက်ပါ အမိမှရယ်။
နို့ချိုရည်ပေး သားရင်သွေး
ချိုအေးကြင်နာ စဉ်သာရယ်
အိုအေး ယှဉ်ကာ ငြင်သာတယ်။
လမ်းမှန်ရောက်အောင် နည်းပြဆောင်
သားမောင်ကောင်းအောင် ညွှန်ရှာတယ်
မမှားနောင် ခေါင်းဆောင် သွန်ပါတယ် ။
တရားသိစေ မေ့သားရေ
မသွေညွှန်ရှာ တရားတွေကွယ်
အမေသွန်လာ မမှားစေဖွယ် ။
အမေ့မေတ္တာ ပန်းပမာ
လန်းဖြာဝေတယ် နေ့စဉ် ကွယ်
မနွမ်းကာ နေဖွယ် တွေ့မြင်တယ်။
အမေ့ဂုဏ်ထူး ညွှန်းဖော်ကြူး
ရည်စူး စာစီ မကုန်တယ်
မမှီဘူးပမာညီ အစုံကွယ်။
နန်းဧ ကရီ
//////
မေမေ ပြောသော . ဒဿန
------------------------------------ ( 11. )
အမေညွှန်ပြ ၊ဒသနကား
ဘဝများဆက် ၊စားစေလျက်မှ
တသက် မကုန် ၊ဘဝဘုံတွင်
နိမ့်တုံ မြင့်တက် ၊ခံမခက်စေ
ညွှန်ချက် ဖော်ပြ ဒဿန။
လူဆိုးလူမိုက် ၊ပေါင်းအလိုက်သာ
မကြိုက်ပါနှင့် ၊ပမာချင့်သော်
ညှီဖြင့် ထုပ် လာ ၊ဖက်ပမာတည်း။
သူတော်သူမြတ် ပေါင်းဖက်အပ်သည်
စွဲမှတ် ညီစွာ၊မွှေးနံ့ သာကို
ထုပ်ရာဖက် ၌ ၊ရနံ့ လိုက်သို့
ကြုံကြိုက် ညွှန်းလစ်၊ဆုံမသစ်သည်
တို့ ချစ်မေမေ၊ ဒဿနပေ။
သုံးပါး အလှ ၊မြတ်ဓမ္မ နှင့်
သံဃာ့ဆရာ ၊စော ဗုဒ္ဓါပြင်
သက်ဝါကြီးကြ. ၊ အမိဖတို့
ဆုံးမသည် ကို ၊ မှတ်သားထိုထို
ပြောဆိုစကား ၊မရိုင်းငြားက
လူကြားနတ်ထိ ၊ပျံ့စေဘိသည်
သတိထား ကာ ၊နေအပ်စွာ ။
အရာရာတွင် ၊သတိယှဉ်ကာ
သွန်သင် ဆုံးမ ၊လူလုံးလှအောင်
အရဆောင်ယူ ၊ စိတ်ထား ဖြူ၍
နတ်လူ ထက်ဝယ် ၊အသိကြွယ်ရေး
နှောင်တွယ် ရင်သွေး ၊ပညာပေးသည်
ဆိုရေးသင်ပြ ၊တို့ ဗုဒ္ဓ၏
မြတ်စွ မင်္ဂလာ တရားပါ။
မျိုးရိုးစဉ်ဆက် ၊စောင့်ထိန်းလျှက်ဖြင့်
ဆင်းသက်လာလေ ၊လှုမျှဝေ၍
မျိုးဆွေဉာတိ ၊ပြန်လည်ကြည့်ကာ
ပီဘိလူ့ဝတ် ၊သွေ မချွတ်အောင်
တတွတ်တွတ်သာ ၊မြဲကြားနာခဲ့
မွေးမာတာမှ စဉ်ဆုံးမ၏။
လောကီမှုဝယ် ၊နိမ့်မြင့်ရယ်ဟု
ရှိတယ် စွဲမှတ် ၊ မြဲမပြတ်သာ
ထပ်ထပ်ခါခါ ၊ဝမ်းသာဝမ်းနည်း
မှတ်စွဲ မရှိ ၊နေသတိနှင့်
မငြိမကပ် ၊ မမြဲ မှတ်သင့်
ထပ်ထပ် ရှုပွား ၊တရားသဘော
ပြောပြ မိခင် ၊ကျေးဇူးရှင် ၏
သင်ပြပေးလာ ဒဿနပါတည်း။ ။
နန်းဧ ကရီ
///////////
^^^^^^^အိမ်အလွမ်း ^^^^^^^^
--------------------------------------- ( လေးချိုး ) ( 12.)
ဝေးတစ်နယ် ရက်ကြာလွန်း လေတော့
ဆွေးမပြယ် ဆက်ကာတမ်းပါရဲ့
မောင်လွမ်းမိတဲ့ အမေ့ရွာ။
ကြူထရံ ဝါးကပ်ဆွေးပေမယ့်
တူခြံရံ ပါးအပ်ထွေးပါလို့
မေတ္တာသွေးတို့. မွှေးပျံ့ရာ
တေးနံ့သာ ဟစ်သီကြွေးလေခဲ့
ချစ်ကြည်ရေးဖြင့် မပျက်ပြယ်
မိုးသက်ကယ် ဖွာလန်ကြဲပေမယ့်
မဟာဆန်ဆဲလို့ စိတ်မှာထင်
သိပ်ပြန်ချင် အိမ်ကလေးဟာဖြင့်
ဝေးတစ်နယ်ပါ။
မီးနီယွန် အရောင်လက်ပေမယ့်
မောင်မမက် မမွေ့ပျော်
နေ့စဉ်သော် စိတ်ကမှန်းနေရဲ့
အတိတ်နန်း အေးရိပ်သာ
တွေးစိတ်မှာ လွမ်းနေဆဲ။
တမ်းပါသလေ
ဝမ်းစာဖွေ တစ်ပြည်ဖက်မှာဖြင့်
လွမ်းကာနေ အမေချက်ပါတဲ့
ဟင်းရံခွက် ငပိဖျော်ကို
ခေါင်းမဖော် ငုံ့ကာလွေးတယ်လို့
ဆွေးမျက်ရည်ဝဲ ၊၊ ။
နန်းဧ ကရီ
//////
အပယ်ခံသား ဂြိုလ်ဆိုး "" ( 13.)
--------------------------------- ( လင်္ကာ / ဝတ္ထုကဗျာ )
အမေကမွေး ၊ အဖေကျွေးသည့်
ရင်သွေး ခြောက်ယောက် ၊ သားချင်းပေါက်တွင်
ဦးဏှောက် ဉာဏ်လွှာ ၊ ထုံထိုင်းရှာသော
သညာ ပေတိုး ၊ နာမည်ယိုး၍
ဂြိုလ်ဆိုးသူငယ် ၊ ဝိုင်းပစ်ပယ်လျှက်
မတွယ်တာကြ ၊ မိနှင့်ဘသည်
နှိမ့်ချဆက်ဆံ ၊ အပယ်ခံတည်း။
စီးပွားလူမှု ၊ ဒုက္ခစုသည်
ပြုဟောင်းမထင် ၊ ဂြိုလ်ဆိုးဝင်၍
ပစ်တင်ဆိုပြော ၊ နှိမ်သဘောကို
ကြားသောဟန်ပန် ၊ မရှိပြန်ဘဲ
မျက်မာန်မညှိုး ၊ သွားကြဲကျိုးနှင့်
ခိုးခစ်သံမြည် ၊ ပြုံးရွှင်ကြည်၏။
အရွယ်ရောက်လျှင် ၊ ပညာသင်ဖို့
အိမ်တွင် စီးပွား ၊ ဥစ္စာပါး၍
သားသမီးဝယ် ၊ ဉာဏ်မကြွယ်သည့်
သားငယ်ဂြိုလ်ဆိုး ၊ပညာတိုးရန်
သင်ရိုးမစေ ၊ အိမ်တွင်းနေကာ
လိုလေသမျှ ၊ စေခိုင်းကြရင်း
တစ်စတစ်စ ကြီးပြင်းပြီ။
ခြေလက်ပေါ့ပါး ၊ ခိုင်းစေသွား၍
အားထားရသူ ၊ စိတ်ရင်းဖြူကာ
ကူညီလိုက ၊ မဆိုင်းတွဘဲ
သယ်မ ကူညီ ၊ ဂြိုလ်ဆိုးသည်ကား
အတည် လုပ်ငန်း ၊ မတတ်စွမ်းလည်း
ထမ်းပိုးရေငင် ၊ အိမ်တိုင်းဝင်၍
ငွေရွှင် လက်ရ ၊ အိမ်သို့ကျ၏။
မောင်နှမချင်း ၊ သွေးအရင်းလည်း
ကင်းမဲ့ညှာတာ ၊ ခိုင်းစေကာဖြင့်
သဒ္ဓာမထား ၊ နှိမ့်ချပွါး၍
ဆွေကြားထင်ပေါ် ၊ အမျိုးတော်ဟု
ထုတ်ဖော်မပြ ၊ ပြုကုန်ကြ၏။
ဘယ်သို့မူမူ ၊ ကူမြဲကူကာ
ဘယ်သူ နှိပ်စက် ၊ ပြုံးမပျက်ဘဲ
ဆက်ကာကူညီ ၊ ဂြိုလ်ဆိုးသည်ကား
ပီပြင် အပြုံး ၊ အမြဲသုံး၏။
တစ်နေ့ခါတွင် ၊ သူ့မိခင်သည်
ကိုယ်တွင်ကပ်စွဲ ၊သန္ဓေ ခဲမှာ
မမြဲလျှောလေ ၊ အခြေနေကြောင့်
သေမည်လေလား ၊ သောကများ၍
အိမ်သားတစ်တွေ ၊ ညှိုးငိုင်နေလျှက်
အဖြေမရှိ ခက်ခဲဘိတည်း။
ငွေကြေးပိုက်ဆံ ၊ မရှိပြန်၍
စိတ်ကြံမရ ၊ လက်မှိုင်ချကာ
ကူမ မည့်သူ ၊ မရှိမူခိုက်
အပူတပြင်း ၊ ငွေလိုခြင်းကြောင့်
စိတ်တွင်း ဒုက္ခ ၊ ရောက်ခဲ့ရသော်
ကူမလို့ပေး ၊ ဂြိုလ်ဆိုးလေးတည်း။
အမေ့ဆေးဘိုး ၊ ခွန်အားတိုးကာ
မျှော်ကိုးဖွေရှာ ၊ အသပြာကို
ရလာအခိုက် ၊ ဆေးခန်းလိုက်၍
ပျော်ပိုက်ဝမ်းသာ ၊ ပြေးအလာဝယ်
ဓာတ်စာဆေးဝါး ၊ ဝယ်လိုအားကြောင့်
ကားများမမြင် တိုက်မိစဉ်ဝယ်
ကိုယ်ပင်တခြား ခေါင်းတခြားနှင့်
လက်ကားကိုင်ယူ ၊ ငွေစမူကို
သူလေမလွှတ် ၊ အသက်ကျွတ်ခဲ့။
သနားစဖွယ် ၊ မျက်နှာငယ်နှင့်
မကြွယ် ဉာဏ်စွမ်း ၊ အသိနွမ်းကာ
မခမ်း မေတ္တာ ၊ ပေးချင်ရှာသည်
လူသာသေလည်း ၊ သူ့လက်ထဲမှ
ကျစ်ခဲ ဆုပ်ကိုင် ၊ ငွေစပိုင်ကို
သေတိုင်မချ သနားစွ။
ဪ …
ဂြိုလ်ဆိုး ဂြိုလ်ဆိုး ၊ နာမ ယိုး၍
တိုးဝင်လူခြေ ၊ မရလေလည်း
သေသည်အထိ ၊ စိတ်ကောင်းရှိလျှက်
သိတတ် လိမ္မာ ၊ သူ့ မေတ္တာအား
သေရွာရောက်လည်း ပြခဲ့မြဲ၏။
သနားစရာ ပေတိုးမှာကား
သေခါမှပဲ ၊ ဂြိုလ်ဆိုးလွဲ၍
မှတ်စွဲအမည် ၊ ကျွတ်လေပြီတည့်
ငိုမြည်တမ်းတ ၊ ချစ်ပါလှဟု
အော်ကြဆူပူ ၊ သေသောသူမှာ
ဘယ်မူမသိ ၊ငြိမ်းပါ ဘိတည်း။ ။
နန်းဧ ကရီ
/
////
"""အမေရဲ့  ပုံပြင် """ ( 14.)
လသာညဆို ၊ အိမ်ကြမ်းအိုမှာ
ပေါင်ကို ခေါင်းအုံး ၊ မေ့ အပြုံးနှင့်
နှလုံးပျော်ရွှင် ၊ ပုံနားဆင်၍
အိပ်ချင်တယ်လည်း မရှိပြီ။
အမေ့ကိုလွမ်း ၊ စိတ်မောပန်းလို့
ဝမ်းရေးနေ့စဉ် ၊ ရွှေလမြင်လည်း
မရွှင်မပျ ၊ မှိုင်တွေရမို့
ပြန်တလိုချင် ငယ်ရွယ်စဉ်။
နန်းဧ ကရီ
/
///
""အလွမ်း မလွယ်တဲ့ ပန်းသည် အမေ""
-------------------------------------------- ( လေးချိုး ) ( 15)
ကျွန်မလေ ပန်းရာင်းထွက်ပါလို့
ဘဝနေ ဝမ်းကျောင်းလျှက်သာဖြင့်
အလွမ်းဟောင်းဖက် မတွေးကြာ
အလေးသာ စားနေမှုပါပဲ
အားစေပြု အမြဲစဉ်။
တစ်နေကုန် ရာသီကောင်းလျှင်တော့
မေမတုန် ခါမီရောင်းပါလို့
တောင်းအလွတ် နဲ့ ပြုံးရွှင်ကာ
ရှုံးလျှင်သာ မှိုင်တွေငေးပြီပေါ့
အကြွေးတွက် ပူစွမှန်
ယူရဖန် နေ့ပြန်တိုးကိုဖြင့်
ညှိုးငယ်စွာပင်။
ရင်သွေးငယ် သမီးသားကိုဖြင့်
သင်ပေးမယ် ကြီးပွားအောင်လို့
မညည်းတွား ကျောင်းသို့နှင်
ကောင်းဖို့မြင် မျှော်တွေး။
အတိုးယူ အတိုးဆပ်ရယ်နဲ့
တစ်မျိုးပူ စိုးမပြတ်ပါဘု
ကြပ်လွန်းပါတဲ့ စားဝတ်နေ
အားဇွတ်စေ နေကုန်ရုန်းပေမယ့်
ဖွေမဆုံး များလိုအင်
ပွားဆိုလျှင် ကျောင်းလခ ရယ်နဲ့
မောင်းချ တော့မယ့် အိမ်ကြီးရှင်
မှိန်ပြီးလျှင် ကံမတက်လေလို့
အခံဖက်က နင်းပြားမှာ
ရင်းထာရှာ ဘဝအမောတွေကြောင့်
မပျင်းအားပါ ခဏမချော လေလို့
ဇောစိတ် ပူသေး။ ။
နန်းဧ ကရီ
ဘဝတွေထဲက ဘဝတစ်ခု အကြောင်းလေးပါ
မိတ်ဆွေ တစ်ယောက်ရဲ့ ဖြစ်ရပ်မှန် ဆိုလည်း မမှားပါဘူး။
ဒီ အကြောင်းအကျိုးနဲ့ နေ့စဉ် သံသရာလည်နေသူတွေ
မိမိ ပတ်ဝန်းကျင်မှာ ရှိနေအုံးမှာပါပဲ။
ပန်းနဲ့စမ်းရဲ့ မေတ္တာ ( သို့) မွေးနေ့ ကန်တော့ပန်း
-------------------------- ( လေးချိုး ) ( 16 .)
မေတ္တာတော် အနန္တတွေဖြင့်
လှစ်ကာဖော် စံပြပါပဲ
အမှန်ဘဝရဲ့ ကျေးဇူးရှင်။
မမွေးမှီ ရေကြည်စ လျှင်ဖြင့်
အတွေးသီ နေမည်လှ စေဖို့
ဝေစီခတဲ့ အေး မေတ္တာ
ပေးချစ်တာ သားသမီး ကိုဖြင့်
ပွားစီးလိုအင်။
အစဉ်သာ အရိပ်ပေးလို့ဖြင့်
ရင်မှာလေ စိတ်မလေးပါဘူး
အသွေးသားတို့ အတွက်ပင်
အသက်လျှင် ပေးဆပ်သုံး။
ပန်းဝေဖြာ မေတ္တာသက်ပါလို့
စမ်းစေရာ လှစ်ဖြာချက်ကိုဖြင့်
အဆပ်ခက် ဘယ်မကုန်
ကြွယ်အစုံ အဆပ်ခဲပေမယ့်
မှတ်အမြဲ နေ့ညသာ
မေ့မရပါ ထိုကျေးဇူးကိုကွယ်
ဦးချမဆုံး။ ။
နန်းဧ ကရီ
""နေ့တိုင်း အမေနေ့ ""
----------------------------- (လေးချိုး ) ( 17.)
အဖေသာ ရေရာမသိလျင်လည်း
အမေဟာ သေချာရှိပါရဲ့
လောက၏ ဓမ္မတာ။
အကြောင်းတွေ အမျိုးမျိုးဖြစ်လေလို့
မကောင်းလေ ဆိုးဆိုးပစ်ပေမယ့်
ဖြစ်ညှစ်လို့ မွေးလေသူ
သွေးသားကူ မဖွားခဲ့လျင်ဖြင့်
အများနဲ့. ပမာညီ ပင်
ဘယ်ဆီတွင် လူဖြစ်ဝေးတယ်လို့
တွေးသိစေရာ။
ပညာဉာဏ် ချို့မူမများလေတဲ့
အစဉ်သာဖန် တို့လူသားတွေက
ခြားနားရဲ့ တိရစ္ဆာန်
မှန်စွာပင် အဖြေတွေ့ပါလို့
မမေ့အပ် ကျေးဇူးသာ
တွေးဦးစွာ သိရေး။
မေလတွင် အမေနေ့ပါတဲ့
မမေ့တတ် သူတွေတွင်
နေ့တိုင်းလျင် အမေ့နေ့ပါပဲ
ကြုံတွေ့ရ. လူ့ အနေတွင်
အမေသည် အနန္တ ဂိုဏ်းပေမို့
မသွေညီ စံပြတံတိုင်းပါကွဲ့
မရိုင်းဖို့တွေး။ ။
နန်းဧ ကရီ