Tuesday, February 28, 2017

ကဗျာဆရာကြီးများ၏ ကဗျာများ

Unicode / Zawgyi Code 

နှောင်တွယ်အားကိုး -


အချစ်တစ်ခု၊  ခြေရာပြုသစ်၊  နုမျစ်အစဉ်၊ သံယောဇဉ်ကို

သခင် .. မြင်တတ်ပါလေစ ။

အနမ်းတစ်ခု၊ လွမ်းမှု ဖြေသိမ့်၊ ရင်ထဲစိမ့်အေး၊ ပန်းပွင့်လေးတွေ

သခင် .. မွှေးမြပါလေစ ။

အလွမ်းတစ်ခု၊ကျမ်းပြုမသီ၊ ရင်ထဲစီတန်း၊ လွမ်းမြဲ လွမ်းနေ

သခင်မှန်းဆ သိပါစ ။

မခွဲမခွာ ၊နေလိုပါချင်၊ သံယောဇဉ်ပြု ၊ နှစ်သိမ့်ဆုကို

သခင် .. စွန့်ကြဲလိုပါစ ။

ချစ်နှောင်ရစ်ပတ်၊ အချစ်ဓာတ်ပြင်း၊ ချစ်ခြင်း၏ မြား၊ စူးဝင်ထားလည်း ၊ အားခဲမရ

ခွေယိုင်ကျလို့၊ သခင်ကူမ၊ ထူမှ ထမယ်

တမ်းတတဲ့ ... ညသိပါစ ။ ။ မောင်လှမျိုး(ချင်းချောင်းခြံ)


မှန်ကြည့်သူ (နတ်သျှင်နောင်)

အိုစာမှုအသွင်၊ လိုတာပြုပြင်ရနိုင်၏ ။

အကျည်းတန်သူ ၊ ဘီးမှန်ကူ၍ သနိုင်၏ ။

စိတ်ဓာတ်ယိမ်းယိုင်သွားတာကတော့၊ မိတ်ကပ်မလိမ်းနိုင်ပါတကား။


နှလုံးရှိုက်သံ - ဂျူး

အနာတက ထိပ်ခေါင် နာကျဉ်တာတောင်၊ အပြုံးတစ်ဝက် မျက်ရည်စက်နဲ့

သေမင်းကိုပင် အံတုရှောင်ပြီး၊ အမေသားထွေး ပုလုကွေးကို ၊ လောကအလယ်ခေါ်ခဲ့တယ် ။ သားရဲ့ချေးသေး အညစ်ကြေးတို့၊  အမေ့ဝမ်းထဲ ဝင်ခဲ့တယ်

ဒေါသကင်းကင်း ချစ်ခြင်းများနဲ့၊ ပညာတွေလဲ ပေးခဲ့တယ်။


အမေ့အိမ်လေး ရောင်းချပေးပြီး၊ တင့်တင့်တယ်တယ် ကြင်ယာသည်နဲ့

လက်ထပ်ပွဲကို ဂုဏ်ရှိန်တိုးအောင် ဆောင်ခဲ့တယ် ။

တန်ဘိုးကြီးမား ပစ္စည်းများနဲ့၊ လုပ်ငန်းတွေလဲ ပိုင်ခဲ့တယ် ။

ဇနီးမယား မြေးသားစုံလင် ပျော်ရွှင်ချိန်မှာ၊ အမေကတော့ ခန်းကျဉ်းလေးထဲ ခေါ်သူမဲ့လို့

ရင်ထဲကြိတ်ကြိတ် ငိုခဲ့တယ် ။


အမေအိုချိန် သားလေးအိမ်မှာ၊ အားလုံးမျက်နှာ ချိုကြည်သာမှ ၊ ထမင်း၀၀ စားရဲတယ် ။

သားမျက်နှာလေး ကြည့်ပြီးအေးမြ၊ အမေ့ဘ၀ ချမ်းမြပျော်ရွှင် ကြည်လင်ပါလဲ

နှလုံးရှိုက်သံ ညံခဲ့တယ် ။ ။


ဆရာကြီး မင်းသုဝဏ်

" လယ်စောင့်တဲ "

လယ်စောင့်တဲ၊ မိုးရေတက်ရေ တစ်ဖွေးဖွေး၊ ကွင်းကျယ်တဝေးဝေး။

လယ်စောင့်တဲလေးခြေတံရှည်၊ မိုးကုပ်အောက်မှာနေ။

ကြာနီတစ်ပွင့် ဖြူတစ်ပွင့် တဲနှင့်ပနံသင့်။


သစ်ရွက်နှင့် လေပွေ -- တင်မိုး


သစ်ရွက်ကြွေသည်၊ လေပွေတိုက်သော်၊

ဝဲလှည့်ပျော်လျက်၊ ပြာယော် တိမ်မိုး၊ သူခိုကိုး၏။

  လေပွေငြိမ်သော်၊ သိင်္ဂ ီရွက်၊ မြေဆင်းသက်သည်၊

မြေမက်ရှာသည် ထင်ရ၏။

တင်မိုး (လှေတစင်းနှင့် သီချင်းသည်)


လွမ်းလို့မဆုံး ရွှေကြိမ်လုံး -- ကိုရင်ရွှေဗျိုင်း


ဆရာ့ထံပါး ၊ မြဲခစား၍၊  ဒို့များစာပေ ၊ သင်လေတုန်းက

တဖုန်းဖုန်းရိုက် ၊ ကြိမ်လုံးမိုက်ကို၊ အူလှိုက်သဲလှိုက် ၊ မုန်းမိတယ်။

ဆရာနှင့်ဝေး ၊ ကြိမ်လေးနှင့်ကွာ၊ လူ့ရွာလူ့မြေ ၊ ကိုယ့်ခြေကိုယ်ရပ်

ကိုယ့်ဇာတ်ကိုယ်ခင်း ၊ ကိုယ့်မင်းကိုယ်လုပ် ၊ ကိုယ်အုပ်ချုပ်မှ ၊ ကြီးလှမေတ္တာ

  မြတ်ဆရာနှင့် ၊ ဆရာ့လက်သုံး၊ ရွှေကြိမ်လုံးကို ၊ မဆုံးနေ့ရက်

လွမ်းမိတယ် . . . ။ ။ ကိုရင်ရွှေဗျိုင်း


ညလှည့်စား ( ဒေါင်းနွယ်ဆွေ )


  မောင့်ချစ်သူ လိပ်ပြာ၊ ညခါဖြင့် အိမ်မက် ။

နံနက်နေရောင်လာတော့၊ ခင့်လိပ်ပြာရှာမတွေ့တယ်

  နှင်းငွေ့နှင်းစက် ။ ။


မျက်ဖြေအင်္လကာ -- အနနန္တသူရိယ အမတ်ကြီး


သူတည်းတစ်ယောက်၊ ကောင်းဖို့ရောက်မူ၊

သူတစ်ယောက်မှာ၊ ပျက်လင့်ကာသာ၊ ဓမ္မတာတည်း။

ရွှေအိမ်နန်းနှင့်၊ ကြငှန်းလည်းခံ၊ မတ်ပေါင်းရံလျက်၊

  ပျော်စံရိပ်ငြိမ်၊ စည်းစိမ်မကွာ၊ မင်းချမ်းသာကား၊

သမုဒ္ဒရာ၊ ရေမျက်နှာထက်၊ ခဏတက်သည့်၊ ရေပွက်ပမာ၊

တစ်သက်လျာတည်း။

ကြင်နာသနား၊ ငါ့အားမသတ်၊ ယခုလွှတ်လည်း၊ မလွတ်ကြမ္မာ၊

လူတကာတို့၊ ခန္ဓာခိုင်ကျည်၊ အတည် မမြဲ၊ ဖေါက်လွှဲတတ်သည်၊

မချွတ်စသာ၊ သတ္တဝါတည်း။

ရှစ်ခိုးကော်ရော်၊ ပူဇော်အကျွန်၊ ပန်းခဲ့တုံ၏၊

ခိုက်ကြုံ ဝိပါက်၊ သံသာစက်၌၊ ကြိုက်လတ်တုံမူ၊ တုံ့မယူလို၊

ကြည်ညိုစိတ်သန်၊ သခင်မွန်ကို၊ ချန်ဘိစင်စစ်၊ အပြစ်မဲ့ရေး၊

ခွင့်လျှင်ပေး၏၊

သွေးသည် အနိစ္စာ၊ ငါ့ခန္ဓာတည်း။

(အနန္တသူရိယ၊ မှန်းနန်းမဟာရာဇဝင်တော်ကြီး၊ ပထမတွဲ)


သူငယ်ချင်းသို့ --- တက္ကသိုလ်မင်းမော်


ချစ်သူသည်သာ ၊ ငါ့ကမ္ဘာဟု၊ မကြာခဏ ၊ နှုတ်သံရွနှင့်

ချစ်လှစွာသော သူငယ်ချင်း ။

အသက်မဲ့သည့် ၊ လဲ့လဲ့ပြိုးပြောင် ၊ မိုးကြယ်ရောင်သည်

  မှောင်လှမိုက်စွ ၊ လမိုက်ညတွင်၊ ပျပျမြင်အောင် ၊ လူ့ကျိုးဆောင်၏ ။

အသက်မဲ့သည့်၊ စိမ်းလဲ့ကြွားကြွား ၊ ဖားလျားရွက်စိပ်၊ ပညောင်ရိပ်သည်

  ချွေးသိပ်နိုင်အောင် လူ့ကျိုးဆောင်၏ ။

အသက်မဲ့သည့်၊ ကျိူးပဲ့သေးဖွဲ ၊ အုတ်နီခဲသည် ၊ တောထဲဖြတ်ကာ ၊ လမ်းဖောက်ရာတွင်

သွားလာနိုင်အောင် ၊ လူကျိူးဆောင်၏ ။

သူငယ်ချင်း၊ မင်းမှာစင်စစ် ၊ လူပင်ဖြစ်လည်း

ချစ်သူသာလျှင် ၊ ကမ္ဘာထင်၏

သစ်ပင်နှင့်ကြယ် ၊ အုတ်ခဲငယ်သည်၊ ပြက်ရယ်မင်းကိုပြု ကြပြီ ။ ။


မင်းရဲကျော်စွာ --- မင်းသုဝဏ်


လှံ ဓား ဝိုးဝင်း ၊ စစ်မြေခင်းတွင်၊ ဆင်မြင်း ရံလျက် ထိုနေ့က ။

နေပြည်ရှိရာ ၊ မျှော်ရှုကာလျှင်၊ အနာသည်းလည်း ၊ ခံသည်းညည်းနှင့်

မညည်းမညူ ၊ ကိုယ်ကိုထူလျက်၊ ယာမူရွှေဓား ၊ ဝဲရွှေလွှားနှင့်

အားပြုမှီတင်း ၊ နေသည့်ခိုက် ။ ငါရှိပေလျက် ၊ ပြည်ကိုဝက်၍

နန်းထက်မင်းမူ ၊ ငါ၏တူဟု၊ နိုင်သူမင်းက ဖိတ်ခေါ်သည်

ဘကြီးတော်ရဲ့ ၊ ကျေးဇူးငဲ့လည်း၊ တိုင်းပြည်မဲ့သူ မဟုတ်ပါတဲ့။


သမီးတော်နှင့် ဥကင်ဖွင့်၍၊ အသင့်မင်းမူ ၊ ငါ၏တူဟု

နိုင်သူမင်းက ၊ဖိတ်ခေါ်သည်၊ ဘကြီးတော်ရဲ့ ကျေးဇူးငဲ့လည်း

မယားမဲ့သူ မဟုတ်ပါတဲ့ ။

သားတော်ရင်နှစ် ၊သားရင်းစစ်သို့၊ ထီးလှစ်မင်းမူ ၊ ငါ၏တူဟု

  နိုင်သူမင်းက ဖိတ်ခေါ်သည် ၊ ဘကြီးတော်ရဲ့ ၊ ကျေးဇူးငဲ့လည်း

ဖခင်မဲ့သူ မဟုတ်ပါတဲ့ ။

ငါ၏ထံမှောက် ၊ဆေးဝါးသောက်၍၊ ထမြောက်ခါမူ ၊ ပြန်လေတူဟု

နို နိုင်သူမင်းက ဖိတ်ခေါ်သည် ၊ဘကြီးတော်ရဲ့ ၊ ကျေးဇူးငဲ့လည်း

သေခြင်းမဲ့သူ မဟုတ်ပါတဲ့။

လှံဓားကိုလှဲ ၊ စစ်မြေထဲ၌၊ မင်းရဲကျော်စွာ ၊ စေတီသာကို

ရာဇာဓိရာဇ် ၊ရေစက်ချလိုက်၊ အမျှယူလေ ၊ သုံးကြိမ်ဝေသည်

မြိုင်ခြေဒလ တောတန်းကြီး ။ ။


မြက်ရိတ်သမား - ဇော်ဂျီ


  နေဆာလှုံ၍၊

လူ့ဘုံလောက ၊ နိုးခါမတည့်

ချိုးကသံရှည် ၊ တောဘွဲ့သီ၍

လျှိူ မှာမြေပြင် ၊မြစိမ်းဆင်လျက်

ေ ကောင်းကင်မိုးဝယ် ၊ နီလာချယ်နှင့်

အိုဘယ်လူသား ၊ နှစ်ရောင်ကြားဝယ်

ခန့်ညားပေစွ၊ ခန့်ပေစွ ။ ။


တိုက်ပွဲပျော် -- ဓနုဖြူကျော်ထွန်း

-

ပုခက်ထဲက အူဝဲဟစ်ကာ၊ စစ်ကြေငြာပြီး လောကကြီး၏

ခါးသီးတွေ့ကြုံ အလုံးစုံကို၊ မဖြုံအံခဲ ပွဲဆက်နွှဲရင်း

လူလဲတော်တော် ကြီးခဲ့ပေါ့။

မိုက်လဲမိုက်လို့ တိုက်လဲတိုက်ခဲ့ ရှုံးလိုက်တာလဲ အသင်္ချေ။

ရဲလဲရဲလို့ နွှဲလည်း နွှဲခဲ့၊ နိုင်ပွဲတွေလဲ အနန္ဒ။

ဒီလိုပဲပေါ့၊ တိုက်ပွဲဆိုတာ သာချင်သာမယ်၊

တိုက်ပွဲဆိုတာ နာချင်နာမယ်၊ ဘယ်မှာ ခန့်မှန်းသိနိုင်မလဲ။

နာနာသာသာ ဘာမှမဖြုံ ၊ စိတ်လုံခြုံရင်

မတုန်မလန့်ဖျပ်ပါဘူး။ အဟုန်မတန့်ရပ်ပါဘူး။

  ရှေ့ကဆီး၍၊ လမ်းခရီးထဲ သစ်ပင်လှဲမလား။

  ရှေ့ကကန့်၍

အဟန့်အတား ဆူးတွေထားမလား။

  ယောကျ်ားဟေ့နော်၊ တိုက်ပွဲပျော်

ကျွန်တော်တိုက်ရင်း တက်မှာပဲ။


ပန်းနှင့်ကြယ် -- မောင်စွမ်းရည်

မိုးပေါ်ကကြယ် ၊ မြေဝယ်က ပန်း။

စုန်ဆန်ကာ ဘဝကူးလို့ရယ် ၊ မြူးလိုက်ချင်စမ်း ။

  မြေမှာက ပင်လယ် ၊ မိုးကျယ်က တိမ်များ။

အငွေ့အရည် ဘဝကူးလို့ရယ် ၊ မြူးလိုက်ချင်သား ။

ပန်းလှေငယ်ဆင် ၊ ပင်လယ်မှာလှော်ကူး ။

ကြယ်နန်းမှာ တိမ်လွှာစီးမယ် ၊ ငြီးလိမ့်ထင်ဘူး ။

ပန်းနှင့်ကြယ် ၊ ဘယ်ဟာနှင့် တော်လေငဲ့ ၊

ချစ်သူခင် ရွေးရန်ခက်လျှင်

ပန်းအလယ် ကြယ်စင်ဝှက်လို့ ၊ မောင်ဆက်မယ်ကွဲ့။

ပန်းကိုတော့ ဆံမှာဆင်

ကြယ်စင်တော့ လည်မှာကုံး ။

ချစ်သူထံ ပန်းကြယ်ဖြစ်လို့ ၊ နေရစ်မယ်ဖုန်း ။

ညဉ့်အခါ ပွင့်လွှာပိတ်လို့

ပန်းတိတ်ဆိတ် နေတတ်တယ် ။

  နေ့ခင်းဝယ်၊ ကြယ်တွေက ကွယ်သွား ။

  ခါတစ်ရံ သူတို့နွမ်းလို့ ၊ ပန်းဖြေရော့လား ။

နေ့မှာကား ကြယ် ၊ ညဉ့်လယ်၌ ပန်း။

ချစ်ဦးသူ ကိုယ့်ကိုမုန်းလျှင်လ

လူ့ခွင်ကို ဤနှယ်ရုန်းလို့ရယ်

ပုန်းဖို့ ရွယ်မှန်း ။


  အလှကိုယ်စီ -- တင်မိုး

ဖိုးလမင်းလည်း

သူ့အဆင်းနှင့် အလင်းနှင့်..

မီးတိုင်ငယ်လည်း

သူ့အရွယ်နှင့် အစွယ်နှင့်..

စပယ်ဦးလည်း

သူ့ဂုဏ်ထူးနှင့် ငုံဖူးနှင့်..

ပိတောက်ဝါလည်း

သူ့အခါနှင့် နံ့သာနှင့်..

-

မြစ်ပြင်နက်လည်း၊ သူ့သိုင်းကွက်နှင့် လှိုင်းယက်နှင့်..

စမ်းချောင်းခွေလည်း၊ သူ့ချောင်းရေနှင့် လောင်းလှေနှင့်..

မည်သည့်အရာ၊ မဆိုသာတည့်၊ သူ့မှာကိုယ့်မှာ၊ အလှသာတည့်..

သဘာဝလျှင်

အလှကိုယ်စီ၊ စွမ်းရည်ကိုယ်င

လက်ဆောင်ငှ၏..

အလှဝန်တို၊ မငြင်ငြိုနှင့် ၊ ဝန်တိုမှုသာ၊ မလှရာတည့်..-

သူ့ဂုဏ်သူ့သိန် ၊ သူ့အရှိန်နှင့်

အချိန်အခါ၊ နေရာဒေသ

ဌာနအလျှောက်၊ အရေးရောက်သည်

စွမ်းလောက်နိုင်သူချည်းပါတကား… ။ ။


ပွဲခင်းသာ ---- ( တင်မိုး )


  နွားညီနောင် ရွှေခြူကုံးနဲ့ ၊လူလုံးပြ ဟန်ရေးကြွယ်။

ရှစ်စတောင် လှည်းယာဉ်ကြော့နဲ့၊ ပွဲဝင်တော့မယ်။

မမလေး သေးသွယ်သွယ်၊ လိုက်မယ်ဆို နံ့သာသ

ခန်းဆောင်ကကြွ။

ဆံမြိတ်နွယ် ခိုတောင်ချနဲ့ ၊ လက်အပွ ပဒုမ္မာ။

သရက်ထည် ပွင့်ဝါရိုက်နဲ့၊ လိုက်ဖက်လှပါ။

ပြုံးတော့မဲ့ နွဲ့မူရာ၊ ပျူ ငှါလို့ ကြည်ဝင်း။

နွားညီနောင် ခြေကုန်သုတ်အောင် ယောင်ကြီးရှင် ခါးပုံပြုတ်အောင်

ရုပ်ကကြော့ရှင်း။

ေေ  ခေါင်းပေါင်းစ တထောင်ထောင်၊ အရီးလူ လှည်းအိုပျက်က

ပြုံးမျက်စလှောင်။

ဆောင်ပန်းအိမ် လက်ျာကျက ၊ဗောင်းစနဲ့ ပျိုတို့မောင်

ပြုံးယောင်ယောင့် တိတ်တခိုး။

ကွမ်းနုဝါ သူငုံလို့၊ ပန်းပုဝါ သူခြုံလို့ ၊မလေးလုံ အရှက်ကြီးသူမို့

ထီးကာလို့မိုး။

ဘုံကထိန် ဂုဏ်သိန်ဟည်း ၊ စင်တော်ကြီး ရုပ်စုံမြိုင်

ပွဲအုပ်မနိုင်။

သူကြီးကမှိုင်၊ ကျောင်းထိုင်က ညည်း။

အုတ်ကျက်ကယ် ဆူညံနဲ့ ၊ စင်ဆော်သံ မိုးယံအုပ်

ပတ်တုတ်လို့တီး။

သပြေညို ပင်ပျိုအုပ်မှာ၊ လှည်းဖြုတ်လို့ နေရာယူ

ပွဲကြည့်တူတူ။

  ဆောင်းလေက ကလူ၊ နှင်းမြူ က အဝဲ။

  စောင်မြိတ်တို တထည်ထဲဟာမို့၊ မောင့်ရွှေကိုယ် နံ့သာခဲနဲ့

လူပုံမှာ တူစုံနွှဲရတယ် ၊ မေ့တတ်နိုင်ဘဲ။ ။


သိကြားလိမ် - ( ဦးပုည )


နန်းမေရုပြာသာဒ်၊ လမ်းဖြတ်တဲ့ ဣန္ဒာ၊

ကမ်းသတ်လို့ နှိမ်ရှာတယ်၊ အလိမ္မာလွန်သား၊

  ထောက်လှမ်းချက် သုဓမ္မာဝယ်၊

ခုအခါ လစ်ကြသလား။

ဘုရားက သိကြားကို မှာတယ်၊

ဌကထာ ရှိသား၊

သာသနာ ငါထားငဲ့၊ မမှားအောင် စေ့ဆော်၊

မကောင်းသူ့ ကောင်းသူတို့ကို၊ ကြောင်းယူလို့ ဆန်းစစ်ကာမျှော်။

ဝိမလနန်းသစ်ပေါ်မှာ၊

သန်းရှစ်ဖော် ရွေများနှင့်၊

ဘုရားကို နှစ်ရစ်လိမ်၊ ညစ်တဲ့မာဃိန်၊

ပစ်ရှာမယ့် ဝရဇိန်ငယ်၊

ပန်းထိမ်မှာ ပြင်တုန်းထင့်လေး။


ရိုးတစ်လျှောက်


ရိုးတစ်လျှောက် ဖြိုးမောက်ပါတဲ့ လယ်ပတူ

အရွက်ချွန်း ကန်စွန်း၊ ပုစွန်စာနှင့်

လွန်တရာ ကညို့ပေါတယ် ၊ တောဖြစ်လို့ထူ။

မှိုနားတို ငွေရောင်ဖျော့ငယ်နှင့်

  ရွှေကနဖော့ ကြာရိုးဖြူ  ၊ ချိုးယူလို့ မကုန်ခန်း။

ပတ္တမြားရောင် ၊ ဖားကပေါင် သံလွင်လွင်နှင့်

  ရွှေညံပင် ရှုပ်မရှင်းတယ်

ကွင်းပြည့်ခမန်း။


ပန်းဝေတံခါးပိတ် ( တာရာမင်းေ၀ )


အလွမ်းတွေရှိထားကြောင်း......

'ပန်းဝေ' သိလား မေးချင်တယ်

လမ်းတွေ့ရင်ခေါ်ခွင့်မပိုင်ပါဘူး

ကျွမ်းမြေ့ချင်......မျှော်လင့်နိုင်မှာလားရယ်လို့

ခိုးဝှက်ကာ အကြည့်ပုန်းတွေနဲ့......

တိုးရှက်ကာ မချိဆုံးပါပဲ

ငြိထုံးလာ အလွမ်းတွေဝေတော့....ပန်းေ၀ သိမယ်

ကိုယ့်မျက်ရည်ကိုယ်မတွေ့ရှာဘူးတဲ့

ညှို့ချက်တွေ အငိုဝေ့ပါရင်

ကမ္ဘာချဉ်းအောင် ပန်းတော်ပွင့်မယ်

သခင်အတွက် ပန်းတွေရယ်

  နွမ်းလေတယ်....ကျွန်တော်မျက်ဖြေရူး

(အော်.....တို့ဘဝက တမ်းမပြေတယ်နော် မျက်ရည်ဦး)

  နှောင်တွယ်တာ ခက်တာပဲ....ပန်းရယ်လို့

  ရှောင်ဖယ်ကာ မျက်နှာလွှဲ စမ်းချင်တာပေါ့

  ကျောင်းခန်းဆီ ခြေလှမ်းတွေ အရောက်ယူဆဲမှာပဲ

  တစ်ယောက်သူ နောက်လူတွေ့နေနှင့်ပြီမို့

ရင်နင့်စွာ ကျွန်တော် ချစ်ပေမယ့်..

  မြင်ခွင့်မှာ အဖေါ်သစ်တွေနဲ့ ပန်းဝေရယ်

( တို့လေ ).....မခေါ် ဖြစ်ပါဘူး....။


တံခါးပိတ် ( တင်မိုး )

ချစ်သူ့ထံ ငှက်ပမာ၊ ပျံလာချင်တယ်လေ့။

ငှက်ခတ်သူ မုဆိုးညစ် ၊လေးပစ်တဲ့နေ့။

ချစ်သူ့ထံ ပန်းပမာ၊ ဆင်လာချင်တယ်လေ့။

ပိတုန်းညို ဉာဏ်သမား၊ ပန်းစားတဲ့နေ့။

ချစ်သူ့ထံ ရော်ရွက်ပမာ၊ ဝဲလာချင်တယ်လေ့။

  လေရူးမောင် လူသွမ်းပျက်၊ သစ်ရွက်ခူးနေ့။

ချစ်သူ့ထံ လမင်းပမာ၊ သာချင်တယ်ဆိုလေ့။

ကမ္ဘာမြေ ကိုလူဆိုး၊ ယုန်ခိုးတဲ့နေ့။

သို့ပါလဲ ချစ်သူဆီ၊ လာနိုင်ပြီ ဆိုပါတော့။

ချစ်သူ့ဘုံ တံခါးပိတ်လို့ ..၊ မီးမှိတ်ပါပေါ့။

Zawgyi Code

ေႏွာင္တြယ္အားကိုး -

အခ်စ္တစ္ခု၊  ေျခရာျပဳသစ္၊  ႏုမ်စ္အစဥ္၊ သံေယာဇဥ္ကို
သခင္ .. ျမင္တတ္ပါေလစ ။
အနမ္းတစ္ခု၊ လြမ္းမႈ ေျဖသိမ့္၊ ရင္ထဲစိမ့္ေအး၊ ပန္းပြင့္ေလးေတြ
သခင္ .. ေမႊးျမပါေလစ ။
အလြမ္းတစ္ခု၊က်မ္းျပဳမသီ၊ ရင္ထဲစီတန္း၊ လြမ္းျမဲ လြမ္းေန
သခင္မွန္းဆ သိပါစ ။
မခြဲမခြာ ၊ေနလိုပါခ်င္၊ သံေယာဇဥ္ျပဳ ၊ ႏွစ္သိမ့္ဆုကို
သခင္ .. စြန္႔ႀကဲလိုပါစ ။
ခ်စ္ေႏွာင္ရစ္ပတ္၊ အခ်စ္ဓာတ္ျပင္း၊ ခ်စ္ျခင္း၏ ျမား၊ စူး၀င္ထားလည္း ၊ အားခဲမရ
ေခြယိုင္က်လို႔၊ သခင္ကူမ၊ ထူမွ ထမယ္
တမ္းတတဲ့ ... ညသိပါစ ။ ။ ေမာင္လွမ်ဳိး(ခ်င္းေခ်ာင္းၿခံ)

မွန္ႀကည္႔သူ (နတ္သွ်င္ေနာင္)
အိုစာမႈအသြင္၊ လိုတာျပဳျပင္ရနိုင္၏ ။
အက်ည္းတန္သူ ၊ ဘီးမွန္ကူ၍ သနိုင္၏ ။
စိတ္ဓာတ္ယိမ္းယိုင္သြားတာကေတာ့၊ မိတ္ကပ္မလိမ္းနိုင္ပါတကား။

နွလုံးရိႈက္သံ - ဂ်ဴး
အနာတက ထိပ္ေခါင္ နာက်ဥ္တာေတာင္၊ အၿပဳံးတစ္၀က္ မ်က္ရည္စက္နဲ႕
ေသမင္းကုိပင္ အံတုေရွာင္ၿပီး၊ အေမသားေထြး ပုလုေကြးကုိ ၊ ေလာကအလယ္ေခၚခဲ့တယ္ ။ သားရဲ႕ေခ်းေသး အညစ္ေၾကးတုိ႔၊  အေမ့၀မ္းထဲ ၀င္ခဲ့တယ္
ေဒါသကင္းကင္း ခ်စ္ၿခင္းမ်ားနဲ႔၊ ပညာေတြလဲ ေပးခဲ့တယ္။

အေမ့အိမ္ေလး ေရာင္းခ်ေပးၿပီး၊ တင့္တင့္တယ္တယ္ ၾကင္ယာသည္နဲ႕
လက္ထပ္ပြဲကုိ ဂုဏ္ရွိန္တုိးေအာင္ ေဆာင္ခဲ့တယ္ ။
တန္ဘုိးႀကီးမား ပစၥည္းမ်ားနဲ႔၊ လုပ္ငန္းေတြလဲ ပုိင္ခဲ့တယ္ ။
ဇနီးမယား ေၿမးသားစုံလင္ ေပ်ာ္ရႊင္ခ်ိန္မွာ၊ အေမကေတာ့ ခန္းက်ဥ္းေလးထဲ ေခၚသူမဲ့လုိ႔
ရင္ထဲႀကိတ္ႀကိတ္ ငုိခဲ့တယ္ ။

အေမအုိခ်ိန္ သားေလးအိမ္မွာ၊ အားလုံးမ်က္နွာ ခ်ဳိႀကည္သာမွ ၊ ထမင္း၀၀ စားရဲတယ္ ။
သားမ်က္နွာေလး ၾကည့္ၿပီးေအးျမ၊ အေမ့ဘ၀ ခ်မ္းၿမေပ်ာ္ရႊင္ ၾကည္လင္ပါလဲ
နွလုံးရိႈက္သံ ညံခဲ႔တယ္ ။ ။

ဆရာႀကီး မင္းသု၀ဏ္
" လယ္ေစာင့္တဲ "
လယ္ေစာင့္တဲ၊ မိုးေရတက္ေရ တစ္ေဖြးေဖြး၊ ကြင္းက်ယ္တေ၀းေ၀း။
လယ္ေစာင့္တဲေလးေၿခတံရွည္၊ မိုးကုပ္ေအာက္မွာေန။
ၾကာနီတစ္ပြင့္ ျဖဴတစ္ပြင့္ တဲႏွင့္ပနံသင့္။

သစ္ရြက္ႏွင့္ ေလေပြ -- တင္မိုး

သစ္ရြက္ေၾကြသည္၊ ေလေပြတိုက္ေသာ္၊
၀ဲလွည့္ေပ်ာ္လ်က္၊ ျပာေယာ္ တိမ္မိုး၊ သူခိုကိုး၏။
  ေလေပြျငိမ္ေသာ္၊ သိဂၤ ီရြက္၊ ေျမဆင္းသက္သည္၊
ေျမမက္ရွာသည္ ထင္ရ၏။
တင္မိုး (ေလွတစင္းႏွင့္ သီခ်င္းသည္)

လြမ္းလို႔မဆံုး ေရႊႀကိမ္လံုး -- ကိုရင္ေရႊဗ်ဳိင္း

ဆရာ့ထံပါး ၊ ၿမဲခစား၍၊  ဒို႔မ်ားစာေပ ၊ သင္ေလတုန္းက
တဖုန္းဖုန္းရိုက္ ၊ ႀကိမ္လံုးမိုက္ကို၊ အူလိႈက္သဲလိႈက္ ၊ မုန္းမိတယ္။
ဆရာႏွင့္ေ၀း ၊ ႀကိမ္ေလးႏွင့္ကြာ၊ လူ႕ရြာလူ႔ေျမ ၊ ကိုုယ့္ေျခကိုယ္ရပ္
ကိုုယ့္ဇာတ္ကိုယ္ခင္း ၊ ကိုယ့္မင္းကိုယ္လုပ္ ၊ ကိုယ္အုပ္ခ်ဳပ္မွ ၊ ႀကီးလွေမတၱာ
  ျမတ္ဆရာႏွင့္ ၊ ဆရာ့လက္သံုး၊ ေရႊႀကိမ္လံုးကို ၊ မဆံုးေန႔ရက္
လြမ္းမိတယ္ . . . ။ ။ ကိုရင္ေရႊဗ်ဳိင္း

ညလွည္႕စား ( ေဒါင္းႏြယ္ေဆြ )

  ေမာင့္ခ်စ္သူ လိပ္ျပာ၊ ညခါျဖင့္ အိမ္မက္ ။
နံနက္ေနေရာင္လာေတာ့၊ ခင့္လိပ္ျပာရွာမေတြ႔တယ္
  ႏွင္းေငြ႕ႏွင္းစက္ ။ ။

မ်က္ေျဖအလၤကာ -- အနနႏၱသူရိယ အမတ္ႀကီး

သူတည္းတစ္ေယာက္၊ ေကာင္းဖို႔ေရာက္မူ၊
သူတစ္ေယာက္မွာ၊ ပ်က္လင့္ကာသာ၊ ဓမၼတာတည္း။
ေရႊအိမ္နန္းႏွင့္၊ ၾကငွန္းလည္းခံ၊ မတ္ေပါင္းရံလ်က္၊
  ေပ်ာ္စံရိပ္ျငိမ္၊ စည္းစိမ္မကြာ၊ မင္းခ်မ္းသာကား၊
သမုဒၵရာ၊ ေရမ်က္ႏွာထက္၊ ခဏတက္သည့္၊ ေရပြက္ပမာ၊
တစ္သက္လ်ာတည္း။
ႀကင္နာသနား၊ ငါ့အားမသတ္၊ ယခုလႊတ္လည္း၊ မလြတ္ၾကမၼာ၊
လူတကာတို႔၊ ခႏၶာခိုင္က်ည္၊ အတည္ မၿမဲ၊ ေဖါက္လႊဲတတ္သည္၊
မခၽြတ္စသာ၊ သတၱ၀ါတည္း။
ရွစ္ခိုးေကာ္ေရာ္၊ ပူေဇာ္အကၽြန္၊ ပန္းခဲ့တံု၏၊
ခိုက္ၾကံဳ ၀ိပါက္၊ သံသာစက္၌၊ ၾကိဳက္လတ္တံုမူ၊ တုံ႔မယူလို၊
ၾကည္ညိဳစိတ္သန္၊ သခင္မြန္ကို၊ ခ်န္ဘိစင္စစ္၊ အျပစ္မ့ဲေရး၊
ခြင့္လွ်င္ေပး၏၊
ေသြးသည္ အနိစၥာ၊ ငါ့ခႏၶာတည္း။
(အနႏၲသူရိယ၊ မွန္းနန္းမဟာရာဇ၀င္ေတာ္ၾကီး၊ ပထမတြဲ)

သူငယ္ခ်င္းသို႔ --- တကၠသိုလ္မင္းေမာ္

ခ်စ္သူသည္သာ ၊ ငါ့ကမၻာဟု၊ မၾကာခဏ ၊ ႏႈတ္သံရြႏွင့္
ခ်စ္လွစြာေသာ သူငယ္ခ်င္း ။
အသက္မဲ့သည့္ ၊ လဲ့လဲ့ၿပိဳးေျပာင္ ၊ မိုးၾကယ္ေရာင္သည္
  ေမွာင္လွမိုက္စြ ၊ လမိုက္ညတြင္၊ ပ်ပ်ျမင္ေအာင္ ၊ လူ႔က်ဳိးေဆာင္၏ ။
အသက္မဲ့သည့္၊ စိမ္းလဲ့ၾကြားၾကြား ၊ ဖားလ်ားရြက္စိပ္၊ ပေညာင္ရိပ္သည္
  ေခၽြးသိပ္ႏိုင္ေအာင္ လူ႔က်ဳိးေဆာင္၏ ။
အသက္မဲ့သည့္၊ က်ဴိးပဲ့ေသးဖြဲ ၊ အုတ္နီခဲသည္ ၊ ေတာထဲျဖတ္ကာ ၊ လမ္းေဖာက္ရာတြင္
သြားလာနိုင္ေအာင္ ၊ လူက်ဴိးေဆာင္၏ ။
သူငယ္ခ်င္း၊ မင္းမွာစင္စစ္ ၊ လူပင္ျဖစ္လည္း
ခ်စ္သူသာလွ်င္ ၊ ကမၻာထင္၏
သစ္ပင္ႏွင့္ၾကယ္ ၊ အုတ္ခဲငယ္သည္၊ ျပက္ရယ္မင္းကိုျပဳ ၾကၿပီ ။ ။

မင္းရဲေက်ာ္စြာ --- မင္းသု၀ဏ္

လွံ ဓား ၀ိုး၀င္း ၊ စစ္ေျမခင္းတြင္၊ ဆင္ျမင္း ရံလ်က္ ထိုေန႔က ။
ေနျပည္ရွိရာ ၊ ေမွ်ာ္ရႈကာလွ်င္၊ အနာသည္းလည္း ၊ ခံသည္းညည္းႏွင့္
မညည္းမညဴ ၊ ကိုယ္ကိုထူလ်က္၊ ယာမူေရႊဓား ၊ ၀ဲေရႊလႊားႏွင့္
အားျပဳမွီတင္း ၊ ေနသည့္ခိုက္ ။ ငါရွိေပလ်က္ ၊ ျပည္ကို၀က္၍
နန္းထက္မင္းမူ ၊ ငါ၏တူဟု၊ ႏိုင္သူမင္းက ဖိတ္ေခၚသည္
ဘၾကီးေတာ္ရဲ႕ ၊ ေက်းဇူးငဲ့လည္း၊ တုိင္းျပည္မဲ့သူ မဟုတ္ပါတဲ့။

သမီးေတာ္ႏွင့္ ဥကင္ဖြင့္၍၊ အသင့္မင္းမူ ၊ ငါ၏တူဟု
နိုင္သူမင္းက ၊ဖိတ္ေခၚသည္၊ ဘႀကီးေတာ္ရဲ႕ ေက်းဇူးငဲ့လည္း
မယားမဲ့သူ မဟုတ္ပါတဲ့ ။
သားေတာ္ရင္ႏွစ္ ၊သားရင္းစစ္သုိ႔၊ ထီးလွစ္မင္းမူ ၊ ငါ၏တူဟု
  ႏိုင္သူမင္းက ဖိတ္ေခၚသည္ ၊ ဘႀကီးေတာ္ရဲ႕ ၊ ေက်းဇူးငဲ့လည္း
ဖခင္မဲ့သူ မဟုတ္ပါတဲ့ ။
ငါ၏ထံေမွာက္ ၊ေဆး၀ါးေသာက္၍၊ ထေျမာက္ခါမူ ၊ ျပန္ေလတူဟု
ႏို ႏိုင္သူမင္းက ဖိတ္ေခၚသည္ ၊ဘႀကီးေတာ္ရဲ႕ ၊ ေက်းဇူးငဲ့လည္း
ေသျခင္းမဲ့သူ မဟုတ္ပါတဲ့။
လွံဓားကိုလွဲ ၊ စစ္ေျမထဲ၌၊ မင္းရဲေက်ာ္စြာ ၊ ေစတီသာကို
ရာဇာဓိရာဇ္ ၊ေရစက္ခ်လိုက္၊ အမွ်ယူေလ ၊ သံုးႀကိမ္ေ၀သည္
ၿမိဳင္ေျခဒလ ေတာတန္းႀကီး ။ ။

ျမက္ရိတ္သမား - ေဇာ္ဂ်ီ

  ေနဆာလႈံ၍၊
လူ႔ဘံုေလာက ၊ ႏိုးခါမတည့္
ခ်ဳိးကသံရွည္ ၊ ေတာဘြဲ႔သီ၍
လွ်ဴိ မွာေျမျပင္ ၊ျမစိမ္းဆင္လ်က္
ေ ေကာင္းကင္မိုး၀ယ္ ၊ နီလာခ်ယ္ႏွင့္
အိုဘယ္လူသား ၊ ႏွစ္ေရာင္ၾကား၀ယ္
ခန္႔ညားေပစြ၊ ခန္႔ေပစြ ။ ။

တိုက္ပြဲေပ်ာ္ -- ဓႏုျဖဴေက်ာ္ထြန္း
-
ပုခက္ထဲက အူ၀ဲဟစ္ကာ၊ စစ္ေၾကျငာၿပီး ေလာကႀကီး၏
ခါးသီးေတြ႕ႀကံဳ အလံုးစံုကို၊ မၿဖံဳအံခဲ ပြဲဆက္ႏႊဲရင္း
လူလဲေတာ္ေတာ္ ႀကီးခဲ့ေပါ့။
မိုက္လဲမိုက္လို႕ တိုက္လဲတိုက္ခဲ့ ရံႈးလိုက္တာလဲ အသေခၤ်။
ရဲလဲရဲလို႕ ႏႊဲလည္း ႏႊဲခဲ့၊ ႏိုင္ပြဲေတြလဲ အနႏၵ။
ဒီလိုပဲေပါ့၊ တုိက္ပြဲဆိုတာ သာခ်င္သာမယ္၊
တိုက္ပြဲဆိုတာ နာခ်င္နာမယ္၊ ဘယ္မွာ ခန္႕မွန္းသိႏိုင္မလဲ။
နာနာသာသာ ဘာမွမၿဖံဳ ၊ စိတ္လံုၿခံဳရင္
မတုန္မလန္႕ဖ်ပ္ပါဘူး။ အဟုန္မတန္႕ရပ္ပါဘူး။
  ေရွ႕ကဆီး၍၊ လမ္းခရီးထဲ သစ္ပင္လွဲမလား။
  ေရွ႕ကကန္႕၍
အဟန္႕အတား ဆူးေတြထားမလား။
  ေယာက်္ားေဟ့ေနာ္၊ တုိက္ပြဲေပ်ာ္
ကြၽန္ေတာ္တုိက္ရင္း တက္မွာပဲ။

ပန္းႏွင့္ၾကယ္ -- ေမာင္စြမ္းရည္
မိုးေပၚကၾကယ္ ၊ ေျမ၀ယ္က ပန္း။
စုန္ဆန္ကာ ဘ၀ကူးလို႔ရယ္ ၊ ျမဴးလိုက္ခ်င္စမ္း ။
  ေျမမွာက ပင္လယ္ ၊ မိုးက်ယ္က တိမ္မ်ား။
အေငြ႕အရည္ ဘ၀ကူးလို႔ရယ္ ၊ ျမဴးလိုက္ခ်င္သား ။
ပန္းေလွငယ္ဆင္ ၊ ပင္လယ္မွာေလွာ္ကူး ။
ၾကယ္နန္းမွာ တိမ္လြႊာစီးမယ္ ၊ ၿငီးလိမ့္ထင္ဘူး ။
ပန္းႏွင့္ၾကယ္ ၊ ဘယ္ဟာႏွင့္ ေတာ္ေလငဲ့ ၊
ခ်စ္သူခင္ ေရြးရန္ခက္လွ်င္
ပန္းအလယ္ ၾကယ္စင္၀ွက္လို႔ ၊ ေမာင္ဆက္မယ္ကြဲ႕။
ပန္းကိုေတာ့ ဆံမွာဆင္
ၾကယ္စင္ေတာ့ လည္မွာကံုး ။
ခ်စ္သူထံ ပန္းၾကယ္ျဖစ္လို႔ ၊ ေနရစ္မယ္ဖုန္း ။
ညဥ့္အခါ ပြင့္လႊာပိတ္လို႔
ပန္းတိတ္ဆိတ္ ေနတတ္တယ္ ။
  ေန႔ခင္း၀ယ္၊ ၾကယ္ေတြက ကြယ္သြား ။
  ခါတစ္ရံ သူတို႔ႏြမ္းလို႔ ၊ ပန္းေျဖေရာ့လား ။
ေန႔မွာကား ၾကယ္ ၊ ညဥ့္လယ္၌ ပန္း။
ခ်စ္ဦးသူ ကိုယ့္ကိုမုန္းလွ်င္လ
လူ႔ခြင္ကို ဤႏွယ္ရုန္းလို႔ရယ္
ပုန္းဖို႔ ရြယ္မွန္း ။

  အလွကိုယ္စီ -- တင္မိုး
ဖိုးလမင္းလည္း
သူ႔အဆင္းႏွင့္ အလင္းႏွင့္..
မီးတိုင္ငယ္လည္း
သူ႔အရြယ္ႏွင့္ အစြယ္ႏွင့္..
စပယ္ဦးလည္း
သူ႔ဂုဏ္ထူးႏွင့္ ငံုဖူးႏွင့္..
ပိေတာက္၀ါလည္း
သူ႔အခါႏွင့္ နံ႔သာႏွင့္..
-
ျမစ္ျပင္နက္လည္း၊ သူ႔သိုင္းကြက္ႏွင့္ လွိဳင္းယက္ႏွင့္..
စမ္းေခ်ာင္းေခြလည္း၊ သူ႔ေခ်ာင္းေရႏွင့္ ေလာင္းေလွႏွင့္..
မည္သည့္အရာ၊ မဆိုသာတည့္၊ သူ႔မွာကိုယ့္မွာ၊ အလွသာတည့္..
သဘာ၀လွ်င္
အလွကိုယ္စီ၊ စြမ္းရည္ကိုယ္င
လက္ေဆာင္ငွ၏..
အလွ၀န္တို၊ မျငင္ၿငိဳႏွင္႔ ၊ ၀န္တိုမႈသာ၊ မလွရာတည့္..-
သူ႔ဂုဏ္သူ႔သိန္ ၊ သူ႔အရွိန္ႏွင့္
အခ်ိန္အခါ၊ ေနရာေဒသ
ဌာနအေလွ်ာက္၊ အေရးေရာက္သည္
စြမ္းေလာက္ႏိုင္သူခ်ည္းပါတကား… ။ ။

ပြဲခင္းသာ ---- ( တင္မိုး )

  ႏြားညီေနာင္ ေရႊျခဴကုံးနဲ႔ ၊လူလုံးျပ ဟန္ေရးႂကြယ္။
ရွစ္စေတာင္ လွည္းယာဥ္ေၾကာ့နဲ႔၊ ပြဲဝင္ေတာ့မယ္။
မမေလး ေသးသြယ္သြယ္၊ လုိက္မယ္ဆုိ နံ႔သာသ
ခန္းေဆာင္ကႂကြ။
ဆံၿမိတ္ႏြယ္ ခုိေတာင္ခ်နဲ႔ ၊ လက္အပြ ပဒုမၼာ။
သရက္ထည္ ပြင့္ဝါ႐ုိက္နဲ႔၊ လုိက္ဖက္လွပါ။
ၿပဳံးေတာ့မဲ့ ႏြဲ႕မူရာ၊ ပ်ဴ ငွါလုိ႔ ၾကည္ဝင္း။
ႏြားညီေနာင္ ေျခကုန္သုတ္ေအာင္ ေယာင္ႀကီးရွင္ ခါးပုံျပဳတ္ေအာင္
႐ုပ္ကေၾကာ့ရွင္း။
ေေ  ေခါင္းေပါင္းစ တေထာင္ေထာင္၊ အရီးလူ လွည္းအုိပ်က္က
ၿပဳံးမ်က္စေလွာင္။
ေဆာင္ပန္းအိမ္ လက္်ာက်က ၊ေဗာင္းစနဲ႔ ပ်ဳိတုိ႔ေမာင္
ၿပဳံးေယာင္ေယာင့္ တိတ္တခုိး။
ကြမ္းႏုဝါ သူငုံလုိ႔၊ ပန္းပုဝါ သူၿခဳံလုိ႔ ၊မေလးလုံ အရွက္ႀကီးသူမုိ႔
ထီးကာလုိ႔မုိး။
ဘုံကထိန္ ဂုဏ္သိန္ဟည္း ၊ စင္ေတာ္ႀကီး ႐ုပ္စုံၿမဳိင္
ပြဲအုပ္မႏုိင္။
သူႀကီးကမႈိင္၊ ေက်ာင္းထုိင္က ညည္း။
အုတ္က်က္ကယ္ ဆူညံနဲ႔ ၊ စင္ေဆာ္သံ မုိးယံအုပ္
ပတ္တုတ္လုိ႔တီး။
သေျပညိဳ ပင္ပ်ဳိအုပ္မွာ၊ လွည္းျဖဳတ္လုိ႔ ေနရာယူ
ပြဲၾကည့္တူတူ။
  ေဆာင္းေလက ကလူ၊ ႏွင္းျမဴ က အဝဲ။
  ေစာင္ၿမိတ္တုိ တထည္ထဲဟာမုိ႔၊ ေမာင့္ေရႊကုိယ္ နံ႔သာခဲနဲ႔
လူပုံမွာ တူစုံႏႊဲရတယ္ ၊ ေမ့တတ္ႏုုိင္ဘဲ။ ။

သိၾကားလိမ္ - ( ဦးပုည )

နန္းေမ႐ုျပာသာဒ္၊ လမ္းျဖတ္တဲ့ ဣႏၵာ၊
ကမ္းသတ္လို႔ ႏွိမ္ရွာတယ္၊ အလိမၼာလြန္သား၊
  ေထာက္လွမ္းခ်က္ သုဓမၼာဝယ္၊
ခုအခါ လစ္ၾကသလား။
ဘုရားက သိၾကားကို မွာတယ္၊
ဌကထာ ရွိသား၊
သာသနာ ငါထားငဲ့၊ မမွားေအာင္ ေစ့ေဆာ္၊
မေကာင္းသူ႔ ေကာင္းသူတို႔ကို၊ ေၾကာင္းယူလို႔ ဆန္းစစ္ကာေမွ်ာ္။
ဝိမလနန္းသစ္ေပၚမွာ၊
သန္းရွစ္ေဖာ္ ေရြမ်ားႏွင့္၊
ဘုရားကို ႏွစ္ရစ္လိမ္၊ ညစ္တဲ့မာဃိန္၊
ပစ္ရွာမယ့္ ဝရဇိန္ငယ္၊
ပန္းထိမ္မွာ ျပင္တုန္းထင့္ေလး။

ရိုးတစ္ေလွ်ာက္

ရိုးတစ္ေလွ်ာက္ ျဖိဳးေမာက္ပါတဲ့ လယ္ပတူ
အရြက္ခၽြန္း ကန္စြန္း၊ ပုစြန္စာႏွင့္
လြန္တရာ ကညိဳ႕ေပါတယ္ ၊ ေတာျဖစ္လို႔ထူ။
မွိဳနားတို ေငြေရာင္ေဖ်ာ့ငယ္ႏွင့္
  ေရႊကနေဖာ့ ၾကာရိုးျဖဴ  ၊ ခ်ိဳးယူလို႔ မကုန္ခန္း။
ပတၱျမားေရာင္ ၊ ဖားကေပါင္ သံလြင္လြင္ႏွင့္
  ေရႊညံပင္ ရႈပ္မရွင္းတယ္
ကြင္းျပည့္ခမန္း။

ပန္းေ၀တံခါးပိတ္ ( တာရာမင္းေ၀ )

အလြမ္းေတြရွိထားေၾကာင္း......
'ပန္းေ၀' သိလား ေမးခ်င္တယ္
လမ္းေတြ႕ရင္ေခၚခြင့္မပိုင္ပါဘူး
ကၽြမ္းေျမ့ခ်င္......ေမွ်ာ္လင့္ႏိုင္မွာလားရယ္လို႔
ခိုး၀ွက္ကာ အၾကည့္ပုန္းေတြနဲ႕......
တိုးရွက္ကာ မခ်ိဆံုးပါပဲ
ၿငိထံုးလာ အလြမ္းေတြေ၀ေတာ႔....ပန္းေ၀ သိမယ္
ကိုယ့္မ်က္ရည္ကိုယ္မေတြ႔ရွာဘူးတဲ႔
ညိွဳ႕ခ်က္ေတြ အငိုေ၀့ပါရင္
ကမၻာခ်ဥ္းေအာင္ ပန္းေတာ္ပြင္႔မယ္
သခင္အတြက္ ပန္းေတြရယ္
  ႏြမ္းေလတယ္....ကၽြန္ေတာ္မ်က္ေျဖရူး
(ေအာ္.....တို႔ဘ၀က တမ္းမေျပတယ္ေနာ္ မ်က္ရည္ဦး)
  ေႏွာင္တြယ္တာ ခက္တာပဲ....ပန္းရယ္လို႔
  ေရွာင္ဖယ္ကာ မ်က္ႏွာလႊဲ စမ္းခ်င္တာေပါ႔
  ေက်ာင္းခန္းဆီ ေၿခလွမ္းေတြ အေရာက္ယူဆဲမွာပဲ
  တစ္ေယာက္သူ ေနာက္လူေတြ႕ေနႏွင့္ၿပီမို႔
ရင္နင့္စြာ ကၽြန္ေတာ္ ခ်စ္ေပမယ့္..
  ျမင္ခြင့္မွာ အေဖၚသစ္ေတြနဲ႔ ပန္းေ၀ရယ္
( တို႔ေလ ).....မေခၚ ၿဖစ္ပါဘူး....။

တံခါးပိတ္ ( တင္မိုး )
ခ်စ္သူ႔ထံ ငွက္ပမာ၊ ပ်ံလာခ်င္တယ္ေလ့။
ငွက္ခတ္သူ မုဆိုးညစ္ ၊ေလးပစ္တဲ့ေန႔။
ခ်စ္သူ႔ထံ ပန္းပမာ၊ ဆင္လာခ်င္တယ္ေလ့။
ပိတုန္းညိဳ ဥာဏ္သမား၊ ပန္းစားတဲ့ေန႔။
ခ်စ္သူ႔ထံ ေရာ္႐ြက္ပမာ၊ ၀ဲလာခ်င္တယ္ေလ့။
  ေလ႐ူးေမာင္ လူသြမ္းပ်က္၊ သစ္႐ြက္ခူးေန႔။
ခ်စ္သူ႔ထံ လမင္းပမာ၊ သာခ်င္တယ္ဆိုေလ့။
ကမၻာေျမ ကိုလူဆိုး၊ ယုန္ခိုးတဲ့ေန႔။
သို႔ပါလဲ ခ်စ္သူဆီ၊ လာႏိုင္ၿပီ ဆိုပါေတာ့။
ခ်စ္သူ႔ဘံု တံခါးပိတ္လို႔ ..၊ မီးမွိတ္ပါေပါ့။

ကဗ်ာဆရာႀကီးမ်ား ၏ ကဗ်ာမ်ား

ဆရာကြီးများ၏ ကဗျာများ

Unicode/ Zawgyi

**ပန်းနှင့်ကြယ် -- မောင်စွမ်းရည် **

မိုးပေါ်ကကြယ် ၊ မြေဝယ်က ပန်း။

စုန်ဆန်ကာ ဘဝကူးလို့ရယ် ၊ မြူးလိုက်ချင်စမ်း ။

မြေမှာက ပင်လယ် ၊ မိုးကျယ်က တိမ်များ။

အငွေ့အရည် ဘဝကူးလို့ရယ် ၊ မြူးလိုက်ချင်သား ။

ပန်းလှေငယ်ဆင် ၊ ပင်လယ်မှာလှော်ကူး ။

ကြယ်နန်းမှာ တိမ်လွှာစီးမယ် ၊ ငြီးလိမ့်ထင်ဘူး ။

ပန်းနှင့်ကြယ် ၊ ဘယ်ဟာနှင့် တော်လေငဲ့ ၊

ချစ်သူခင် ရွေးရန်ခက်လျှင်

ပန်းအလယ် ကြယ်စင်ဝှက်လို့ ၊ မောင်ဆက်မယ်ကွဲ့။

ပန်းကိုတော့ ဆံမှာဆင်

ကြယ်စင်တော့ လည်မှာကုံး ။

ချစ်သူထံ ပန်းကြယ်ဖြစ်လို့ ၊ နေရစ်မယ်ဖုန်း ။

ညဉ့်အခါ ပွင့်လွှာပိတ်လို့

ပန်းတိတ်ဆိတ် နေတတ်တယ် ။

နေ့ခင်းဝယ်၊ ကြယ်တွေက ကွယ်သွား ။

ခါတစ်ရံ သူတို့နွမ်းလို့ ၊ ပန်းဖြေရော့လား ။

နေ့မှာကား ကြယ် ၊ ညဉ့်လယ်၌ ပန်း။

ချစ်ဦးသူ ကိုယ့်ကိုမုန်းလျှင်လ

လူ့ခွင်ကို ဤနှယ်ရုန်းလို့ရယ်

ပုန်းဖို့ ရွယ်မှန်း ။


ဓါတ်ပုံလေး (တာရာမင်းဝေ)


မိုးလုံလေလုံ

နှလုံးအိမ်ထဲက ဓာတ်ပုံလေး

ထုတ်.. ထုတ်ကြည့်ဖြစ်တယ် သတိရတိုင်း

သတိရတိုင်း ရွှဲနစ်

ပါးပြင်ပေါ် မျက်ရည်တွေ

ငါက ဓာတ်ပုံလေးကို တွေရီငေး

ဓာတ်ပုံလေးက ငါ့ကို တွေရီငေး

လွမ်းတယ်.. ။


လွမ်းသူ့ကိုယ်စား

တစ်နှစ်ကူးပေမယ့်

မချစ်ဖူးသေးတာ ယုံပါ ... ခင်။

မယုံလျှင်

ပိတောက်ပင်ကို ခင်မေးကြည့်။

ပွင့်ခက်ညှာရွှေရည် အပြည့် နဲ့

လွင့်တက်ကာ လေမှာ မြူးချင်သော်လည်း

( ပိတောက်ခမျာ )

အထီးကျန်သူ မောင့်ကို မြင်လို့

မဖူးချင် မပွင့်ချင် ( သူ့ ) အမူအရာနဲ့

လူတကာကို

ပူဆာတာ ဝေမျှပေးနေတဲ့

ရွှေဝါရောင် ပွင့်ဖတ်တွေကြားမှာ

လွမ်းဓာတ်တွေဖြည့် ။ ။


မောင်စိန်ဝင်း(ပုတီးကုန်း)

Zawgyi


**ပန္းႏွင့္ၾကယ္ -- ေမာင္စြမ္းရည္ **
မိုးေပၚကၾကယ္ ၊ ေျမ၀ယ္က ပန္း။
စုန္ဆန္ကာ ဘ၀ကူးလို႔ရယ္ ၊ ျမဴးလိုက္ခ်င္စမ္း ။
ေျမမွာက ပင္လယ္ ၊ မိုးက်ယ္က တိမ္မ်ား။
အေငြ႕အရည္ ဘ၀ကူးလို႔ရယ္ ၊ ျမဴးလိုက္ခ်င္သား ။
ပန္းေလွငယ္ဆင္ ၊ ပင္လယ္မွာေလွာ္ကူး ။
ၾကယ္နန္းမွာ တိမ္လြႊာစီးမယ္ ၊ ၿငီးလိမ့္ထင္ဘူး ။
ပန္းႏွင့္ၾကယ္ ၊ ဘယ္ဟာႏွင့္ ေတာ္ေလငဲ့ ၊
ခ်စ္သူခင္ ေရြးရန္ခက္လွ်င္
ပန္းအလယ္ ၾကယ္စင္၀ွက္လို႔ ၊ ေမာင္ဆက္မယ္ကြဲ႕။
ပန္းကိုေတာ့ ဆံမွာဆင္
ၾကယ္စင္ေတာ့ လည္မွာကံုး ။
ခ်စ္သူထံ ပန္းၾကယ္ျဖစ္လို႔ ၊ ေနရစ္မယ္ဖုန္း ။
ညဥ့္အခါ ပြင့္လႊာပိတ္လို႔
ပန္းတိတ္ဆိတ္ ေနတတ္တယ္ ။
ေန႔ခင္း၀ယ္၊ ၾကယ္ေတြက ကြယ္သြား ။
ခါတစ္ရံ သူတို႔ႏြမ္းလို႔ ၊ ပန္းေျဖေရာ့လား ။
ေန႔မွာကား ၾကယ္ ၊ ညဥ့္လယ္၌ ပန္း။
ခ်စ္ဦးသူ ကိုယ့္ကိုမုန္းလွ်င္လ
လူ႔ခြင္ကို ဤႏွယ္ရုန္းလို႔ရယ္
ပုန္းဖို႔ ရြယ္မွန္း ။

ဓါတ္ပုံေလး (တာရာမင္းေ၀)

မိုးလံုေလလံု
ႏွလံုးအိမ္ထဲက ဓာတ္ပံုေလး
ထုတ္.. ထုတ္ၾကည့္ျဖစ္တယ္ သတိရတိုင္း
သတိရတိုင္း ႐ႊဲနစ္
ပါးျပင္ေပၚ မ်က္ရည္ေတြ
ငါက ဓာတ္ပံုေလးကို ေတြရီေငး
ဓာတ္ပံုေလးက ငါ့ကို ေတြရီေငး
လြမ္းတယ္.. ။

လြမ္းသူ႔ကိုယ္စား
တစ္ႏွစ္ကူးေပမယ့္
မခ်စ္ဖူးေသးတာ ယံုပါ ... ခင္။
မယံုလွ်င္
ပိေတာက္ပင္ကို ခင္ေမးၾကည့္။
ပြင့္ခက္ညွာေရႊရည္ အျပည့္ နဲ႔
လြင့္တက္ကာ ေလမွာ ျမဴးခ်င္ေသာ္လည္း
( ပိေတာက္ခမ်ာ )
အထီးက်န္သူ ေမာင့္ကို ျမင္လို႔
မဖူးခ်င္ မပြင့္ခ်င္ ( သူ႔ ) အမူအရာနဲ႔
လူတကာကို
ပူဆာတာ ေ၀မွ်ေပးေနတဲ့
ေရႊ၀ါေရာင္ ပြင့္ဖတ္ေတြၾကားမွာ
လြမ္းဓာတ္ေတြျဖည့္ ။

ေမာင္စိန္ဝင္း(ပုတီးကုန္း)