Tuesday, February 28, 2017

ဆရာကြီးများ၏ ကဗျာများ

Unicode/ Zawgyi

**ပန်းနှင့်ကြယ် -- မောင်စွမ်းရည် **

မိုးပေါ်ကကြယ် ၊ မြေဝယ်က ပန်း။

စုန်ဆန်ကာ ဘဝကူးလို့ရယ် ၊ မြူးလိုက်ချင်စမ်း ။

မြေမှာက ပင်လယ် ၊ မိုးကျယ်က တိမ်များ။

အငွေ့အရည် ဘဝကူးလို့ရယ် ၊ မြူးလိုက်ချင်သား ။

ပန်းလှေငယ်ဆင် ၊ ပင်လယ်မှာလှော်ကူး ။

ကြယ်နန်းမှာ တိမ်လွှာစီးမယ် ၊ ငြီးလိမ့်ထင်ဘူး ။

ပန်းနှင့်ကြယ် ၊ ဘယ်ဟာနှင့် တော်လေငဲ့ ၊

ချစ်သူခင် ရွေးရန်ခက်လျှင်

ပန်းအလယ် ကြယ်စင်ဝှက်လို့ ၊ မောင်ဆက်မယ်ကွဲ့။

ပန်းကိုတော့ ဆံမှာဆင်

ကြယ်စင်တော့ လည်မှာကုံး ။

ချစ်သူထံ ပန်းကြယ်ဖြစ်လို့ ၊ နေရစ်မယ်ဖုန်း ။

ညဉ့်အခါ ပွင့်လွှာပိတ်လို့

ပန်းတိတ်ဆိတ် နေတတ်တယ် ။

နေ့ခင်းဝယ်၊ ကြယ်တွေက ကွယ်သွား ။

ခါတစ်ရံ သူတို့နွမ်းလို့ ၊ ပန်းဖြေရော့လား ။

နေ့မှာကား ကြယ် ၊ ညဉ့်လယ်၌ ပန်း။

ချစ်ဦးသူ ကိုယ့်ကိုမုန်းလျှင်လ

လူ့ခွင်ကို ဤနှယ်ရုန်းလို့ရယ်

ပုန်းဖို့ ရွယ်မှန်း ။


ဓါတ်ပုံလေး (တာရာမင်းဝေ)


မိုးလုံလေလုံ

နှလုံးအိမ်ထဲက ဓာတ်ပုံလေး

ထုတ်.. ထုတ်ကြည့်ဖြစ်တယ် သတိရတိုင်း

သတိရတိုင်း ရွှဲနစ်

ပါးပြင်ပေါ် မျက်ရည်တွေ

ငါက ဓာတ်ပုံလေးကို တွေရီငေး

ဓာတ်ပုံလေးက ငါ့ကို တွေရီငေး

လွမ်းတယ်.. ။


လွမ်းသူ့ကိုယ်စား

တစ်နှစ်ကူးပေမယ့်

မချစ်ဖူးသေးတာ ယုံပါ ... ခင်။

မယုံလျှင်

ပိတောက်ပင်ကို ခင်မေးကြည့်။

ပွင့်ခက်ညှာရွှေရည် အပြည့် နဲ့

လွင့်တက်ကာ လေမှာ မြူးချင်သော်လည်း

( ပိတောက်ခမျာ )

အထီးကျန်သူ မောင့်ကို မြင်လို့

မဖူးချင် မပွင့်ချင် ( သူ့ ) အမူအရာနဲ့

လူတကာကို

ပူဆာတာ ဝေမျှပေးနေတဲ့

ရွှေဝါရောင် ပွင့်ဖတ်တွေကြားမှာ

လွမ်းဓာတ်တွေဖြည့် ။ ။


မောင်စိန်ဝင်း(ပုတီးကုန်း)

Zawgyi


**ပန္းႏွင့္ၾကယ္ -- ေမာင္စြမ္းရည္ **
မိုးေပၚကၾကယ္ ၊ ေျမ၀ယ္က ပန္း။
စုန္ဆန္ကာ ဘ၀ကူးလို႔ရယ္ ၊ ျမဴးလိုက္ခ်င္စမ္း ။
ေျမမွာက ပင္လယ္ ၊ မိုးက်ယ္က တိမ္မ်ား။
အေငြ႕အရည္ ဘ၀ကူးလို႔ရယ္ ၊ ျမဴးလိုက္ခ်င္သား ။
ပန္းေလွငယ္ဆင္ ၊ ပင္လယ္မွာေလွာ္ကူး ။
ၾကယ္နန္းမွာ တိမ္လြႊာစီးမယ္ ၊ ၿငီးလိမ့္ထင္ဘူး ။
ပန္းႏွင့္ၾကယ္ ၊ ဘယ္ဟာႏွင့္ ေတာ္ေလငဲ့ ၊
ခ်စ္သူခင္ ေရြးရန္ခက္လွ်င္
ပန္းအလယ္ ၾကယ္စင္၀ွက္လို႔ ၊ ေမာင္ဆက္မယ္ကြဲ႕။
ပန္းကိုေတာ့ ဆံမွာဆင္
ၾကယ္စင္ေတာ့ လည္မွာကံုး ။
ခ်စ္သူထံ ပန္းၾကယ္ျဖစ္လို႔ ၊ ေနရစ္မယ္ဖုန္း ။
ညဥ့္အခါ ပြင့္လႊာပိတ္လို႔
ပန္းတိတ္ဆိတ္ ေနတတ္တယ္ ။
ေန႔ခင္း၀ယ္၊ ၾကယ္ေတြက ကြယ္သြား ။
ခါတစ္ရံ သူတို႔ႏြမ္းလို႔ ၊ ပန္းေျဖေရာ့လား ။
ေန႔မွာကား ၾကယ္ ၊ ညဥ့္လယ္၌ ပန္း။
ခ်စ္ဦးသူ ကိုယ့္ကိုမုန္းလွ်င္လ
လူ႔ခြင္ကို ဤႏွယ္ရုန္းလို႔ရယ္
ပုန္းဖို႔ ရြယ္မွန္း ။

ဓါတ္ပုံေလး (တာရာမင္းေ၀)

မိုးလံုေလလံု
ႏွလံုးအိမ္ထဲက ဓာတ္ပံုေလး
ထုတ္.. ထုတ္ၾကည့္ျဖစ္တယ္ သတိရတိုင္း
သတိရတိုင္း ႐ႊဲနစ္
ပါးျပင္ေပၚ မ်က္ရည္ေတြ
ငါက ဓာတ္ပံုေလးကို ေတြရီေငး
ဓာတ္ပံုေလးက ငါ့ကို ေတြရီေငး
လြမ္းတယ္.. ။

လြမ္းသူ႔ကိုယ္စား
တစ္ႏွစ္ကူးေပမယ့္
မခ်စ္ဖူးေသးတာ ယံုပါ ... ခင္။
မယံုလွ်င္
ပိေတာက္ပင္ကို ခင္ေမးၾကည့္။
ပြင့္ခက္ညွာေရႊရည္ အျပည့္ နဲ႔
လြင့္တက္ကာ ေလမွာ ျမဴးခ်င္ေသာ္လည္း
( ပိေတာက္ခမ်ာ )
အထီးက်န္သူ ေမာင့္ကို ျမင္လို႔
မဖူးခ်င္ မပြင့္ခ်င္ ( သူ႔ ) အမူအရာနဲ႔
လူတကာကို
ပူဆာတာ ေ၀မွ်ေပးေနတဲ့
ေရႊ၀ါေရာင္ ပြင့္ဖတ္ေတြၾကားမွာ
လြမ္းဓာတ္ေတြျဖည့္ ။

ေမာင္စိန္ဝင္း(ပုတီးကုန္း)

No comments:

Post a Comment