Showing posts with label မအတွက် မပြေားခဲ့တဲ့ စကားများ. Show all posts
Showing posts with label မအတွက် မပြေားခဲ့တဲ့ စကားများ. Show all posts

Sunday, June 3, 2018

ချစ်မိသွားတဲ့ အခါ

တစ်ယောက်ယောက်ကို တကယ်ချစ်မိသွားတဲ့အခါ
သူ့ရဲ့အားနည်းချက်လေးကိုပါ ချစ်မိသွားတတ်တာမျိုးပေါ့

သူနဲ့ပတ်သက်သမျှအရာအားလုံးကို ချစ်လာတယ်
သူရခဲ့ဖူးသမျှ ဒဏ်ရာတွေဟာ ကျနော့အနာပဲ
သူ့ကိုနာကျင်စေသူမှန်သမျှဟာ ကျနော့ရန်သူပဲ

အရာရာကို ကြောက်ရွံ့နေခဲ့ဖူးရင်တောင်
သူလက်ကိုတွဲထားရချိန်တွေမှာတော့
ကျနော်. . ရဲရင့်တယ်

ပျော်ရွှင်စရာတွေချည်း မပေးနိုင်ရင်တောင်
အထိအခိုက်အနည်းဆုံးနဲ့ ရှင်သန်နေစေချင်တယ်

ဒီဘဝ . . ဘယ်လိုဆုကိုမှ မတောင်းလိုတော့ပါဘူး
သူ ကျန်းမာပျော်ရွှင်နေရင်ပဲ လုံလောက်ပါပြီပေါ့
အဲ့ဒီလို သေချာခဲ့ပါတယ် . . ။  ။ ချစ်​တယ်​ 💙

#ဖရော်ဆန်