Unicode
""ရောင်နီးဦးမှာ ဖူးတဲ့ပန်း ""
------------------------------------( အရိုးခံ တေးထပ် )
လင်းကြက်သံ ရောင်နီတေးနဲ့
မှောင်ရီဝေး သက်လျင်
ဆောင်မည်တွေး မပျက်ပင်ကွယ်
မနက်တွင် ပြုမြဲ ။
ဆွမ်းဒါန ကုသိုလ်ဖြူကို
ပြုလိုသူ မလေးခင်ပဲ။
ဖြူလွလွ အမွေဉာဉ်ကို
မသွေပင် လက်လွှဲ၊၊
အမေသင် အဆက်ထဲက
ပျက်မခွဲ ဆောင်ယူ ။
သာသနာ သည်အကျိုးတော့
ကြည်မညှိုး ကုသိုလ်ဖြင့်ကူ။
ပြုသမျှ ကောင်းမှု လှူကို
တောင်းဆုဖြူ ဝေနေယျတို့
နေသမျှ ချမ်းမြစေ
စမ်းကျအနေ ၊၊
ဒါနပြု ရွက်ဆောင်လေတယ်
အထက် အောင်မြေ. မှန်းရွယ်လို့လေး။ ။
နန်းဧ ကရီ
စာပန်းချီ ရှုံးတဲ့ နွေ
--------------------------- (သုံးချက်ညီ တေးထပ် )
အတွေးဘုံ ငေးကုန်ရ
ဆေးစုံသ ရာသီ
နွေးကြုံပ အခါမီဝယ်
မကြာပြီ နွေဦး။
စာအဖွဲ့ ဖြာလဲ့ရွှင်ကို
ပါတဲ့အင် ရေးတတ်နိုင်ဘူး ။
ဆန်းတပေါင်း မြန်းပြောင်းလာပြီ
သွမ်းကောင်းစွာ လေမြူး ။
ချမ်းအဟောင်းမှာ သွေအကူး နဲ့
ဝေအဖူး လက်ပံ။
ချိန်နရီ မိန်ဆီရွေ့တော့
ထိန်ကြည်မွေ့ ဆက်ရက်မြည်သံ။
မနောပွက် သောလျှက်ညံနေ
တောထက်ယံ လေသုတ်နှောတော့
နွေဥဩ သဘာဝပင်
သာအလှဆင်။
စာအသ ဖြာစွ"မြင်အောင်
ငါကလျှင် ရေးနိုင်ဘူးလေး။ ။
နန်းဧ ကရီ
မင်္ဂလာ မေတ္တာတေး
------------------------------- ( အရိုးခံ တေးထပ် )
မင်္ဂလာ ကြည်သာတေး
စီဖြာအေး မှန်းခြွေ
သီကာကြွေး ပန်းသပြေနှယ်
လန်းမသွေ အောင်ကြောင်း။
တရားမြတ် ကိန်းကာနေသော်
ယိမ်းခွာသွေ မကောင်းမှုပေါင်း။
ပြုသမျှ ကုသိုလ်ပင်ကို
ပြုပိုရှင် ရေလောင်း။
သူ့ နဂိုယဉ် အရှည်ကောင်းဖို့
မသွေဆောင်း မေတ္တာ။
ပန်းထဲမှာ မေတ္တာပန်းက
သစ်ဖြာလန်း အကြိုင်ဆုံးပါ။
လုပ်သမျှ အောင်မြင်ရာကွယ်
ဆောင်ရင်မှာ မေတ္တာဓါတ်တို့
ရစ်ကာပတ် ပေးမျှဝေ
အအေးခစေ။
မေတ္တာပေး လောကမြေမှာ
သောကပွေ ကင်းကုန်လိမ့်လေး။
စိတ်ရင်းနဲ့ ကောင်းမှုတွေကို
တောင်းဆုခြွေ အေးမြစေလေး။ ။
နန်းဧ ကရီ
"ပြောင်းလဲကြ မြန်မာ့ သင်္ကြန် (သံချပ်) "
မိုး … မိုး … မိုး …လားမောင်ရို့
လေ. …လေ… လေလား မောင်ရို့
မိုးနဲ့ လေနဲ့. နှစ်ပါးဆိုင်
သိကြား ကိုယ်တိုင် မမယ့် အတာပွဲ။
ခေတ်အဆက်ဆက် ယဉ်သကို
ပျော်ကြမယ်ဆို ဒီအတာပွဲ။
သင်္ကြန်ရောက်လို့ ဖိတ်ခေါ်တယ်
စိတ်နော် တစ်ကယ် ပျော်ရွှင်မြူးလျှက်။
နှစ်သစ်ကူးလို့ ဆုထူးခြွေ
တို့မောင်မယ်တွေ ပျော် တစ်ပြုံးပြုံး။
နှစ်ကူးသမယ ရွှင်ကြစေ
သာစွဌာနေ တို့ရိုးရာပွဲ၊၊
ပိတောက် ငုဝါ မွှေးကြိုင်ကြိုင်
ပွဲမတိုင်ခင် ပြင်ကြ ဆင်ကြ။
တူးပို့သံများ ကြားရပြန်
နားဝင်ပီယံ ချိုအီစိမ့်စိမ့် ။
ဒိုးပတ်သံက မြူးစေကွယ်
ထူးပါပေတယ် ဒို့ အတာပွဲ၊၊
ယဉ်ကျေးပါတဲ့ တို့ရိုးရာ
ဝတ်စားမှာကွယ် မ လော်လည်နဲ့ ။
ဘီယာသောက်တဲ့ မိန်းမပျို
ဟို အစ်ကိုတွေ လှောင်ကြ ပြောင်ကြ။
အိုးမဲသုတ်ရင်း ကျီစယ်တယ်
စိတ်နော် တစ်ကယ် ဆိုးလိုက်ပါနဲ့။
မုန့်လုံးထဲက ငြုပ်သီးပါ
ရှုးရှဲအော်ကာ စိတ်နော်ဆိုးဘူး။
ဒီဂျေ ဒိုးနဲ့ ဒွန့်ကြပြီ
ပျော်မဆုံးသည် ရေသီတာပွဲ၊၊
အိမ်ထဲမှာဘဲ ပုန်းမနေ
လာကြပါဆွေ ဝိုင်းလို့ မြူးကြ ။
မြ နန္ဒာနဲ့ ကကြမည်
လှပ ဝေစီ ယိမ်းက အဖွဲ့ ။
နှစ်ကူး ကာလ အတာပွဲမှာ
ယဉ်ကျေး စွာသာ ပျော်ရွှင်မြူးကြ။
သင်္ကြန်ပွဲမို့ ပျော်ကြတယ်
တို့နိုင်ငံဝယ် ရိုးရာမပျက် ။
ရိုးရာ မပျက်သာ ပြောရတယ်
ရိုးရာရယ် ကွယ်ပျောက်လုလု ။
ဒီဂျေသံနဲ့ ကတဲ့မေ
တူးပို့ တွေကို မေ့နေပလား ။
မြန့်မာ့ဒိုးသံ မိုးလုံးညံ
မရိုးအမှန် သိကြပါကွဲ့ ။
ရေပက်တာနဲ့ ပိတောက်ဝါ
မပြောင်းလဲတာ ဒါပဲ ကျန်ရစ်။
ဝတ်ကြ စားကြ စိတ်ကုန်ဖွယ်
သိပ်မလုံတယ် မြင်သူရှက်ရှက်။
စကပ်ကွဲလေး တစ်ပေါင်ပေါ်
ကုန်းနော်ကွနော် အမြင်မတော်ဘူး ။
အင်္င်္ကျီ ပါးပါး ရေထိရင်
မချိ ဘဝင် ကလိကလိ ။
ကားပေါ်မဆင်း သင်္ကြန်မှာ
ပွဲပြီးတဲ့ခါ ကျန်ရစ် ကျန်ရစ်။
သောက်လိုက်စားလိုက် တုကာယှဉ်
ကျားမ ရင်ဘောင် တန်းတဲ့ အဖြစ် ။
သင်္ကြန်အတွင်း ရောင်းကောင်းတာ
အရက် ဘီယာ ဈေးနှုန်းတွေတက်။
ဘီယာကိုင်တဲ့ သမီးပျို
ဟိုအစ်ကိုတွေ အထင်မြင်သေး။
နောက်ကြ ပြောင်ကြ မခံချင်
မူးရင်ရူးရင် ရန်ပွဲတွေဖြစ်။
ဆေးရုံ စခန်း ထွက်ထွက်ဝင်
ငွေကုန်မယ်ပင် ပြင်ကြ ပြင်ကြ ။
ရိုးရာပွဲလို့ အမည်တွင်
ယဉ်ကျေးစွာပင် ပြင်ကြဆင်ကြ။
ယဉ်ကျေးမှုကို ဦးဆောင်တာ
သရုပ်ဆောင်တွေဟာ အဓိကပါပဲ။
ဝတ်ကြ စားကြ ယဉ်ကျေးစွာ
အမြင်အေးစရာ ရှေးက ပါပဲ။
ခုခါများဖြင့် စိတ်ကုန်ဖွယ်
လုံခြုံတယ်ကို စာဖြင့်ရေးကြည့် ။
ပြင်ကြပါဗျ တစ်ယောက်ချင်းမှာ
မှောက်ယွင်းစရာ ရှောင်ကြ ရှားကြ။
ထိန်းထိန်းသိမ်းသိမ်း ယဉ်ကျေးပါ
ပါတ်ဝန်းကျင်မှာ စလို့ပြောင်းလဲ။
မြန်မာ့ သင်္ကြန် အဖိုးတန်တာ
အများသူငါ သိကြတာပဲ၊၊
ဟေ့ စိန်လား ဟေ့ မြလား ဟေ့ ရွှေလား
ဟေ့လာမောင်ရို့ဝါး......။ ။
သံချပ် နှစ်ပုဒ် ပေါင်းထားတာပါ မနှစ်က ကဗျာပေါ့
မဖတ်ရသေးရင် အသစ်ပါပဲ ၊၊
နန်းဧ ကရီ
""အိမ်တွင်းနတ် အိမ်ဦးနတ် ""
---------------------------------------- ( အရိုးခံ တေးထပ် )
အသားမာ လက်မှာထပ်
သက်ပါအပ် ချစ်ရှာ
ထက်လွှာနတ် အစစ်ပါကွယ်
ပစ်မခွာ ရင်သွေး။
ကျေးဇူးဖြင့် မဆုံးနိုင်တယ်
အပြုံးလှိုင် အဖေ့ရဲ့ချွေး။
ဆိုဆုံးမ ချိုလွန်းစွာကွယ်
ပိုညွှန်းရှာ လူလေး။
ဖြိုသွန်းကာ အတူထွေးလို့
မပူရေး ရှာဖွေ။
လမ်းပြညွှန် နတ်တစ်ပါးသို့
ထပ်မနား ပေးမေတ္တာရေ။
သားသမီး ထွန်းကားလေရန်
တွန်းအားစေ အဖေပြုလို့
အရှည်ရှု လိမ္မာအောင်
အိမ်ရာအနှောင်။
အဖေ့ရဲ့ မေတ္တာရောင်သည်
နှစ်ကြာတောင် ပျက်နိုင်ဘူးလေး။
ဂုဏ်အထူး တေးဖွဲ့ဆောင်သော်
ငေးတဲ့မောင် ရှုံးပြီကွဲ့လေး။ ။
နန်းဧ ကရီ
""အဖေ ကျန်းမာပါစေ ""
------------------------------ ( စိတ်ကူးမှတ်တမ်း လေးပါ
အမျိုးတွေ)
အိပ်မက်ထဲမှာ ၊ မသာယာခဲ့
တွယ်တာ ဦးထိပ် ၊ မြင်းမိုရ်ရိပ်ကား
တိတ်ဆိတ်ခြေသံ ၊ ငါ့ရပ်ထံမှ
သွေရန်အတွက် ၊ကျောခိုင်းထွက်၏။
အိပ်မက်တွင်မျှ ၊ ကြေကွဲရ၍
ပူစွ ရှိုက်ငို ၊ မျက်ရည်ယိုကာ
အလိုလို မော ၊ အိပ်မက်တောမှ
နိုးသောအခါ ၊ မျက်ဝန်းမှာကား
စီးဖြာ မသွေ့ ၊ မျက်ရည်ငွေ့တို့
မြင်တွေ့မိသည် ၊ စိုးထိတ်ပြီ။
အဟမ်း အဟမ်း ၊ ဟိုဖက် ခန်းမှ
ယဲ့နွမ်း အသံ ၊ ချောင်းဟန့်ပြန်သော်
အမှန် အားထား ၊ မြင်းမိုရ် ဖျားက
အနားလာလေ ၊ တွဲထူစေ၍
ရေတိုက်ပါလား ၊ အိမ်သာသွားမယ်
တံခါး ရောက်အောင်၊ ပို့ဆောင်ခိုင်းမှ
ရင် ချသက်ပြင်း ၊ အမောကင်း၏။
မြင်းမိုရ်တစ်စင်း ၊ နယ်အယွင်းမှာ
အလင်းတစ်မျှင် ၊ ဖခင်သည်သာ
ပမာနှိုင်းဆ ၊ သော်တာလထက်
အေးမြမှန်ကန် ၊ စိတ် သဏ္ဌာန်တွင်
ရိပ်မှန် အားထား ၊ မြင်းမိုရ်ဖျားကို
အနားမခွာ ၊ နေလိုပါသည်
မမာဖခင် မာစေချင်။ ။
နန်းဧ ကရီ
""မြတ်တ်နိုးခြင်း ""
-------------------
ရင်တစ်ခြမ်းမှာ
အလွမ်းတွေပွင့် ၊ ကမ်းခြွေလင့်မယ့်
သခင့်လက်ကို ၊ စောင့်လို့ကြိုဆဲ
ငိုပွဲမဆုံး ၊ မျက်ရည်ဖုံးလို့
အပြုံးတွေလည်း ပျက်ခဲ့ပြီ။
မျှော်သာမျှော်လျှက်
အခေါ်ခက်သူ ၊ ရင်မှာပူသည်
ဘယ်မူထွေခင်း ၊ နှစ်ကိုယ်ချင်းကို
ခွင်းဖြိုနှိပ်စက် ၊ ကံအဖျက်မှာ
မသက်မညှာ ၊ ကြုံကြိုက်လာတော့
ဆုံခိုက်မှာဝေး ဝေးဆဲလေ။
တမ်းတနေရင်း
တမ်းတခြင်းဖြင့် ၊ နွေနင်းမိုးကုန်
ဆောင်းရိပ်လှုံလို့ ၊ ပွင့်ငုံ မာလာ
ရာသီ အလိုက် ၊ ပွင့်ခိုက်မြင်ပြန်
သူ့ သဏ္ဌာန်လား ၊ ပန်းမာလ်ကြားမှာ
ပြေးလွှားရှာမိ ၊ ပန်းကိုကြည့်သော်
သူ၏ မျက်နှာ လဝန်းသာတည်း။
ပန်းမြင်ကာမျှ
ကြင်နာလှသော ၊ ရင်ဝ စူးနစ်
ကိုယ့်အချစ်ကို ၊ လှစ်ဟဆို၏
မြိုမိမတတ် ၊ အချစ်အပ်ချင်
မြတ်မြတ်နိုးနိုးချစ်သောကြောင့်။
နန်းဧကရီ
""အရိပ်စစ် မှ ရင်နွမ်းသူ ""
-------------------------------- ( သုံးချက်ညီ တေးထပ် )
မမျှော်ပါ တော်ရာက
ဖော်ကွာဟ နွမ်းပူ
ရော်ကာတ မလန်းသူပေ
ပန်းအဆူ ချွေးစက်။
သမီးသား ကြီးထွားလာသော်
စည်းတားကာ ထိန်းရန်အခက်။
ကလေးခိုက် ထွေးပိုက်ရွှင်ကာ
ကျွေးလိုက်စဉ် ပျော်လျှက်။
မွေးစိုက်အပင် အတော်ထွက်တော့
မခေါ်ရက် သူပါ ။
ပွင့်အစုံ ဝင့်ငုံဖူးတော့
ဆင့်ထုံကူး ပျော်မြူးနေတာ။
ခွဲအသွား သည်းများနာစေ
ပွဲကြားမှာ တင့်မဆုံးတော့
အသင့်ပြုံး မဖယ်မြန်းဟန်
တကယ်နွမ်းပြန်။
အကြွယ်လန်း ရွယ်မှန်းမှန်စွာ
ခြယ်ပန်းမာလ် ဥယျာဉ်ကွယ့်လေး။ ။
နန်းဧ ကရီ
အရှုံး မပေါ်ပါ
___________ ( လင်္ကာ )
သင်မွေးဖွားလာ ၊ အချိန်ခါ တွင်
သင့်မှာ ဘာများ ၊ ပါလာထား၍
အားငယ် ဆွေးပူ ၊ ငိုသံဆူကာ
လူဖြစ်နေတုန်း ၊ အကျရှုံးကြောင့်
လူလုံးမလှ ၊ ငါ့ဘဝဟု
ကျဆင်းစိတ်ဝင် နေသနည်း။
သင်ဖြတ်သန်းခိုက် ၊ တွေ့ကြုံကြိုက်သည့်
တိုက်ခိုက် တတ်စွာ ၊
ဒဏ်ရာ ဒဏ်ချက် ၊အတိမ်နက်သည်
ဖျက်ရန်မလွယ်၊ လူတို့နယ်မှ
တကယ်လှသော ပန်းချီတည်း။
အူဝဲ အူဝဲ ၊ လောကထဲတွင်
စလည်းဝင်ရာ ၊ လက်ဗလာနှင့်
ကိုယ်မှာအဝတ် ၊ လုံးတီးချွတ်ဖြင့်
လူလွတ်ချည်းတွင် ၊ အသက်ရှင်၍
ငယ်စဉ်ကာလ ၊ သေဆုံးရသော်
ဘယ်မျှ ဆိုးလည်း သူငယ်ချင်း။
အသက်ရှင်သော
စင်စစ်လူတည်း ၊ ဦးဏှောက်ကြီး၍
ဘုန်းမီးတောက်ပြောင် ၊ စိတ်စွမ်းရောင်ဖြင့်
လူ့ဘောင်လောက ၊ မထွန်းပလည်း
နေရစဉ်ခါ ၊ ကိုယ့်နေရာအား
သာယာထွန်းလင်း စွမ်းနိုင်၏ ။ ။
နန်းဧ ကရီ
""ဥပေက္ခာစေသူသို့ ""
__________________ ( အရိုးခံ တေးထပ် )
ဥပေက္ခာ အမုန်းမြှား
နှလုံးသား စူးလေ
အပြုံးများ မဖူးဝေအောင်
ရူးပါစေ နှင်မြဲ။
တိမ်းရှောင်ပုန်း လမ်းကွယ်ရာမှာ
နွမ်းလွယ်ကာ ကျမျက်ရည်ဝဲ၊၊
မမြင်လမ်း ရွေးရက်နိုင်တယ်
ဆွေးအက်ယိုင် မျှော်ဆဲ ။
တွေးလျှက်မှိုင် အဖော်ကွဲလို့
အပျော်နည်း လွမ်းနေ။
သူမမြင် သူမသိပါတဲ့
အပူမိ လွမ်းနေ့ညတွေ။
ချစ်နှောင်တင်း ရက်အရှည်ကို
ဖျက်သလေ အခုများတော့
မှုမထား ဥပေက္ခာ
ပြုသစ်အနာ။
မျှော်လင့်ခြင်း ကမ်းပြိုလာသော်
တမ်းငိုမှာ သိနိုင်ရဲ့လေး။ ။
နန်းဧ ကရီ
"အချစ်ဟု ခေါ်ပါသည်""
______________________ ( လေးချိုး )
သံယောဇဉ် နွယ်အဖြစ်ရယ်က
အမှန်ပြောလျှင် တွယ်အစစ် ပေမို့
ဖယ်ပစ်ဖို့ ခက်လှတယ်။
ရုန်းဖယ်ရန် မဆိုထားပါနဲ့
မုန်းမယ်ဟန် နှစ်ကိုယ်ခြားမယ်လို့
အပြုံးဖယ်လှန် ထိုစကားကိုတော့
မကြားဝံ့ ခါးသက်စွာ
နားအထက်မှာ ကြမ်းရှပါလို့
လွမ်းရ ပြီကွယ်။
ချစ်ခြင်းနှောင် မေတ္တာကြိုးကိုဖြင့်
ရစ်တင်းအောင် သစ္စာဖြိုးပါလို့
မြတ်နိုးမိ အစဉ်တွယ်
သခင်ရယ် သက်ညှာပေး။
ရစ်သမျှမရှောင်
ချစ်စနှောင် သက်ပုံထားတာမို့
ရှစ်ဘဝတောင် ဆက်ဆုံမလားရယ်ဖြင့်
အနားနီးဖို့. တောင်းဆိုချင်
ကြင်သူရေ ပုန်းရှောင်သွား ပါနဲ့
သနားသဖြင့် ညှာတာပါ
စေလိုရာ ဘယ်ထိရောက်စေလည်း
လှိုင်းလေဖေါက် အတူပျော်
နွမ်းပါသော် နှစ်ကိုယ်ချစ်ကာဖေးမယ်လို့
တမ်းကာမျှော် ပိုညစ်စရာဝေးအောင်ကွဲ့
ဆိုသစ္စာတေး။ ။
နန်းဧ ကရီ
""ဣန္ဒြေဆင်လို့ ယဉ်""
-------------------------------- ( သုံးချက်ညီ တေးထပ် )
အဖူးတွင် ခူးချင်ကြ
ဆူးဆင်သ ပန်းမန်
ထူးအသွင်လှ မနွမ်းရန်ကွယ်
လှမ်းအကြံ ရွံ့ရေး။
မိန်းမသား ယိမ်းပါးရာကို
ထိန်းထားပါ ဆူးသိက္ခာဆေး။
လက်သရမ်း ဖျက်ကြမ်းသူတွေ
မက်လှမ်းယူ ကြံဝေး ။
ခက်ပန်းမူ သဏ္ဌာန်သွေးကြောင့်
အမှန်ပြေး ဝေးရာ။
ဣန္ဒြေ စိန်ရွှေသတော့
ထိန်ဝေပ လောကီထက်မှာ။
မွတ်အဝင်း ချွတ်နင်းတာကို
လွတ်ကင်းကာ မှန်မလွဲလို့
သဏ္ဌာန်မြဲ အဖူးရက်တွင်
မခူးဖျက်ဆင်။
မြူးမပျက် ထူးလျှက်လွင်နေ
ဆူးချက်မြင် စိုးရွံ့တယ်လေး။ ။
နန်းဧ ကရီ
အပယ်ခံသား ဂြိုလ်ဆိုး
( လင်္ကာ / ဝတ္ထုကဗျာ )
အမေကမွေး ၊ အဖေကျွေးသည့်
ရင်သွေး ခြောက်ယောက် ၊ သားချင်းပေါက်တွင်
ဦးဏှောက် ဉာဏ်လွှာ ၊ ထုံထိုင်းရှာသော
သညာ ပေတိုး ၊ နာမည်ယိုး၍
ဂြိုလ်ဆိုးသူငယ် ၊ ဝိုင်းပစ်ပယ်လျှက်
မတွယ်တာကြ ၊ မိနှင့်ဘသည်
နှိမ့်ချဆက်ဆံ ၊ အပယ်ခံတည်း။
စီးပွားလူမှု ၊ ဒုက္ခစုသည်
ပြုဟောင်းမထင် ၊ ဂြိုလ်ဆိုးဝင်၍
ပစ်တင်ဆိုပြော ၊ နှိမ်သဘောကို
ကြားသောဟန်ပန် ၊ မရှိပြန်ဘဲ
မျက်မာန်မညှိုး ၊ သွားကြဲကျိုးနှင့်
ခိုးခစ်သံမြည် ၊ ပြုံးရွှင်ကြည်၏။
အရွယ်ရောက်လျှင် ၊ ပညာသင်ဖို့
အိမ်တွင် စီးပွား ၊ ဥစ္စာပါး၍
သားသမီးဝယ် ၊ ဉာဏ်မကြွယ်သည့်
သားငယ်ဂြိုလ်ဆိုး ၊ပညာတိုးရန်
သင်ရိုးမစေ ၊ အိမ်တွင်းနေကာ
လိုလေသမျှ ၊ စေခိုင်းကြရင်း
တစ်စတစ်စ ကြီးပြင်းပြီ။
ခြေလက်ပေါ့ပါး ၊ ခိုင်းစေသွား၍
အားထားရသူ ၊ စိတ်ရင်းဖြူကာ
ကူညီလိုက ၊ မဆိုင်းတွဘဲ
သယ်မ ကူညီ ၊ ဂြိုလ်ဆိုးသည်ကား
အတည် လုပ်ငန်း ၊ မတတ်စွမ်းလည်း
ထမ်းပိုးရေငင် ၊ အိမ်တိုင်းဝင်၍
ငွေရွှင် လက်ရ ၊ အိမ်သို့ကျ၏။
မောင်နှမချင်း ၊ သွေးအရင်းလည်း
ကင်းမဲ့ညှာတာ ၊ ခိုင်းစေကာဖြင့်
သဒ္ဓာမထား ၊ နှိမ့်ချပွါး၍
ဆွေကြားထင်ပေါ် ၊ အမျိုးတော်ဟု
ထုတ်ဖော်မပြ ၊ ပြုကုန်ကြ၏။
ဘယ်သို့မူမူ ၊ ကူမြဲကူကာ
ဘယ်သူ နှိပ်စက် ၊ ပြုံးမပျက်ဘဲ
ဆက်ကာကူညီ ၊ ဂြိုလ်ဆိုးသည်ကား
ပီပြင် အပြုံး ၊ အမြဲသုံး၏။
တစ်နေ့ခါတွင် ၊ သူ့မိခင်သည်
ကိုယ်တွင်ကပ်စွဲ ၊သန္ဓေ ခဲမှာ
မမြဲလျှောလေ ၊ အခြေနေကြောင့်
သေမည်လေလား ၊ သောကများ၍
အိမ်သားတစ်တွေ ၊ ညှိုးငိုင်နေလျှက်
အဖြေမရှိ ခက်ခဲဘိတည်း။
ငွေကြေးပိုက်ဆံ ၊ မရှိပြန်၍
စိတ်ကြံမရ ၊ လက်မှိုင်ချကာ
ကူမ မည့်သူ ၊ မရှိမူခိုက်
အပူတပြင်း ၊ ငွေလိုခြင်းကြောင့်
စိတ်တွင်း ဒုက္ခ ၊ ရောက်ခဲ့ရသော်
ကူမလို့ပေး ၊ ဂြိုလ်ဆိုးလေးတည်း။
အမေ့ဆေးဘိုး ၊ ခွန်အားတိုးကာ
မျှော်ကိုးဖွေရှာ ၊ အသပြာကို
ရလာအခိုက် ၊ ဆေးခန်းလိုက်၍
ပျော်ပိုက်ဝမ်းသာ ၊ ပြေးအလာဝယ်
ဓာတ်စာဆေးဝါး ၊ ဝယ်လိုအားကြောင့်
ကားများမမြင် တိုက်မိစဉ်ဝယ်
ကိုယ်ပင်တခြား ခေါင်းတခြားနှင့်
လက်ကားကိုင်ယူ ၊ ငွေစမူကို
သူလေမလွှတ် ၊ အသက်ကျွတ်ခဲ့။
သနားစဖွယ် ၊ မျက်နှာငယ်နှင့်
မကြွယ် ဉာဏ်စွမ်း ၊ အသိနွမ်းကာ
မခမ်း မေတ္တာ ၊ ပေးချင်ရှာသည်
လူသာသေလည်း ၊ သူ့လက်ထဲမှ
ကျစ်ခဲ ဆုပ်ကိုင် ၊ ငွေစပိုင်ကို
သေတိုင်မချ သနားစွ။
ဪ …
ဂြိုလ်ဆိုး ဂြိုလ်ဆိုး ၊ နာမ ယိုး၍
တိုးဝင်လူခြေ ၊ မရလေလည်း
သေသည်အထိ ၊ စိတ်ကောင်းရှိလျှက်
သိတတ် လိမ္မာ ၊ သူ့ မေတ္တာအား
သေရွာရောက်လည်း ပြခဲ့မြဲ၏။
သနားစရာ ပေတိုးမှာကား
သေခါမှပဲ ၊ ဂြိုလ်ဆိုးလွဲ၍
မှတ်စွဲအမည် ၊ ကျွတ်လေပြီတည့်
ငိုမြည်တမ်းတ ၊ ချစ်ပါလှဟု
အော်ကြဆူပူ ၊ သေသောသူမှာ
ဘယ်မူမသိ ၊ငြိမ်းပါ ဘိတည်း။ ။
နန်းဧ ကရီ
""အမေအားလုံး၏ သတ္တိ""
( သုံးချက်ညီ တေးထပ် )
အမေဟာ မြေမာလမ်း
စေရာလှမ်း ပိုးချီ
ဖွေရှာမှန်း မညှိုးသည်ကွယ်
မရိုးပြီ နေမြဲ။
ရှုံးအမြတ် သုံးသပ်ဖယ်ကာ
မှုန်းအပ်ချယ် မေတ္တာရင်ထဲ၊၊
ထမင်းအိုး ဟင်းဖိုးဖွေတယ်
အရင်းပျိုးလေ ခက်ခဲ ။
အဆင်းမညှိုးပေ အသက်ပဲမို့
မပျက်စွဲ မွေးမြူ။
ဆန်အလာ ပြန်ကာမတွေး
ဖန်ရှာကျွေး အေးချမ်းကြည်ဖြူ။
အစစ်အေး ရစ်ထွေးသူပါ
ချစ်ရေးတူ အသည်းကြားမှ
မခွဲခြား သားသမီးဆို
ပွားအစီးလို ။
သွားမညည်း ရှားမီးဖြိုမယ်
မခါးသီးချို ရင်သွေးတွက်လေး။ ။
နန်းဧ ကရီ
""မြတ်နိုးခြင်း ""
-------------------
ရင်တစ်ခြမ်းမှာ
အလွမ်းတွေပွင့် ၊ ကမ်းခြွေလင့်မယ့်
သခင့်လက်ကို ၊ စောင့်လို့ကြိုဆဲ
ငိုပွဲမဆုံး ၊ မျက်ရည်ဖုံးလို့
အပြုံးတွေလည်း ပျက်ခဲ့ပြီ။
မျှော်သာမျှော်လျှက်
အခေါ်ခက်သူ ၊ ရင်မှာပူသည်
ဘယ်မူထွေခင်း ၊ နှစ်ကိုယ်ချင်းကို
ခွင်းဖြိုနှိပ်စက် ၊ ကံအဖျက်မှာ
မသက်မညှာ ၊ ကြုံကြိုက်လာတော့
ဆုံခိုက်မှာဝေး ဝေးဆဲလေ။
တမ်းတနေရင်း
တမ်းတခြင်းဖြင့် ၊ နွေနင်းမိုးကုန်
ဆောင်းရိပ်လှုံလို့ ၊ ပွင့်ငုံ မာလာ
ရာသီ အလိုက် ၊ ပွင့်ခိုက်မြင်ပြန်
သူ့ သဏ္ဌာန်လား ၊ ပန်းမာလ်ကြားမှာ
ပြေးလွှားရှာမိ ၊ ပန်းကိုကြည့်သော်
သူ၏ မျက်နှာ လဝန်းသာတည်း။
ပန်းမြင်ကာမျှ
ကြင်နာလှသော ၊ ရင်ဝ စူးနစ်
ကိုယ့်အချစ်ကို ၊ လှစ်ဟဆို၏
မြိုမိမတတ် ၊ အချစ်အပ်ချင်
မြတ်မြတ်နိုးနိုးချစ်သောကြောင့်။
နန်းဧကရီ
""ဂုဏ်မဲ့သူအချစ် ""
( နဘေဆင့် လင်္ကာ )
မလှမ်းဝံ့ပြီ ၊ နန်းညွန့်ဆီမှ
ရွှေရည်တမျှ ၊ ဝေစီခလျက်
အလှထိပ်ခေါင် ၊ မြရိပ်ရောင်သို့
ခန်းဆောင်အတွင်း ၊ သွမ်းမှောင်ကင်းအောင်
အလင်းဖြန့်ကာ ၊ ဝင်းဖန့်ဝါသည့်
မာလာ ခိုင်ခက် ၊ ဖြာကြိုင်လျှက်ကို
လက်တွင်အတူ ၊ ဖက်ငင်ယူရန်
မချူသာခဲ့ ဖြူပြာနွဲ့ရေ။
မတန်သည့်ပန်း ၊ ပြန်ကြည့်လွမ်း၍
လက်လှမ်းမသာ ၊ ဆက်တမ်းကာဖြင့်
ဘယ်ခါအကြွေ ၊ တွယ်တာနေသည့်
အခြေမမျှ ၊ မြေဘဝမှ
ဓနမဲ့လူ ၊ တတဲ့သူအား
မတူတန်လား ၊ ထူမာန်ပွားလျှက်
သက်ထားမကြင်၊ မျက်အားဝင်သည်
သခင်မုန်းချက် ၊ ရင်နုံးဆက်၏။
ကြင်ပါနှမ ၊ ညင်သာလှစွာ
ခွန်းစအချို ၊ ညွှန်းပြလိုလည်း
ဆိုရာမရဲ ၊ ပြိုကာလဲ၍
အသည်းမခိုင် ၊ အမြဲတိုင်စေ
ရင်ဆိုင် အလွမ်း ၊ မြင်နိုင်စမ်းဟု
တမ်းတအနေ ၊ ကြမ်းခနွေသို့
ဝေဒနာအား ၊ သေချာပွားအောင်
သိမ်းထားအစဉ် ၊ စိမ်းကားခင်ရေ။ ။
တမင်မညှာ ၊ ခင်တမာသည်
ကြင်ကာမထား ၊ ရင်နာပွားအောင်
အနားမခေါ် ၊ စကားသော်မျှ
ဖော်ရွေ မဟ ၊ မော်နေလှသည့်
နှမမျက်နှာ ၊ ခ"ဆက်ကာပင်
ရင်လွှာအညှိုး ၊ ကြင်နာပျိုးကာ
ခိုကိုးအစဉ် ၊ ပိုတိုးကြင်မည်
သခင်မသိ ၊ရင်မချိလည်း
နွေ၏ သဏ္ဌာန် ၊ ကြွေဘိဖန်စေ
ကျွမ်းရန်အတွက် ၊ လွမ်းဖန်ဆက်၍
နှစ်သက်ကာသာ ချစ်လျှက်ပါတည်း။ ။
နန်းဧ ကရီ
""စိတ်၏စေရာ ""
( လင်္ကာ )
စိတ်၏စေရာ ၊ ကိုယ်နှုတ်ပါ၍
ထင်ရာ လုပ်ပြော ၊ အန္ဓနှောကာ
မောဟအမှောင် ၊ လွှမ်းပိတ်ဆောင်သော်
သေနောင်အပယ် ၊ ရောက်တတ်တယ်ရှင့်။
ငါ့ဟာ ငါ့ဖို့ ၊ တွက်ချက်လို့ဖြင့်
လူတို့နယ်ပယ် ၊ ဟန်ရေးကြွယ်လျှက်
ကွယ်ဝှက် ကာထား ၊ ကိုယ့်အမှားဖြင့်
အများအမြင် ၊ သူတော်စင်။
သူများမကောင်း ၊ သတင်းကြောင်းကို
မဟောင်းနိုင်စွာ ၊ ဟောင်ဖွာဖွာဖြင့်
လူရာဝင်ရေး ၊ နင်းခြေသေးလျှက်
အတွေးအခေါ် ၊ နုံလွန်းသော်ကား
မတော်တဲ့လမ်း သူလေမြန်း၏။
မတရားမှု ၊ရှောင်ပြောပြု၍
ယခုလူ့ပြည် ၊ ခဏနေ၌
သေခါယူသွား ၊ မရအားဖြင့်
သိထားကာလေ ၊ ဆင်ခြင်စေ။
ဒုစရိုက်ရှောင် ၊ ဤလူ့ဘောင်တွင်
စိတ်ဆောင်သမျှ ၊ ကြံတိုင်းရ၍
သုခစုံညီ ၊အေးချမ်းမည်တည်း။
နန်းဧ ကရီ
""နာမ ကမ္ပည်း""
( လင်္ကာ )
ရုပ်နာမ် နှစ်ဖြာ ၊ ကိုယ်ခန္ဓာနှင့်
သေခါ အဆစ် ၊ အပိုဖြစ်သည့်
ပစ္စည်းဥစ္စာ ၊ ရတနာတို့
နောက်မှာချန်ထား ၊ ယူမသွားဘဲ
လူကြားနေစဉ် ၊ ဘယ်ဖြစ်အင်ကြောင့်
ငါလျှင် ဂုဏ်ကိုးနေသနည်း။
ရှိသောဥစ္စာ ၊ မြတ်ပညာနှင့်
ချမ်းသာ ရွှေငွေ ၊ ဂုဏ်သရေပြင်
ရှာဖွေသမျှ ၊ တစ်လက်မလည်း
ပေးကြမထင် ၊ သေလွန်လျှင်တည်း ။
ငါတတ် ငါသိ ၊ ပညာရှိလည်း
သေသည့်အခါ ၊ လက်ဗလာဖြင့်
ဖွေရှာပိုက်စည်း ၊ ပညာကြီးကို
အပြီးနောက်ချန် ၊ အဖြစ်မှန်ရှင့်။
ရထူး ဌာန ၊ ကျော်ကြားလှလည်း
နံရပုပ်ဟောင် ၊ ခန္ဓာကောင်သည်
ပုံဆောင်ခဲပင် ၊ ဓါတ်လေးအင်ကို
ရက်လျှင်မဆိုင်း ၊ ထုတ် သင်္ချုႋင်းတည်း။
နေတုန်းအခါ ၊ ကိုယ်ဖွေရှာသည့်
ဥစ္စာ ပစ္စည်း ၊ ပညာသီးကို
အနီးဖြန့်ဝေ ၊ အလင်းစေမှ
သေသည့်ချိန်ရောက် ၊ ကိုယ်၏နောက်တွင်
ထွန်းတောက်အမည် ၊ နှစ်ရာချီလည်း
မှုန်ရီမပျက် ၊ ကျောက်သားထက်တွင်
နက်စွာ ထွင်းပေ ၊ ကမ္ပည်းနေသို့
နှစ်ရှည်မည်ကောင်း ၊ဆင့်ဆင့်လောင်းသည်
မနှောင်းသက်ရှင် ၊ သတိဝင်သင့်တကား။ ။
နန်းဧ ကရီ
""အသာဆုံးသော ""
( လေးချိုး )
ငှက်ဆိုတာ လွှားပျံရင်းသာပ
တက်လိုရာ အားမာန်နှင်းပါလို့
မသေမချင်း နေထိုင်။
သူနားရာ အပင်ကျိုးမှာတော့
မပူအားပါ မြင်မစိုးပါဘု
သူခိုကိုးရဲ့ သူ့အတောင်
အားဆောင်ကာ ပျံသမျှမှာဖြင့်
မနားအောင်သာ ဟန်ကျပါလို့
လှပနေနိုင်။
ငှက်ကိုသာ ဥပမာထားပါလို့
တက်လိုရာ ပြုခါသွားရန်ဖြင့်
လူသားတို့ ကြံစွဲကိုင်
မာန်ဇွဲပိုင် ဉာဏ်သုံး။
ကံကိုစိန်ခေါ်
ဉာဏ်ဖြိုကာ တိမ်ပေါ်ရောက်ပါလို့
ကြံလိုရာ ထိန်ကျော်တောက်အောင်ဖြင့်
ဦးဏှောက်နဲ့ လူမှာပင်
တစ်မူသာထင် သတ္တဝါထဲမှာတော့
မှတ်စွဲလို့ စွမ်းဆောင်လေ
ကမ်းအောင်မြေ မကွာဝေးပါဘု
လမ်းမှောင်စေ အသာလေးပေလို့
တွေးပေါ့ထိပ်ဆုံး။ ။
နန်းဧ ကရီ
စိတ်အားဖြည့်နေ့စဉ်
( လေးဆစ် )
( 1.)
ဘဝမှာ ခက်ခဲသလား
မဖျက်ပဲသွား ရောက်မယ်လေ ။
ကိုယ့်ထက်ပင် ခက်ကြသေး
ဒုနဲ့ဒေးပေ။
နေတတ်အောင်နေ
သေချိန်ထိ မကြာဘူး။
ကြပ်လို့ညစ်လာ
ထပ်လို့နစ် မကြည်သာတော့
ဒီတစ်ခါ လူ့ဘဝဟာဖြင့်
မှိန်ပြလို့လူး။ ။
( 2.)
စိတ်ဓါတ်တွေ မကျပါနဲ့
ရလာတဲ့ ခဏတာ။
လက်ရှိကို ကောင်းအောင်တွေးလို့
မနှောင်းသေးပါ ။
အပျက်စိတ်ဟာ
ဖျက်ရိပ်သာ ရောက်မြဲ။
ဘယ်လောက်ခက်စေ
တကယ်အရောက်တက် မသွေပေါ့
တစ်နေ့ပေ ရောက်မယ်မှန်းပါလို့
လှမ်းတက်ဖို့ပဲ။ ။
( 3.)
ခိုင်ကြည်စေ စိတ်မနောကိုဖြင့်
သဘောထား သင့်ပါလျှင်။
ဘယ်လမ်းကို ဘယ်လိုလျောက်သော်လည်း
ရောက်နိုင်ရဲ့ပင်။
အေးမြဘဝင်
ရွှင်ချိုသော် အခက်လွှား။
လမ်းမလွယ်သော်
မြန်းတကယ် ကျော်ဖြတ်ရေးဟာဖြင့်
အေးစိတ်ဖြင့်သွား။ ။
နန်းဧ ကရီ
"မှော်ဝင်အချစ် ""
( လေးချိုး )
မာယာနွယ် မုသားတွေနဲ့
ခါခါကွယ် ပြုစားတာမို့
ခုများတော့ အချစ်ဝင်ပေ
အစစ်ထင်နေ ပြုစားချက်ကိုဖြင့်
နှစ်သက်မိ ညှို့ငင်စေ။
မှော်သခင် စွမ်းအားအောက်မှာဖြင့်
ပျော်အစဉ် လမ်းများပျောက်တောင်မှ
ဘယ်ရောက်လို့ ဘယ်စေစေ
အလွယ်ပေ သက်နှံ ဝံ့တာမို့
တကယ်လေ ဖျက်လှန် ရွံ့ပါဘု
စွန့်ဖို့ ရည်နေ။
သူစေလျှင် မီးလမ်းခြားလေလည်း
ပူလေမထင် အပြီးလှမ်းသွားပါလို့
မညည်းစတမ်းလားကွဲ့ အချစ်ရေ
( အဲ့ဒါ လေ…) အိုအေစစ် အသစ်။
( ဪ အခုတော့ကွယ်…)
မျက်နှာဖုံးဆင်ကာ
တစ်သက်မုန်း ရင်နာဖို့ကွယ်
တမင်တကာ ပစ်ခွာထားလေတော့
ရင်အလွှာ ညစ်စရာပွားပြီမို့
ခါးသက်ခဲ့ သည်းအူဆိုင်
အမြဲတူပြိုင် နေမယ်အပြောတွေက
မြောရှာပေါ့ အတိတ်မှာ
ရင်နာဖွယ် အဖြစ်ကြီးပေမယ့်
အကြင်နာဖယ် အစစ်မညည်းပါဘု
( ကိုယ့်တစ်ယောက်ထဲလေ …)
ချစ်ပြီးရင်းချစ်။ ။
နန်းဧကရီ
""ဆည်းဆာ""
( သုံးချက်ညီ တေးထပ် )
နေအဝင် ရွှေမင်တို့
ဝေလွင်လို့ ဆည်းဆာ
မြေပြင်သို့. အပြီးဖြာတယ်
နီးအလာ ညထဲ၊၊
ချောအလှ တောကခင်တွေ
နှောကြစဉ် ရေအိုးကိုဆွဲ၊၊
နှစ်ဖက်ပါး ကွက်ကြားဆင်ကာ
မျက်ထားရွှင် ခြယ်မြဲ ၊၊
ခက်အားထင် တကယ်စွဲလို့
ဘယ်မကွဲ နတ်သွင်။
ပြုသဏ္ဌာန် တုပြန်တော့
နုဟန်ကြော့ လုံခြုံစွာဆင်။
တွေ့မရိုင်း နေ့တိုင်းမြင်လေ
မွေ့လှိုင်းရင် ရှုမဝလို့
သူ့အလှ ပန်းချီငေးအောင်
ကြည်အသွေးဆောင်။
မမီသေး သည်ဆေးရောင်တွေ
အတည်ထွေးနှောင် ညှို့လွန်းသူလေး။ ။'
နန်းဧ ကရီ
အာယုဒါန
————-
မြန်မာပြည် အလယ်ပိုင်း
ပူလှိုင်းဖြတ် ရေမလွယ်
ဒုက္ခတွေကြွယ်။
သဲရေတွင်း စောင့်ရင်းမယ်
နေမင်းကွယ် ညနေယွန်း။
"များလူရှင်သဒါ္ဓပွားပါလို့
စေတနာထားကာလှူ ရင်ဖြင့်
ဇမ္ဗူ တွင်အမြတ်ဆုံးညီပါ့
ကပ်သုံးလီ ကိုယ်မှာဝေးတဲ့အောင်
မပြတ်သးုံရေ လိုရာပေးကြဖို့
တွေးဆတိုက်တွန်း ။
နန်းဧ ကရီ
""ဖြည့်ဆည်းသူ ""
( သုံးချက်ညီ တေးထပ် )
အအေးဖြာ ပေးရှာခဲ့
နွေးပါတဲ့ နွေခါ
ပြေးလာလှည့် ဆွေသဟာရယ်
ဝေတမာ ရိပ်တွင်း။
အအေးရိပ် ချွေးသိပ်ဖြေနော်
ဝေးမိတ်ဆွေ သူငါ တစ်သင်း။
ဆွေအများ နေနားပါလျှင်
လေအားဖြာ ကူရင်း။
စေစားကာ အပူကင်းဖို့
အတူချင်း သစ်ပင်။
အရိပ်တွေ သိပ်ဝေညို့ပေမယ့်
မိတ်ဆွေတို့ အေးချမ်းစေချင်။
မခိုကိုး ကိုယ်ကျိုးမြင်ကာ
ပိုတိုးရှင် များလူတွက်ပေါ့
အားကူလျှက် ညှိုးမခြောက်နေ
ဖြိုးအမောက်ပေ။
မိုးတစ်လျှောက် တိုးပေါက်ဝေကာ
မျိုးနောက်ခြွေ အဆက်ဆက်လေး။ ။
နန်းဧ ကရီ
"""မေတ္တာ ""
( တေးရိုးငယ် )
အရှေ့ပြင် လွှမ်းကာနင်းတဲ့
ဆန်းစွာဝင်း နေခြည်
လန်းဖြာခြင်း ရွှေအရည်လို
မြေမဟီ တစ်လျှောက်။
အမှောင်ည ပြေးထွက်ခွာသော်
သွေးလက်ဖြာ လင်းရောင်စဉ်တောက်။
နေ့ဟောင်းကုန် အသစ်ရောက်တော့
အညစ်ပျောက် ပျော်ရွှင်။
ဝေနေယျ အားလုံးပင်လေ
ထား သုံး ဝင် မေတ္တာနှင့်လေး။ ။
နန်းဧ ကရီ
""အလွမ်း နဲ့ ကြယ် ""
( အရိုးခံ တေးထပ် )
ကဗျာတွေ တွေးမရ
ရေးမလှ ကာရန်
ဆွေးတစ်ည ပမာဟန်ကို
ငါအမှန် ရေးခက်။
ကြယ်တစ်သင်း မြင်မိပါသော်
အထင်ရှိတာ ပြုံးလှောင်နိုင်ရက်။
ဖော်ကွဲည လွမ်းတာရှည်မယ်
တမ်းကာနေ ကြွေသက်။
မှန်းဗျာပွေ ဆွေမမက်တော့
ဖွေမပျက် ရင်ပူ။
တမင်သာ စိမ်းယောင်သမ်းပါလို့
တိမ်းရှောင်လမ်း ရွေးတဲ့ဟန်မူ။
ပြောစကား မုသားဖြူကို
ပြုအားသူ ယုံချင်ဆဲပေမို့
ထုံကျဉ်ခဲ သည်းလွှာပြင်
မခွဲခွာထင်။
လွမ်းတိုင်းတော့ တိုးတွယ်ငင်တယ်
မိုးကြယ်စင် လှောင်စေပေါ့လေး။ ။
နန်းဧ ကရီ
""ဓမ္မလွှမ်းပါစေ ""
( တေးရိုးငယ် )
ဓမ္မတွေ လွှမ်းမိုးလို့
ပန်းပျိုးသို့. သာစေ
သွမ်းအဆိုးတို့ ကမ္ဘာမြေဝယ်
မကြာပေ ကွယ်ပ။
အဓမ္မ ကင်းပြတ်သွေကာ
လင်းအပ်စေ လောကီအလှ။
ကောင်းစိတ်ကို ဆောင်ကိုင်ကြပါမှ
အောင်နိုင်ရ. သဏ္ဌာန်၊၊
ဓမ္မ ဖြင့် တွေးလို့ကြံသော်
အေးဖို့အမှန် မလွဲပါလေး။
အဓမ္မ. ပယ်ဖြတ်လှန်ကာ
တကယ်မြတ်ရန် ဆောင်ကြစို့လေး။ ။
နန်းဧ ကရီ
""တစ်ပွင့် တန်ရာပန်""
---------------------------- ( သုံးချက်ညီတေးထပ် )
တစ်ပွင့်တန် သင့်မှန်မှန်း
ခင့်ဆံနန်း ဆင်ပါ
ဝင့်ထံ လှမ်း အမြင်မှာကွယ်
မယဉ်တာ သိထား။
မထိုက်ဘဲ ကြိုက်ဆွဲဆင်လျှင်
မိုက်မဲခင် မောလို့သာသွား။
မြင်သမျှ ယဉ် စွနေသော်
ခင်ရလေ ပျော်ပါး ။
ဆင်သပေ အမော်ကြွားနဲ့
အတော်များ ဂုဏ်ယူ။
ကြီးအာသာ မီးပါပဲလို့
ငြီးဖြာစွဲ စိတ်အတွင်းပူ။
လိုသမျှ ပိုရသူမှာ
ငိုကြမူ လောဘကြောင့်
အမောခ. ဖြစ်တတ်အမှန်
ညစ်ထပ်တစ်ဖန်။
အမြစ်ဇာတ် ရစ်ပတ်လှန်ကာ
သစ် မြတ် တန် မှန်းရွယ်ကြလေး။ ။
နန်းဧ ကရီ
ကိုယ်ချင်းစာတရား ""
------------------------------- ( လေးချိုး )
ကိုယ်ချင်းစာ တရားကိုဖြင့်
ပိုနှင်းကာ ထားပါလို့
များသတ္တ ချမ်းသာစေ။
နာကျင်အောင် သူတစ်ထူးကိုတဲ့
ငါ လျင်ဆောင် မူအကျူးတွေဖြင့်
စိတ်ကူးဖြင့် ပြုခြင်းရှောင်
ဆောင်ကြကွယ် အကြင်နာလွှမ်းကာပ
အေးချမ်းအောင်နေ။
စောမှန်စွာ
မနောခန္ဓာ နာအောင်လုပ်ပါက
ကိုယ်အပုပ် ကိုယ်ပဲခံ
ပိုကဲပြန် သေအောင်သတ်လျင်တော့
မှတ်ယူကြ ငရဲပေ
မလွဲမသွေ အပြီးဆင်း။
ကိုယ့် ခန္ဓာ အပ်ဖြားစူး တောင်မှ
အထူးသဖြင့် နာတတ်လျှင်ကွယ်
ပမာတင် သူ့ကိုယ်စိတ်ကိုတော့
မမှိတ်မသုန် နာမယ်တွေးပါလို့
အလေးထားလျက် ကိုယ်ချင်းစာ
ပိုနှင်းကာ ကြင်နာမှုကိုဖြင့်
ထိုအချင်းအရာ အစဉ်သာပြုပါကွဲ့
လူ့ပြည် အတွင်း။ ။
နန်းဧ ကရီ
အချစ်နဲ့ နွေးမယ့်ဆောင်း ""
-------------------------------------- ( လေးချိုး )
လေညှင်းသုန် တအားဖောက်ပါလို့
ငွေနှင်းမှုန် တံခါးခေါက်ပြန်တော့
အနားရောက်ခဲ့ ဆောင်းသခင်။
ဖြူလွင်လွင် နှင်းအေးကြားမှာဖြင့်
အတူယှဉ် ဆင်းပြေးလွှားချင်ရဲ့
ထွေးထားပါကွဲ့ တို့လက်တွေ
အေးစက်နေ ဆောင်းကြမ်းကြမ်းကိုဖြင့်
တူလှမ်းမည်ပင်။
နှစ်ကိုယ်သားပေ
ချိုပျားအနေ အနမ်းနွေးတွေက
သိုမထားစေ လှမ်းပေးလေတော့
မအေးပါဘူး ရှက်သွေးလွင်
ပါးမို့တွင် နီမြန်း။
ဖယ်ထွက်မခွာ
ဆယ်သက်တာ သစ္စာထားပါလို့
နွယ်ယှက်လာ မေတ္တာများတွေကြောင့်
အနားမှာပဲ အမြဲတစေကွယ်
အသည်းမြေ. အပ်ကာနှင်းချင်ရဲ့
မခွဲပေ. ကပ်ကမ္ဘာယွင်းစေတော့
ချစ်ခြင်းနဲ့ လွှမ်း။ ။
နန်းဧ ကရီ
"" ချစ်ခြင်း အလင်္ကာ ""
------------------------------
မုန်းမရပါဘူး
နှလုံးဝမှာ စူးလေတဲ့
အချစ်ဖူးလေး ယုယကြင်။
သူပျော်ရင် ကိုယ်ပြုံးလို့
သူမုန်းတော့ ကိုယ်ငို
နှစ်ကိုယ်တွင် တစ်စိတ်ပေမို့.
သိပ်ချစ်အစဉ် ။
နှလုံးဆို့ရန်
မုန်းဖို့ကြံ မတွေးပါဘု
ဆွေးလမ်းဖြင့် မသွားချင်
အပါးတွင် ချစ်လိုမြဲ။
သူကခေါ်
ပူသမျှနော် ဘယ်မမှုပါကွဲ့
ထွေးယုယ ချစ်ချင်တယ်
အပြစ်မမြင်ကွယ် ဘယ်ခရီးမှာဖြင့်
အမြစ်သွင်တွယ် တကယ်နီးအောင်တော့
သွေးစည်းမခွဲ။ ။
နန်းဧ ကရီ
""တောင်ပေါ်သူ အလွမ်း ""
------------------------------------ ( အဲချင်း )
တောင်တန်းငယ်မှသာယာ
နွေဦးလက်ဖက်
နုသစ်ရွက်တို့
စို့ထွက်ဝေဖြာသည်နှင့်လေ။
ငွေဇာငယ်မှ ပက်ဖျန်း
ကောင်းကင်တစ်ခို
တိမ်မည်းညိုတို့
ပြိုမလိုယှက်ကာ သန်းလို့ဖြင့်
လေကြမ်းလူးလာ
ဂိန်မာန်အပြောင်း
လတပေါင်းပေမို့
ဆောင်းနှောင်း ဖြူငွေ့ဖြာတယ်
ရွက်ဝါ ကြွေလွင့်ပါလို့
မြေသင့် ခါတွင်း။
ဖော်ကင်းလို့ဖြင့် မရွှင်
ချစ်သူရယ်ဝေး
နှမလေးမှာ
လွမ်းတေးသီချင်တယ်
နေ့တိုင်းပင် မျှော်ကာတမ်းပါလို့
လွမ်းမျက်ရည်ဝဲ၊၊
တောတန်းစိုစိမ်း ၊ လက်ဖက်လိမ်းလို့
ငြိမ်းချမ်းရာမြေ ၊ ရှုလေရာတွင်
သူ့သာမြင်မိ ၊ ရင်မချိကာဖြင့်
ဆွေးငြိ တေးသံ ၊ အဝေးလံမှ
ကြားရန် မေမျှော်ရ ပါလို့
အပါးထံ ကြွေသော်ကျချင်ရဲ့
လွမ်းဆကဲလေး။ ။
နန်းဧ ကရီ
"မောစခန်းက ကောက်ငန်း""
-------------------------------------- ( အိုင်ချင်း )
ချစ်တဲ့သူငယ်လေ
သူငယ်ချင်းကောင်း ယောက်မတို့ရေ… ။
နှင်းရည်စွတ်စို
ရှမ်းမြေကိုဖြင့်
မေပျို စာဖွဲ့ပြချင်သတော်။
ဆောင်းဟေမာန်ခါ
မြောက်အရပ်မှ လေပြည်လာတော့
ချမ်းရှာနှမ ၊ ဆောင်းရက်ညမှာ
စောင်စမလုံ ကွေးမိသတော်။
ထင်းမီးပုံဖို
အိမ်သားတွေ စုခိုပါလို့
အိမ်အို ကြမ်းကြား
ဆောင်းတွင်းရာသီ
တူညီဝိုင်းလို့ နားကာဖြင့်
အားကုန်ချမ်းလှပါသတော်။
မနက်ချိန်တွင်း
မထငြင်း
ငွေနှင်းသည်းလွန်းပါသတော်။
မဖြစ်မနေ
ထဖို့စေ
အမေဆူမှ ထသတော်။
မနက်စာ ကောင်း
ကောက်ညှင်းပေါင်း
နှမ်းထောင်းလူးနယ် ပါသတော်။
ပလိုင်းကိုယ်စီ
ယာတောချီ
လှမ်းမည် ဒုန်းစိုင်းကြတယ်တော်။
တို့လယ်စပါး
များပြားကောက်နှံ
ကွင်းလုံးလျှံကာ
ပေါင်းလံ လှည်းတွင်း
စုပုံမနိုင်
ကြိုင်မွှေး ကောက်ညှင်းတွေက
တလင်းအပြည့်ပါသတော်။
အလိုလေ့အိုင်!!!
စပါးပေါ် မေပျိုလေးမှာဖြင့်
အလှုပေးဖို့ စိတ်ရည်သန်ကာ
ရှင်လောင်းစံ ခါနွေဆန်းလျှင်ဖြင့်
ဝမ်းစာမတွက် သဒ္ဓာဖြူ
ရှင်လောင်းယူ ရှင့်အမပေမို့
လုပ်အားပြ ခုနေချိန်မယ်
ရွှေရည်ထိန် ကောက်နှံကြားမတော့
နားနိုင်ဘူးလေး။ ။
နန်းဧ ကရီ
""နှလုံးသား ကန္တာရ. """
------------------------------
မေတ္တာဟာ ပြောမှသိကြေးဆိုချင်ဆိုကြ
အနှစ်မပါ မောဟငြိထွေး ငြိုငြင်ပိုမလာ့ရယ်ကြောင့်
ဒီအဖြစ်သနစ်မှာတော့!!
ကြိုတင် မဖွင့်ဟမိတဲ့ ကိုယ့်အမှားပါ။
စွဲလန်းစေမယ့်စကားတွေဆိုလို့
အသည်းနန်းမြေရဲ့တံခါးကိုလည်း
အကဲစမ်းလေမယ်ဟဲ့လို့
ကိုယ်လေ! ! မဖွင့်ခဲ့ပါဘူး
မြတ်နိုးတဲ့ မေတ္တာပန်းခက်မို့
ထပ်တိုးဖွဲ့ သစ္စာနန်းထက်မှာပဲ
အလှသက်သက် သိမ်းခဲ့ပါတယ်။
အရိပ်ကြည့် တနေ့ကြွေမှာသိပေမယ့်
တစ်ဆိတ်ရှိ မတွေ့ ဝေဒနာငြိကာဖြင့်
ရူးမိတာလည်း ကိုယ်ပါ။
အိပ်မက်နရီ စည်းအရွေ့မှာပဲ
တိမ်နွဲ့ပလီသလို အပြီးမေ့ဖို့ဖန်လာတယ်။
အလွယ်ပျိုးခဲ့တဲ့ မေတ္တာပန်း မဟုတ်လေလို့
မပြယ်မညှိုးမယ့် သစ္စာ နွမ်းခက်ခဲ့ရပြန်ပြီ။
အပျင်းပြေ ရင်နှစ်ခြမ်းစို အောင် ရွာတဲ့မိုးပြေးက
အတင်းစေ တမင်လွမ်းအငိုဆောင်ကာ
လာဖြိုးပေးလေသလား
အညှာဆိုးရင်မှာ အသည်းနာအက်ခဲ့တယ်
မခွာတိုး တမင်သာ ခွဲရာခက်ရဲ့ကွယ် ။
မာယာပို အပြုံးလှ ဝနာပြင်ကိုမှ
သကာလို မုန်းမရ တစ်ခါ ကြင်မိလို့
မြှုံးငြိတဲ့ ငါးလို လူးရတယ် …
တုံးပိတဲ့ ဖားလိုရူးရတယ်။
စုန်းပြုစားသလို မီးတောက်အထကို မက်ခင်လို့
မုန်းမှုပွားမလို အပြီးပျောက်ကျဆို အသက်ငင်ဖို့
ရုန်းလု အားပြို အနီးရောက်မှကို ဖျက်ချင်လို့…………။
ဒါပေမဲ့!!!
မုန်းမရ မေ့ မလောက်အောင် မေတ္တာပျိုးမိပြီ
အပြုံးအလှ သွေ့ခြောက်တောင် သစ္စာကြိုးငြိမဖြည်
အဆုံးဘဝ တစ်နေ့အရောက်နှောင်ရစ်ကာတိုးဘိသည်။
နှလုံးသားနွေကန္တာသဖွယ် ကျွမ်းလောင်မြိုက်ခဲ့တယ်
အပြုံးခါးကြွေစံစရာမလွယ်အလွမ်းမှောင်မိုက်ရဲ့ကွယ်။ ။
နန်းဧ ကရီ
#နှစ်သစ်
သူ့လမ်းကို သူထမ်းပြီးလာတဲ့နှစ်သစ်
လူသားတွေက တခုတ်တရ ကြိုကြတယ်
တကယ်တမ်းမှာ…
လူတွေ ကြိုကြို မကြိုကြို
ဒီနှစ်ဆယ့်လေးနာရီကနေ
နောက်နှစ်ဆယ့်လေးနာရီကို
သူ့အလို ရောက်လာမှာပါ
ဆွဲထားလို့ မရတဲ့ သဘာဝတရား
ဟန့်တားလို့ မရတဲ့ ကာလ ယန္တရား
ဆုမွန်တွေ တစ်ယောက်ကနေ တစ်ယောက်
တောင်းကြ ပေးကြတယ်
ယဉ်ကျေးမှု တစ်ရပ်ပါပဲ
ပေးတိုင်းပြည့်ရအောင်ဆိုရင်
ကံ နှစ်ခုတော့ စင်ပါစေ ။
နန်းဧ ကရီ နန်းဧ ကရီ
""အချစ် နှင့် အမုန်း""
-------------------------( လေးချိုး )
အချစ်သည် အကျိုးပြုပါလို့
မုန်းမှုက အပြစ်မြင်
မြတ်နိုးခင် သဒ္ဓာတိုးကာပ
တစ်ဖြာအကျိုး ဘဝမှာ။
အမုန်းတရား ကိုဖြင့်
နှလုံးသားတွင် မမွေးမြူ
ဖွေးဖြူစင် စေတနာဇောရယ်နဲ့
နေပါနော လူဖြစ်စဉ်
မုန်းဖယ်နှင် ဟိုအဝေးဆီသို့
အေးကြပြန်တာ။
အချစ်မလို အမုန်းတရားတွေနဲ့
အပြစ်ဆို အပြုံးပါးလျှင်ဖြင့်
အရှုံးများ ပိတ်ပင်ကာ
စိတ်တွင်သာ နွမ်းညစ်ကြောင်း။
ဘဝတိုတို အတွင်းမှာတဲ့
အလှပိုမို ချဉ်းအောင်ပ
စိတ်ရင်းဖြင့် မေတ္တာဝေ
ချစ်ပါစေ သတ္တဝါများ ကိုဖြင့်
ပြစ်အနာတွေ မှတ်ကာမပွားပါပဲ
စိတ်ထားပျော့ပျောင်း။ ။
နန်းဧ ကရီ
""နေ့တိုင်း အမေနေ့ ""
----------------------------- (လေးချိုး )
အဖေသာ ရေရာမသိလျင်လည်း
အမေဟာ သေချာရှိပါရဲ့
လောက၏ ဓမ္မတာ။
အကြောင်းတွေ အမျိုးမျိုးဖြစ်လေလို့
မကောင်းလေ ဆိုးဆိုးပစ်ပေမယ့်
ဖြစ်ညှစ်လို့ မွေးလေသူ
သွေးသားကူ မဖွားခဲ့လျင်ဖြင့်
အများနဲ့. ပမာညီ ပင်
ဘယ်ဆီတွင် လူဖြစ်ဝေးတယ်လို့
တွေးသိစေရာ။
ပညာဉာဏ် ချို့မူမများလေတဲ့
အစဉ်သာဖန် တို့လူသားတွေက
ခြားနားရဲ့ တိရစ္ဆာန်
မှန်စွာပင် အဖြေတွေ့ပါလို့
မမေ့အပ် ကျေးဇူးသာ
တွေးဦးစွာ သိရေး။
လပြာသို
ခ စာဆို အမေနေ့ပါတဲ့
မမေ့တတ် သူတွေတွင်
နေ့တိုင်းလျင် အမေ့နေ့ပါပဲ
ကြုံတွေ့ရ. လူ့အနေတွင်
အမေသည် အနန္တ ဂိုဏ်းပေမို့
မသွေညီ စံပြတံတိုင်းပါကွဲ့
မရိုင်းဖို့တွေး။ ။
နန်းဧ ကရီ
********************* "အမေအို ညည်းချင်း ""
-------------------------------- (လေးချိုး )
လူမမယ် သမီးသားတွေဖို့
ပူတယ်ကွယ် မညည်းတွားလေခဲ့
အသည်းများကဖြူစင်သူ။
ပြန်ရစေ မမျှော်မှန်းပါဘု
မာန်စသွေ အတော်ပန်းပါလို့
ခရီးလမ်း နေညိုညို
အမေအို လမ်းပေါ်ထွက် လို့ရယ်
ဝမ်းကျောင်းလျှက်ကူ။
သားတစ်ကျိတ် သမီးတဆယ်
မြည်းမဖယ် ဝမ်းဝရေး
အပြီးတကယ် မှန်းဆတွေးပါလို့
ပန်းသမျှဘေး ကျောမပူ
ဇောနှင့်လူ ကျွေးရှာမြဲ။
( ဪ … အခုတော့ကွယ် )
အသက်အရွယ် ရှစ်ဆယ်ချဉ်းလေတော့
မက်စဖွယ် ချစ်တွယ်ပြင်းပါတဲ့
သွေးသားရင်း ရတနာ
မသထာ ထမင်းတစ်နပ် ကိုဖြင့်
ဗလဖွာ နှင်းမပြတ်ပြန်ခဲ့
မျက်ခမ်းစပ် စိုမျက်ရည်
ငိုရက်ရှည် ဘဝခရီး ကိုဖြင့်
ပိုမမက်ပေ. ခဏပြီးအောင်ဖြင့်
( အမေအိုမှာလေ…)
ညည်းရင်းသာ,ဆဲ ။ ။
နန်းဧ ကရီ
------------------------- ( လေးချိုး)
လွမ်းတာတွေ ဋီကာမချဲ့ပေမယ့်
မှန်းကာနေ တီတာနွဲ့ပါလို့
ပန်းပမာလေ သီကာဖွဲ့ချင်ရဲ့
ဆုံမယ့်ရက်တော့ စောင့်မျှော်နေ။
ရင်အလွှာ ထုဆစ်ထားတာက
သခင်သာ ပြုသစ်အားလေသော
အကြင်နာ နုမြစ်တရားပါပဲ
အချစ်များနဲ့ အက္ခရာစီ
လွမ်းတာသီ သရ, တေးတွေက
မှန်းပါပြီ တစ်ညအဝေးကိုဖြင့်
ဆွေးကူထောက်ပေ။
တမ်းတတာ သက်သေပြု ရန်တော့
လွမ်းညဖြာ မျက်ရည်စုပါပဲ
သူ့ကိုမှ သိအောင်စေ
ရင်အကြွေ လွမ်းနေမြဲ။
လွမ်းနွယ်အမျှင်
ပန်းတယ်ထင် ထင်မတွေးပါဘု
ရင်အဆွေးတို့ မွေးမြူမှာ
ဆွေးပူကာ ဗျာပွေနင့်သော်လဲ
တေးကြူလွှာ စာခွေဆင့်ပါလို့
သခင့်ထံသို့ မှန်းကာရွယ်
ထည်အလွှာ တစ်လွှာခြားသော်မှ
ဆယ်ကမ္ဘာ အကွာထားသည်သို့
ဆွေးအားပိုကဲ။ ။
နန်းဧ ကရီ
""အညံ့ပန်း ပမာ """
------------------------- ( လေးချိုး )
ဂုဏ် မထည် ပန်းကလေးပေမို့
ခြုံသဖွယ် လမ်းနဘေးမှာပဲ
ပွင့်ပေးပါလို့ အလှဝေ။
အသွားအပြန် လူသားတွေက
နှစ်ပြားမတန် မယူငြားပေမယ့်
သူကားဖြင့် မမှုလို
လောကကို သာစေကြောင်းရယ်ဖြင့်
ကောင်းစွာပွင့်ကြွေ။
ဥပေက္ခာ ဒဏ်ရာသင့်ပေမယ့်
သူ့ဖက်မှာ မှန်စွာပွင့်ပါလို့
လျံဖြာဝင့် ပန်းပါလေ
နေပူစေ မိုးသည်းသည်း။
ကျွန်မသည်
အလှညီ ပွင့်ဖြာမိလေတဲ့
ချစ်သူ၏ ရင်အလွှာ
ဥပေက္ခာ သင့်ခံပန်းလိုပ
နမ်းလိုနမ်း ချူလိုချူ
ယူလိုယူ လွှင့်ချင်လွှင့်စေပေါ့
သခင့်အကြိုက် အပြုအမူ
မမှုသူ အညံ့ပန်းကိုဖြင့်
အတုယူ ရနံ့ လွှမ်းပါလို့
နွမ်းပွင့်ဝေမြဲ ။ ။
နန်းဧ ကရီ
*****************
""ခေတ် သမီးပျို ""
------------------------- ( လေးချိုး )
ကာလအလို ဝမ်းစာရေးရယ်ကြောင့်
ကညာနှမအပျို မမြန်းသာသေးပါဘု
ဖြာအလှပို အလှမ်းကွာဝေးလေရဲ့
ရှေးရှေးက ဝတ်ဆင်ပုံ။
ချိတ်လုံချည် ဘီးဆံထုံးရယ်နဲ့
ပိတ်စုံအထည် အပြီးဖုံးပါလို့
နံ့သာသုံးတဲ့ အိန္ဒြေရှင်
ဝမ်းစာပင် ပူတာဝေးလေလို့
လှမ်းလာလျင် သူငါငေးလေတဲ့
စန်းပမာသွင် ရူပါလေးမှာဖြင့်
လှသွေးကြွယ်စုံ။
( သို့သော်ကွယ် …)
ဘယ်လိုများသာ ရုန်းကန်ရပေမယ့်
ကိုယ်ဖွားရာ ထုံးစံအလှကိုဖြင့်
ကွယ်ပအောင်ဖြင့် မဆင်ကုန်
လုံခြုံအောင် ဝတ်စား။
သွားလာဖွေ
များပါစေ အဆင်သင့်အောင်ပေါ့
ဥတုနှင့်လည်း ကိုက်ပါစေ
လိုက်ရာလေ မွေ့ဆင်သလေမှ
တွေ့မြင်ရတော့ စိတ်ချမ်းသာ
ဆံကေမှာ မနှောင်ထုံးပေမယ့်
အမှန်သွေခွာ အရောင်သုံးပါဘု
မင်ပိတုန်း နဂိုအနေကိုကွယ်
လှပစေ ပုံအသင့်ရယ်နှင့်
ချင့်တွက်လို့ ပြုပြင်သော်
လူ့ခွင်ပေါ် အတင်းလွတ်ပါလို့
ရှုလျင်ပျော် မယွင်းချွတ်တာမို့
ဝင်းမွတ်တောက်ကြွား။ ။
နန်းဧကရီ
*********************************
'''အကြင်နာများဖြင့် ကမ္ဘာ """
_______________________ ( လေးချိုး )
အမှောင်ရွာ ညဉ့်ယံနက်မှာဖြင့်
အရောင်ဖြာ ဆင့်လျှံလက်လေတဲ့
သန်းခေါင်မှာ တင့်ဟန်စွက်ပါလို့
ပေါ်ထွက်ခဲ့ ငါ့ရဲ့ကြယ်။
အသွေးအရောင် မလက်လွန်းပေမယ့်
အနွေးဆောင် တစ်သက်ထွန်းမယ်လို့
မအေးအောင် အဆက်ရွှန်းကာပ
ကွန်းခိုရပ် ပြညွှန်ရှာ
ညလွန်ကာ မနက်လင်းပြန်တော့
အဆင်းကဲတဲ့ နေသူရိန်
ထိန်ထိန်သာ တစ်နေ့လုံးမတော့
မမှိန်ဖြာ မွေ့မဆုံးအောင်ဖြင့်
ပြုံးဖို့ဖန်နှယ်။
ဖန်ဆင်းရှင် ဆွေအနီးမှာတော့
မာန်သွင်းဝင် မေမညည်းပါဘု
ဟန်ကင်းစင် အရှည်ခရီးမှာဖြင့်
ထီးဖိနပ် အကာအကွယ်
မပါတယ် မပူသေး။
သူရှိပါစေ
အပူမိတာတွေ တကယ်မမှုပါဘူး
သူ့အရိပ် သူ့အသံ
သူ့ သဏ္ဌာန် သူ့အဆင်းတွေနဲ့
သူ့အလင်း ကိုယ်ကခို
ကိုယ်ငိုခါ သူကထွေးပါလို့
သူ့တေး၌ ကိုယ်ရွှင်ပျော်
ကြင်ဖော်လို စိတ်မှာစွဲကာပ
ညနက်ထဲ ကြယ်အရောင်
အလင်းဆောင် နေ့ဘက်မှာတော့
ရွေ့သက်ခဲ့ သူရိန်လို
ထိန်ပိုကာ အလင်းပြလေလို့
ထပ်တူကျ ကိုယ့်စိတ်လွှာ
နှစ်ကိုယ်မှာ တစ်စိတ်ထဲပေမို့
မလိုတမာ အရိပ်ခွဲစေလည်း
ကွဲနိုင်ဘူးလေး။ ။
နန်းဧ ကရီ
ချစ်မုန်းခြင်း နွံ ""
------------------------- ( ရှေးရိုး လေးချိုးကြီး )
မြိုက်လို့သာ ကျွမ်းတော့တယ်
ရင်နွမ်းဖွယ် အချစ်ဇောတွေကြောင့်
မောဖို့ဆောင်။
ချစ်ခင်နှစ်သက်၊
ဇောရမ္မက်ကြောင့် ၊
ပူလျက်ဗျာပွေ ၊
နီးအောင်ပေဟု ၊
ဖွေရှာအမြဲ၊
နေကာခဲပါလို့၊
အသည်းမရွှင်၊
မတွေ့လျှင်လည်း၊
ရင်ကွဲမတတ်၊
အလွမ်းထပ်လျက်
မပြတ်အစဉ်၊
ဆွေးလို့သာ ရှင်တော့တယ်
တစ်ငင်ငင် နွယ်တဲ့ကြိုးကိုဖြင့်
တိုးချည်လို့နှောင်။
မခွဲခင်က
သည်းရင်နင့်မျှ၊
လွမ်းကြသလို၊
ခွဲမယ်ဆိုပြန်၊
ထိုအသံကို၊
ကြားရန်မရဲ
အပူကဲ၍
မခွဲနိုင်သေး
စိတ်အတွေးဖြင့်
ကြိတ်ဆွေးငို လူမသိအောင်ဖြင့်
ငြိလို့သာ ရှင်တော့တယ်
မရွှင်အောင်သာ
ရင်အမှောင်နဲ့ အလွမ်းနေ့။
အချစ်အမုန်း
ဘယ်မဆုံးသည့် ၊
အပြုံးပျက်ဖွယ်
အခက်နွယ်နှင့်၊
ယှက်တွယ်သောက
ဗျာပါဒကြောင့် ၊
လောင်ရမီးစွယ်
မပယ်နိုင်သေး
ဝဋ်ကြွေးမကြေ
နေနေသမျှ
တွေ့ကြုံရလည်း
ပူစွမထင်
လောင်ချင်လောင် ကျွမ်းလိုကျွမ်းစေလည်း
တမ်းတမ်းစွဲ ဂယက်နယ်မှာ
ဖက်တွယ်ကာ မိုက်အမြဲရယ်နဲ့
ဝဲလည်ရင်းမွေ့။ ။
နန်းဧကရီ
Zawgyi
""ေရာင္နီးဦးမွာ ဖူးတဲ့ပန္း ""
------------------------------------( အ႐ိုးခံ ေတးထပ္ )
လင္းၾကက္သံ ေရာင္နီေတးနဲ႔
ေမွာင္ရီေဝး သက္လ်င္
ေဆာင္မည္ေတြး မပ်က္ပင္ကြယ္
မနက္တြင္ ျပဳၿမဲ ။
ဆြမ္းဒါန ကုသိုလ္ျဖဴကို
ျပဳလိုသူ မေလးခင္ပဲ။
ျဖဴလြလြ အေမြဉာဥ္ကို
မေသြပင္ လက္လႊဲ၊၊
အေမသင္ အဆက္ထဲက
ပ်က္မခြဲ ေဆာင္ယူ ။
သာသနာ သည္အက်ဳိးေတာ့
ၾကည္မညိႇဳး ကုသိုလ္ျဖင့္ကူ။
ျပဳသမွ် ေကာင္းမႈ လႉကို
ေတာင္းဆုျဖဴ ေဝေနယ်တို႔
ေနသမွ် ခ်မ္းျမေစ
စမ္းက်အေန ၊၊
ဒါနျပဳ ရြက္ေဆာင္ေလတယ္
အထက္ ေအာင္ေျမ. မွန္းရြယ္လို႔ေလး။ ။
နန္းဧ ကရီ
စာပန္းခ်ီ ႐ံႈးတဲ့ ေႏြ
--------------------------- (သံုးခ်က္ညီ ေတးထပ္ )
အေတြးဘံု ေငးကုန္ရ
ေဆးစံုသ ရာသီ
ေႏြးႀကံဳပ အခါမီဝယ္
မၾကာၿပီ ေႏြဦး။
စာအဖြဲ႕ ျဖာလဲ့ရႊင္ကို
ပါတဲ့အင္ ေရးတတ္ႏိုင္ဘူး ။
ဆန္းတေပါင္း ျမန္းေျပာင္းလာၿပီ
သြမ္းေကာင္းစြာ ေလျမဴး ။
ခ်မ္းအေဟာင္းမွာ ေသြအကူး နဲ႔
ေဝအဖူး လက္ပံ။
ခ်ိန္နရီ မိန္ဆီေရြ႕ေတာ့
ထိန္ၾကည္ေမြ႕ ဆက္ရက္ျမည္သံ။
မေနာပြက္ ေသာလွ်က္ညံေန
ေတာထက္ယံ ေလသုတ္ေႏွာေတာ့
ေႏြဥဩ သဘာဝပင္
သာအလွဆင္။
စာအသ ျဖာစြ"ျမင္ေအာင္
ငါကလွ်င္ ေရးႏိုင္ဘူးေလး။ ။
နန္းဧ ကရီ
မဂၤလာ ေမတၱာေတး
------------------------------- ( အ႐ိုးခံ ေတးထပ္ )
မဂၤလာ ၾကည္သာေတး
စီျဖာေအး မွန္းေႁခြ
သီကာေႂကြး ပန္းသေျပႏွယ္
လန္းမေသြ ေအာင္ေၾကာင္း။
တရားျမတ္ ကိန္းကာေနေသာ္
ယိမ္းခြာေသြ မေကာင္းမႈေပါင္း။
ျပဳသမွ် ကုသိုလ္ပင္ကို
ျပဳပိုရွင္ ေရေလာင္း။
သူ႕ နဂိုယဉ္ အရွည္ေကာင္းဖို႔
မေသြေဆာင္း ေမတၱာ။
ပန္းထဲမွာ ေမတၱာပန္းက
သစ္ျဖာလန္း အႀကိဳင္ဆံုးပါ။
လုပ္သမွ် ေအာင္ျမင္ရာကြယ္
ေဆာင္ရင္မွာ ေမတၱာဓါတ္တို႔
ရစ္ကာပတ္ ေပးမွ်ေဝ
အေအးခေစ။
ေမတၱာေပး ေလာကေျမမွာ
ေသာကေပြ ကင္းကုန္လိမ့္ေလး။
စိတ္ရင္းနဲ႔ ေကာင္းမႈေတြကို
ေတာင္းဆုေႁခြ ေအးျမေစေလး။ ။
နန္းဧ ကရီ
"ေျပာင္းလဲၾက ျမန္မာ့ သႀကၤန္ (သံခ်ပ္) "
မိုး … မိုး … မိုး …လားေမာင္႐ို႕
ေလ. …ေလ… ေလလား ေမာင္႐ို႕
မိုးနဲ႔ ေလနဲ႔. ႏွစ္ပါးဆိုင္
သိၾကား ကိုယ္တိုင္ မမယ့္ အတာပြဲ။
ေခတ္အဆက္ဆက္ ယဉ္သကို
ေပ်ာ္ၾကမယ္ဆို ဒီအတာပြဲ။
သႀကၤန္ေရာက္လို႔ ဖိတ္ေခၚတယ္
စိတ္ေနာ္ တစ္ကယ္ ေပ်ာ္ရႊင္ျမဴးလွ်က္။
ႏွစ္သစ္ကူးလို႔ ဆုထူးေႁခြ
တို႔ေမာင္မယ္ေတြ ေပ်ာ္ တစ္ၿပံဳးၿပံဳး။
ႏွစ္ကူးသမယ ရႊင္ၾကေစ
သာစြဌာေန တို႔႐ိုးရာပြဲ၊၊
ပိေတာက္ ငုဝါ ေမႊးႀကိဳင္ႀကိဳင္
ပြဲမတိုင္ခင္ ျပင္ၾက ဆင္ၾက။
တူးပို႔သံမ်ား ၾကားရျပန္
နားဝင္ပီယံ ခ်ဳိအီစိမ့္စိမ့္ ။
ဒိုးပတ္သံက ျမဴးေစကြယ္
ထူးပါေပတယ္ ဒို႔ အတာပြဲ၊၊
ယဥ္ေက်းပါတဲ့ တို႔႐ိုးရာ
ဝတ္စားမွာကြယ္ မ ေလာ္လည္နဲ႔ ။
ဘီယာေသာက္တဲ့ မိန္းမပ်ဳိ
ဟို အစ္ကိုေတြ ေလွာင္ၾက ေျပာင္ၾက။
အိုးမဲသုတ္ရင္း က်ီစယ္တယ္
စိတ္ေနာ္ တစ္ကယ္ ဆိုးလိုက္ပါနဲ႔။
မုန္႔လံုးထဲက ျငဳပ္သီးပါ
႐ႈးရွဲေအာ္ကာ စိတ္ေနာ္ဆိုးဘူး။
ဒီေဂ် ဒိုးနဲ႔ ဒြန္႔ၾကၿပီ
ေပ်ာ္မဆံုးသည္ ေရသီတာပြဲ၊၊
အိမ္ထဲမွာဘဲ ပုန္းမေန
လာၾကပါေဆြ ဝိုင္းလို႔ ျမဴးၾက ။
ျမ နႏၵာနဲ႔ ကၾကမည္
လွပ ေဝစီ ယိမ္းက အဖြဲ႕ ။
ႏွစ္ကူး ကာလ အတာပြဲမွာ
ယဥ္ေက်း စြာသာ ေပ်ာ္ရႊင္ျမဴးၾက။
သႀကၤန္ပြဲမို႔ ေပ်ာ္ၾကတယ္
တို႔ႏိုင္ငံဝယ္ ႐ိုးရာမပ်က္ ။
႐ိုးရာ မပ်က္သာ ေျပာရတယ္
႐ိုးရာရယ္ ကြယ္ေပ်ာက္လုလု ။
ဒီေဂ်သံနဲ႔ ကတဲ့ေမ
တူးပို႔ ေတြကို ေမ့ေနပလား ။
ျမန္႔မာ့ဒိုးသံ မိုးလံုးညံ
မ႐ိုးအမွန္ သိၾကပါကြဲ႕ ။
ေရပက္တာနဲ႔ ပိေတာက္ဝါ
မေျပာင္းလဲတာ ဒါပဲ က်န္ရစ္။
ဝတ္ၾက စားၾက စိတ္ကုန္ဖြယ္
သိပ္မလံုတယ္ ျမင္သူရွက္ရွက္။
စကပ္ကြဲေလး တစ္ေပါင္ေပၚ
ကုန္းေနာ္ကြေနာ္ အျမင္မေတာ္ဘူး ။
အက်ၤႌ ပါးပါး ေရထိရင္
မခ်ိ ဘဝင္ ကလိကလိ ။
ကားေပၚမဆင္း သႀကၤန္မွာ
ပြဲၿပီးတဲ့ခါ က်န္ရစ္ က်န္ရစ္။
ေသာက္လိုက္စားလိုက္ တုကာယွဥ္
က်ားမ ရင္ေဘာင္ တန္းတဲ့ အျဖစ္ ။
သႀကၤန္အတြင္း ေရာင္းေကာင္းတာ
အရက္ ဘီယာ ေစ်းႏႈန္းေတြတက္။
ဘီယာကိုင္တဲ့ သမီးပ်ဳိ
ဟိုအစ္ကိုေတြ အထင္ျမင္ေသး။
ေနာက္ၾက ေျပာင္ၾက မခံခ်င္
မူးရင္႐ူးရင္ ရန္ပြဲေတြျဖစ္။
ေဆး႐ံု စခန္း ထြက္ထြက္ဝင္
ေငြကုန္မယ္ပင္ ျပင္ၾက ျပင္ၾက ။
႐ိုးရာပြဲလို႔ အမည္တြင္
ယဥ္ေက်းစြာပင္ ျပင္ၾကဆင္ၾက။
ယဥ္ေက်းမႈကို ဦးေဆာင္တာ
သ႐ုပ္ေဆာင္ေတြဟာ အဓိကပါပဲ။
ဝတ္ၾက စားၾက ယဥ္ေက်းစြာ
အျမင္ေအးစရာ ေရွးက ပါပဲ။
ခုခါမ်ားျဖင့္ စိတ္ကုန္ဖြယ္
လံုၿခံဳတယ္ကို စာျဖင့္ေရးၾကည့္ ။
ျပင္ၾကပါဗ် တစ္ေယာက္ခ်င္းမွာ
ေမွာက္ယြင္းစရာ ေရွာင္ၾက ရွားၾက။
ထိန္းထိန္းသိမ္းသိမ္း ယဥ္ေက်းပါ
ပါတ္ဝန္းက်င္မွာ စလို႔ေျပာင္းလဲ။
ျမန္မာ့ သႀကၤန္ အဖိုးတန္တာ
အမ်ားသူငါ သိၾကတာပဲ၊၊
ေဟ့ စိန္လား ေဟ့ ျမလား ေဟ့ ေရႊလား
ေဟ့လာေမာင္႐ို႕ဝါး......။ ။
သံခ်ပ္ ႏွစ္ပုဒ္ ေပါင္းထားတာပါ မႏွစ္က ကဗ်ာေပါ့
မဖတ္ရေသးရင္ အသစ္ပါပဲ ၊၊
နန္းဧ ကရီ
""အိမ္တြင္းနတ္ အိမ္ဦးနတ္ ""
---------------------------------------- ( အ႐ိုးခံ ေတးထပ္ )
အသားမာ လက္မွာထပ္
သက္ပါအပ္ ခ်စ္ရွာ
ထက္လႊာနတ္ အစစ္ပါကြယ္
ပစ္မခြာ ရင္ေသြး။
ေက်းဇူးျဖင့္ မဆံုးႏိုင္တယ္
အၿပံဳးလိႈင္ အေဖ့ရဲ႕ေခြၽး။
ဆိုဆံုးမ ခ်ဳိလြန္းစြာကြယ္
ပိုၫႊန္းရွာ လူေလး။
ၿဖိဳသြန္းကာ အတူေထြးလို႔
မပူေရး ရွာေဖြ။
လမ္းျပၫႊန္ နတ္တစ္ပါးသို႔
ထပ္မနား ေပးေမတၱာေရ။
သားသမီး ထြန္းကားေလရန္
တြန္းအားေစ အေဖျပဳလို႔
အရွည္႐ႈ လိမၼာေအာင္
အိမ္ရာအေႏွာင္။
အေဖ့ရဲ႕ ေမတၱာေရာင္သည္
ႏွစ္ၾကာေတာင္ ပ်က္ႏိုင္ဘူးေလး။
ဂုဏ္အထူး ေတးဖြဲ႕ေဆာင္ေသာ္
ေငးတဲ့ေမာင္ ႐ံႈးၿပီကြဲ႕ေလး။ ။
နန္းဧ ကရီ
""အေဖ က်န္းမာပါေစ ""
------------------------------ ( စိတ္ကူးမွတ္တမ္း ေလးပါ
အမ်ဳိးေတြ)
အိပ္မက္ထဲမွာ ၊ မသာယာခဲ့
တြယ္တာ ဦးထိပ္ ၊ ျမင္းမိုရ္ရိပ္ကား
တိတ္ဆိတ္ေျခသံ ၊ ငါ့ရပ္ထံမွ
ေသြရန္အတြက္ ၊ေက်ာခိုင္းထြက္၏။
အိပ္မက္တြင္မွ် ၊ ေၾကကြဲရ၍
ပူစြ ႐ိႈက္ငို ၊ မ်က္ရည္ယိုကာ
အလိုလို ေမာ ၊ အိပ္မက္ေတာမွ
ႏိုးေသာအခါ ၊ မ်က္ဝန္းမွာကား
စီးျဖာ မေသြ႕ ၊ မ်က္ရည္ေငြ႕တို႔
ျမင္ေတြ႕မိသည္ ၊ စိုးထိတ္ၿပီ။
အဟမ္း အဟမ္း ၊ ဟိုဖက္ ခန္းမွ
ယဲ့ႏြမ္း အသံ ၊ ေခ်ာင္းဟန္႔ျပန္ေသာ္
အမွန္ အားထား ၊ ျမင္းမိုရ္ ဖ်ားက
အနားလာေလ ၊ တြဲထူေစ၍
ေရတိုက္ပါလား ၊ အိမ္သာသြားမယ္
တံခါး ေရာက္ေအာင္၊ ပို႔ေဆာင္ခိုင္းမွ
ရင္ ခ်သက္ျပင္း ၊ အေမာကင္း၏။
ျမင္းမိုရ္တစ္စင္း ၊ နယ္အယြင္းမွာ
အလင္းတစ္မွ်င္ ၊ ဖခင္သည္သာ
ပမာႏိႈင္းဆ ၊ ေသာ္တာလထက္
ေအးျမမွန္ကန္ ၊ စိတ္ သဏၭာန္တြင္
ရိပ္မွန္ အားထား ၊ ျမင္းမိုရ္ဖ်ားကို
အနားမခြာ ၊ ေနလိုပါသည္
မမာဖခင္ မာေစခ်င္။ ။
နန္းဧ ကရီ
""ျမတ္တ္ႏိုးျခင္း ""
-------------------
ရင္တစ္ျခမ္းမွာ
အလြမ္းေတြပြင့္ ၊ ကမ္းေႁခြလင့္မယ့္
သခင့္လက္ကို ၊ ေစာင့္လို႔ႀကိဳဆဲ
ငိုပြဲမဆံုး ၊ မ်က္ရည္ဖံုးလို႔
အၿပံဳးေတြလည္း ပ်က္ခဲ့ၿပီ။
ေမွ်ာ္သာေမွ်ာ္လွ်က္
အေခၚခက္သူ ၊ ရင္မွာပူသည္
ဘယ္မူေထြခင္း ၊ ႏွစ္ကိုယ္ခ်င္းကို
ခြင္းၿဖိဳႏိွပ္စက္ ၊ ကံအဖ်က္မွာ
မသက္မညႇာ ၊ ႀကံဳႀကိဳက္လာေတာ့
ဆံုခိုက္မွာေဝး ေဝးဆဲေလ။
တမ္းတေနရင္း
တမ္းတျခင္းျဖင့္ ၊ ေႏြနင္းမိုးကုန္
ေဆာင္းရိပ္လံႈလို႔ ၊ ပြင့္ငံု မာလာ
ရာသီ အလိုက္ ၊ ပြင့္ခိုက္ျမင္ျပန္
သူ႕ သဏၭာန္လား ၊ ပန္းမာလ္ၾကားမွာ
ေျပးလႊားရွာမိ ၊ ပန္းကိုၾကည့္ေသာ္
သူ၏ မ်က္ႏွာ လဝန္းသာတည္း။
ပန္းျမင္ကာမွ်
ၾကင္နာလွေသာ ၊ ရင္ဝ စူးနစ္
ကိုယ့္အခ်စ္ကို ၊ လွစ္ဟဆို၏
ၿမိဳမိမတတ္ ၊ အခ်စ္အပ္ခ်င္
ျမတ္ျမတ္ႏိုးႏိုးခ်စ္ေသာေၾကာင့္။
နန္းဧကရီ
""အရိပ္စစ္ မွ ရင္ႏြမ္းသူ ""
-------------------------------- ( သံုးခ်က္ညီ ေတးထပ္ )
မေမွ်ာ္ပါ ေတာ္ရာက
ေဖာ္ကြာဟ ႏြမ္းပူ
ေရာ္ကာတ မလန္းသူေပ
ပန္းအဆူ ေခြၽးစက္။
သမီးသား ႀကီးထြားလာေသာ္
စည္းတားကာ ထိန္းရန္အခက္။
ကေလးခိုက္ ေထြးပိုက္ရႊင္ကာ
ေကြၽးလိုက္စဉ္ ေပ်ာ္လွ်က္။
ေမြးစိုက္အပင္ အေတာ္ထြက္ေတာ့
မေခၚရက္ သူပါ ။
ပြင့္အစံု ဝင့္ငံုဖူးေတာ့
ဆင့္ထံုကူး ေပ်ာ္ျမဴးေနတာ။
ခြဲအသြား သည္းမ်ားနာေစ
ပြဲၾကားမွာ တင့္မဆံုးေတာ့
အသင့္ၿပံဳး မဖယ္ျမန္းဟန္
တကယ္ႏြမ္းျပန္။
အႂကြယ္လန္း ရြယ္မွန္းမွန္စြာ
ျခယ္ပန္းမာလ္ ဥယ်ာဥ္ကြယ့္ေလး။ ။
နန္းဧ ကရီ
အ႐ံႈး မေပၚပါ
___________ ( လကၤာ )
သင္ေမြးဖြားလာ ၊ အခ်ိန္ခါ တြင္
သင့္မွာ ဘာမ်ား ၊ ပါလာထား၍
အားငယ္ ေဆြးပူ ၊ ငိုသံဆူကာ
လူျဖစ္ေနတုန္း ၊ အက်႐ံႈးေၾကာင့္
လူလံုးမလွ ၊ ငါ့ဘဝဟု
က်ဆင္းစိတ္ဝင္ ေနသနည္း။
သင္ျဖတ္သန္းခိုက္ ၊ ေတြ႕ႀကံဳႀကိဳက္သည့္
တိုက္ခိုက္ တတ္စြာ ၊
ဒဏ္ရာ ဒဏ္ခ်က္ ၊အတိမ္နက္သည္
ဖ်က္ရန္မလြယ္၊ လူတို႔နယ္မွ
တကယ္လွေသာ ပန္းခ်ီတည္း။
အူဝဲ အူဝဲ ၊ ေလာကထဲတြင္
စလည္းဝင္ရာ ၊ လက္ဗလာႏွင့္
ကိုယ္မွာအဝတ္ ၊ လံုးတီးခြၽတ္ျဖင့္
လူလြတ္ခ်ည္းတြင္ ၊ အသက္ရွင္၍
ငယ္စဉ္ကာလ ၊ ေသဆံုးရေသာ္
ဘယ္မွ် ဆိုးလည္း သူငယ္ခ်င္း။
အသက္ရွင္ေသာ
စင္စစ္လူတည္း ၊ ဦးေဏွာက္ႀကီး၍
ဘုန္းမီးေတာက္ေျပာင္ ၊ စိတ္စြမ္းေရာင္ျဖင့္
လူ႕ေဘာင္ေလာက ၊ မထြန္းပလည္း
ေနရစဉ္ခါ ၊ ကိုယ့္ေနရာအား
သာယာထြန္းလင္း စြမ္းႏိုင္၏ ။ ။
နန္းဧ ကရီ
""ဥေပကၡာေစသူသို႔ ""
__________________ ( အ႐ိုးခံ ေတးထပ္ )
ဥေပကၡာ အမုန္းျမႇား
ႏွလံုးသား စူးေလ
အၿပံဳးမ်ား မဖူးေဝေအာင္
႐ူးပါေစ ႏွင္ၿမဲ။
တိမ္းေရွာင္ပုန္း လမ္းကြယ္ရာမွာ
ႏြမ္းလြယ္ကာ က်မ်က္ရည္ဝဲ၊၊
မျမင္လမ္း ေရြးရက္ႏိုင္တယ္
ေဆြးအက္ယိုင္ ေမွ်ာ္ဆဲ ။
ေတြးလွ်က္မိႈင္ အေဖာ္ကြဲလို႔
အေပ်ာ္နည္း လြမ္းေန။
သူမျမင္ သူမသိပါတဲ့
အပူမိ လြမ္းေန႔ညေတြ။
ခ်စ္ေႏွာင္တင္း ရက္အရွည္ကို
ဖ်က္သေလ အခုမ်ားေတာ့
မႈမထား ဥေပကၡာ
ျပဳသစ္အနာ။
ေမွ်ာ္လင့္ျခင္း ကမ္းၿပိဳလာေသာ္
တမ္းငိုမွာ သိႏိုင္ရဲ႕ေလး။ ။
နန္းဧ ကရီ
"အခ်စ္ဟု ေခၚပါသည္""
______________________ ( ေလးခ်ဳိး )
သံေယာဇဥ္ ႏြယ္အျဖစ္ရယ္က
အမွန္ေျပာလွ်င္ တြယ္အစစ္ ေပမို႔
ဖယ္ပစ္ဖို႔ ခက္လွတယ္။
႐ုန္းဖယ္ရန္ မဆိုထားပါနဲ႔
မုန္းမယ္ဟန္ ႏွစ္ကိုယ္ျခားမယ္လို႔
အၿပံဳးဖယ္လွန္ ထိုစကားကိုေတာ့
မၾကားဝံ့ ခါးသက္စြာ
နားအထက္မွာ ၾကမ္းရွပါလို႔
လြမ္းရ ၿပီကြယ္။
ခ်စ္ျခင္းေႏွာင္ ေမတၱာႀကိဳးကိုျဖင့္
ရစ္တင္းေအာင္ သစၥာၿဖိဳးပါလို႔
ျမတ္ႏိုးမိ အစဉ္တြယ္
သခင္ရယ္ သက္ညႇာေပး။
ရစ္သမွ်မေရွာင္
ခ်စ္စေႏွာင္ သက္ပံုထားတာမို႔
ရွစ္ဘဝေတာင္ ဆက္ဆံုမလားရယ္ျဖင့္
အနားနီးဖို႔. ေတာင္းဆိုခ်င္
ၾကင္သူေရ ပုန္းေရွာင္သြား ပါနဲ႔
သနားသျဖင့္ ညႇာတာပါ
ေစလိုရာ ဘယ္ထိေရာက္ေစလည္း
လိႈင္းေလေဖါက္ အတူေပ်ာ္
ႏြမ္းပါေသာ္ ႏွစ္ကိုယ္ခ်စ္ကာေဖးမယ္လို႔
တမ္းကာေမွ်ာ္ ပိုညစ္စရာေဝးေအာင္ကြဲ႕
ဆိုသစၥာေတး။ ။
နန္းဧ ကရီ
""ဣေျႏၵဆင္လို႔ ယဉ္""
-------------------------------- ( သံုးခ်က္ညီ ေတးထပ္ )
အဖူးတြင္ ခူးခ်င္ၾက
ဆူးဆင္သ ပန္းမန္
ထူးအသြင္လွ မႏြမ္းရန္ကြယ္
လွမ္းအႀကံ ရြံ႕ေရး။
မိန္းမသား ယိမ္းပါးရာကို
ထိန္းထားပါ ဆူးသိကၡာေဆး။
လက္သရမ္း ဖ်က္ၾကမ္းသူေတြ
မက္လွမ္းယူ ႀကံေဝး ။
ခက္ပန္းမူ သဏၭာန္ေသြးေၾကာင့္
အမွန္ေျပး ေဝးရာ။
ဣေျႏၵ စိန္ေရႊသေတာ့
ထိန္ေဝပ ေလာကီထက္မွာ။
မြတ္အဝင္း ခြၽတ္နင္းတာကို
လြတ္ကင္းကာ မွန္မလြဲလို႔
သဏၭာန္ၿမဲ အဖူးရက္တြင္
မခူးဖ်က္ဆင္။
ျမဴးမပ်က္ ထူးလွ်က္လြင္ေန
ဆူးခ်က္ျမင္ စိုးရြံ႕တယ္ေလး။ ။
နန္းဧ ကရီ
အပယ္ခံသား ၿဂိဳလ္ဆိုး
( လကၤာ / ဝတၳဳကဗ်ာ )
အေမကေမြး ၊ အေဖေကြၽးသည့္
ရင္ေသြး ေျခာက္ေယာက္ ၊ သားခ်င္းေပါက္တြင္
ဦးေဏွာက္ ဉာဏ္လႊာ ၊ ထံုထိုင္းရွာေသာ
သညာ ေပတိုး ၊ နာမည္ယိုး၍
ၿဂိဳလ္ဆိုးသူငယ္ ၊ ဝိုင္းပစ္ပယ္လွ်က္
မတြယ္တာၾက ၊ မိႏွင့္ဘသည္
ႏိွမ့္ခ်ဆက္ဆံ ၊ အပယ္ခံတည္း။
စီးပြားလူမႈ ၊ ဒုကၡစုသည္
ျပဳေဟာင္းမထင္ ၊ ၿဂိဳလ္ဆိုးဝင္၍
ပစ္တင္ဆိုေျပာ ၊ ႏိွမ္သေဘာကို
ၾကားေသာဟန္ပန္ ၊ မရိွျပန္ဘဲ
မ်က္မာန္မညိႇဳး ၊ သြားႀကဲက်ဳိးႏွင့္
ခိုးခစ္သံျမည္ ၊ ၿပံဳးရႊင္ၾကည္၏။
အရြယ္ေရာက္လွ်င္ ၊ ပညာသင္ဖို႔
အိမ္တြင္ စီးပြား ၊ ဥစၥာပါး၍
သားသမီးဝယ္ ၊ ဉာဏ္မႂကြယ္သည့္
သားငယ္ၿဂိဳလ္ဆိုး ၊ပညာတိုးရန္
သင္႐ိုးမေစ ၊ အိမ္တြင္းေနကာ
လိုေလသမွ် ၊ ေစခိုင္းၾကရင္း
တစ္စတစ္စ ႀကီးျပင္းၿပီ။
ေျခလက္ေပါ့ပါး ၊ ခိုင္းေစသြား၍
အားထားရသူ ၊ စိတ္ရင္းျဖဴကာ
ကူညီလိုက ၊ မဆိုင္းတြဘဲ
သယ္မ ကူညီ ၊ ၿဂိဳလ္ဆိုးသည္ကား
အတည္ လုပ္ငန္း ၊ မတတ္စြမ္းလည္း
ထမ္းပိုးေရငင္ ၊ အိမ္တိုင္းဝင္၍
ေငြရႊင္ လက္ရ ၊ အိမ္သို႔က်၏။
ေမာင္ႏွမခ်င္း ၊ ေသြးအရင္းလည္း
ကင္းမဲ့ညႇာတာ ၊ ခိုင္းေစကာျဖင့္
သဒၶာမထား ၊ ႏိွမ့္ခ်ပြါး၍
ေဆြၾကားထင္ေပၚ ၊ အမ်ဳိးေတာ္ဟု
ထုတ္ေဖာ္မျပ ၊ ျပဳကုန္ၾက၏။
ဘယ္သို႔မူမူ ၊ ကူၿမဲကူကာ
ဘယ္သူ ႏိွပ္စက္ ၊ ၿပံဳးမပ်က္ဘဲ
ဆက္ကာကူညီ ၊ ၿဂိဳလ္ဆိုးသည္ကား
ပီျပင္ အၿပံဳး ၊ အၿမဲသံုး၏။
တစ္ေန႔ခါတြင္ ၊ သူ႕မိခင္သည္
ကိုယ္တြင္ကပ္စြဲ ၊သေႏၶ ခဲမွာ
မၿမဲေလွ်ာေလ ၊ အေျခေနေၾကာင့္
ေသမည္ေလလား ၊ ေသာကမ်ား၍
အိမ္သားတစ္ေတြ ၊ ညိႇဳးငိုင္ေနလွ်က္
အေျဖမရိွ ခက္ခဲဘိတည္း။
ေငြေၾကးပိုက္ဆံ ၊ မရိွျပန္၍
စိတ္ႀကံမရ ၊ လက္မိႈင္ခ်ကာ
ကူမ မည့္သူ ၊ မရိွမူခိုက္
အပူတျပင္း ၊ ေငြလိုျခင္းေၾကာင့္
စိတ္တြင္း ဒုကၡ ၊ ေရာက္ခဲ့ရေသာ္
ကူမလို႔ေပး ၊ ၿဂိဳလ္ဆိုးေလးတည္း။
အေမ့ေဆးဘိုး ၊ ခြန္အားတိုးကာ
ေမွ်ာ္ကိုးေဖြရွာ ၊ အသျပာကို
ရလာအခိုက္ ၊ ေဆးခန္းလိုက္၍
ေပ်ာ္ပိုက္ဝမ္းသာ ၊ ေျပးအလာဝယ္
ဓာတ္စာေဆးဝါး ၊ ဝယ္လိုအားေၾကာင့္
ကားမ်ားမျမင္ တိုက္မိစဉ္ဝယ္
ကိုယ္ပင္တျခား ေခါင္းတျခားႏွင့္
လက္ကားကိုင္ယူ ၊ ေငြစမူကို
သူေလမလႊတ္ ၊ အသက္ကြၽတ္ခဲ့။
သနားစဖြယ္ ၊ မ်က္ႏွာငယ္ႏွင့္
မႂကြယ္ ဉာဏ္စြမ္း ၊ အသိႏြမ္းကာ
မခမ္း ေမတၱာ ၊ ေပးခ်င္ရွာသည္
လူသာေသလည္း ၊ သူ႕လက္ထဲမွ
က်စ္ခဲ ဆုပ္ကိုင္ ၊ ေငြစပိုင္ကို
ေသတိုင္မခ် သနားစြ။
ဪ …
ၿဂိဳလ္ဆိုး ၿဂိဳလ္ဆိုး ၊ နာမ ယိုး၍
တိုးဝင္လူေျခ ၊ မရေလလည္း
ေသသည္အထိ ၊ စိတ္ေကာင္းရိွလွ်က္
သိတတ္ လိမၼာ ၊ သူ႕ ေမတၱာအား
ေသရြာေရာက္လည္း ျပခဲ့ၿမဲ၏။
သနားစရာ ေပတိုးမွာကား
ေသခါမွပဲ ၊ ၿဂိဳလ္ဆိုးလြဲ၍
မွတ္စြဲအမည္ ၊ ကြၽတ္ေလၿပီတည့္
ငိုျမည္တမ္းတ ၊ ခ်စ္ပါလွဟု
ေအာ္ၾကဆူပူ ၊ ေသေသာသူမွာ
ဘယ္မူမသိ ၊ျငိမ္းပါ ဘိတည္း။ ။
နန္းဧ ကရီ
""အေမအားလံုး၏ သတၱိ""
( သံုးခ်က္ညီ ေတးထပ္ )
အေမဟာ ေျမမာလမ္း
ေစရာလွမ္း ပိုးခ်ီ
ေဖြရွာမွန္း မညိႇဳးသည္ကြယ္
မ႐ိုးၿပီ ေနၿမဲ။
႐ံႈးအျမတ္ သံုးသပ္ဖယ္ကာ
မႈန္းအပ္ခ်ယ္ ေမတၱာရင္ထဲ၊၊
ထမင္းအိုး ဟင္းဖိုးေဖြတယ္
အရင္းပ်ဳိးေလ ခက္ခဲ ။
အဆင္းမညိႇဳးေပ အသက္ပဲမို႔
မပ်က္စြဲ ေမြးျမဴ။
ဆန္အလာ ျပန္ကာမေတြး
ဖန္ရွာေကြၽး ေအးခ်မ္းၾကည္ျဖဴ။
အစစ္ေအး ရစ္ေထြးသူပါ
ခ်စ္ေရးတူ အသည္းၾကားမွ
မခြဲျခား သားသမီးဆို
ပြားအစီးလို ။
သြားမညည္း ရွားမီးၿဖိဳမယ္
မခါးသီးခ်ဳိ ရင္ေသြးတြက္ေလး။ ။
နန္းဧ ကရီ
""ျမတ္ႏိုးျခင္း ""
-------------------
ရင္တစ္ျခမ္းမွာ
အလြမ္းေတြပြင့္ ၊ ကမ္းေႁခြလင့္မယ့္
သခင့္လက္ကို ၊ ေစာင့္လို႔ႀကိဳဆဲ
ငိုပြဲမဆံုး ၊ မ်က္ရည္ဖံုးလို႔
အၿပံဳးေတြလည္း ပ်က္ခဲ့ၿပီ။
ေမွ်ာ္သာေမွ်ာ္လွ်က္
အေခၚခက္သူ ၊ ရင္မွာပူသည္
ဘယ္မူေထြခင္း ၊ ႏွစ္ကိုယ္ခ်င္းကို
ခြင္းၿဖိဳႏိွပ္စက္ ၊ ကံအဖ်က္မွာ
မသက္မညႇာ ၊ ႀကံဳႀကိဳက္လာေတာ့
ဆံုခိုက္မွာေဝး ေဝးဆဲေလ။
တမ္းတေနရင္း
တမ္းတျခင္းျဖင့္ ၊ ေႏြနင္းမိုးကုန္
ေဆာင္းရိပ္လံႈလို႔ ၊ ပြင့္ငံု မာလာ
ရာသီ အလိုက္ ၊ ပြင့္ခိုက္ျမင္ျပန္
သူ႕ သဏၭာန္လား ၊ ပန္းမာလ္ၾကားမွာ
ေျပးလႊားရွာမိ ၊ ပန္းကိုၾကည့္ေသာ္
သူ၏ မ်က္ႏွာ လဝန္းသာတည္း။
ပန္းျမင္ကာမွ်
ၾကင္နာလွေသာ ၊ ရင္ဝ စူးနစ္
ကိုယ့္အခ်စ္ကို ၊ လွစ္ဟဆို၏
ၿမိဳမိမတတ္ ၊ အခ်စ္အပ္ခ်င္
ျမတ္ျမတ္ႏိုးႏိုးခ်စ္ေသာေၾကာင့္။
နန္းဧကရီ
""ဂုဏ္မဲ့သူအခ်စ္ ""
( နေဘဆင့္ လကၤာ )
မလွမ္းဝံ့ၿပီ ၊ နန္းၫြန္႔ဆီမွ
ေရႊရည္တမွ် ၊ ေဝစီခလ်က္
အလွထိပ္ေခါင္ ၊ ျမရိပ္ေရာင္သို႔
ခန္းေဆာင္အတြင္း ၊ သြမ္းေမွာင္ကင္းေအာင္
အလင္းျဖန္႔ကာ ၊ ဝင္းဖန္႔ဝါသည့္
မာလာ ခိုင္ခက္ ၊ ျဖာႀကိဳင္လွ်က္ကို
လက္တြင္အတူ ၊ ဖက္ငင္ယူရန္
မခ်ဴသာခဲ့ ျဖဴျပာႏြဲ႕ေရ။
မတန္သည့္ပန္း ၊ ျပန္ၾကည့္လြမ္း၍
လက္လွမ္းမသာ ၊ ဆက္တမ္းကာျဖင့္
ဘယ္ခါအေႂကြ ၊ တြယ္တာေနသည့္
အေျခမမွ် ၊ ေျမဘဝမွ
ဓနမဲ့လူ ၊ တတဲ့သူအား
မတူတန္လား ၊ ထူမာန္ပြားလွ်က္
သက္ထားမၾကင္၊ မ်က္အားဝင္သည္
သခင္မုန္းခ်က္ ၊ ရင္ႏံုးဆက္၏။
ၾကင္ပါႏွမ ၊ ညင္သာလွစြာ
ခြန္းစအခ်ဳိ ၊ ၫႊန္းျပလိုလည္း
ဆိုရာမရဲ ၊ ၿပိဳကာလဲ၍
အသည္းမခိုင္ ၊ အၿမဲတိုင္ေစ
ရင္ဆိုင္ အလြမ္း ၊ ျမင္ႏိုင္စမ္းဟု
တမ္းတအေန ၊ ၾကမ္းခေႏြသို႔
ေဝဒနာအား ၊ ေသခ်ာပြားေအာင္
သိမ္းထားအစဉ္ ၊ စိမ္းကားခင္ေရ။ ။
တမင္မညႇာ ၊ ခင္တမာသည္
ၾကင္ကာမထား ၊ ရင္နာပြားေအာင္
အနားမေခၚ ၊ စကားေသာ္မွ်
ေဖာ္ေရြ မဟ ၊ ေမာ္ေနလွသည့္
ႏွမမ်က္ႏွာ ၊ ခ"ဆက္ကာပင္
ရင္လႊာအညိႇဳး ၊ ၾကင္နာပ်ဳိးကာ
ခိုကိုးအစဉ္ ၊ ပိုတိုးၾကင္မည္
သခင္မသိ ၊ရင္မခ်ိလည္း
ေႏြ၏ သဏၭာန္ ၊ ေႂကြဘိဖန္ေစ
ကြၽမ္းရန္အတြက္ ၊ လြမ္းဖန္ဆက္၍
ႏွစ္သက္ကာသာ ခ်စ္လွ်က္ပါတည္း။ ။
နန္းဧ ကရီ
""စိတ္၏ေစရာ ""
( လကၤာ )
စိတ္၏ေစရာ ၊ ကိုယ္ႏႈတ္ပါ၍
ထင္ရာ လုပ္ေျပာ ၊ အႏၶေႏွာကာ
ေမာဟအေမွာင္ ၊ လႊမ္းပိတ္ေဆာင္ေသာ္
ေသေနာင္အပယ္ ၊ ေရာက္တတ္တယ္ရွင့္။
ငါ့ဟာ ငါ့ဖို႔ ၊ တြက္ခ်က္လို႔ျဖင့္
လူတို႔နယ္ပယ္ ၊ ဟန္ေရးႂကြယ္လွ်က္
ကြယ္ဝွက္ ကာထား ၊ ကိုယ့္အမွားျဖင့္
အမ်ားအျမင္ ၊ သူေတာ္စင္။
သူမ်ားမေကာင္း ၊ သတင္းေၾကာင္းကို
မေဟာင္းႏိုင္စြာ ၊ ေဟာင္ဖြာဖြာျဖင့္
လူရာဝင္ေရး ၊ နင္းေျခေသးလွ်က္
အေတြးအေခၚ ၊ ႏံုလြန္းေသာ္ကား
မေတာ္တဲ့လမ္း သူေလျမန္း၏။
မတရားမႈ ၊ေရွာင္ေျပာျပဳ၍
ယခုလူ႕ျပည္ ၊ ခဏေန၌
ေသခါယူသြား ၊ မရအားျဖင့္
သိထားကာေလ ၊ ဆင္ျခင္ေစ။
ဒုစရုိက္ေရွာင္ ၊ ဤလူ႕ေဘာင္တြင္
စိတ္ေဆာင္သမွ် ၊ ႀကံတိုင္းရ၍
သုခစံုညီ ၊ေအးခ်မ္းမည္တည္း။
နန္းဧ ကရီ
""နာမ ကမၸည္း""
( လကၤာ )
႐ုပ္နာမ္ ႏွစ္ျဖာ ၊ ကိုယ္ခႏၶာႏွင့္
ေသခါ အဆစ္ ၊ အပိုျဖစ္သည့္
ပစၥည္းဥစၥာ ၊ ရတနာတို႔
ေနာက္မွာခ်န္ထား ၊ ယူမသြားဘဲ
လူၾကားေနစဉ္ ၊ ဘယ္ျဖစ္အင္ေၾကာင့္
ငါလွ်င္ ဂုဏ္ကိုးေနသနည္း။
ရိွေသာဥစၥာ ၊ ျမတ္ပညာႏွင့္
ခ်မ္းသာ ေရႊေငြ ၊ ဂုဏ္သေရျပင္
ရွာေဖြသမွ် ၊ တစ္လက္မလည္း
ေပးၾကမထင္ ၊ ေသလြန္လွ်င္တည္း ။
ငါတတ္ ငါသိ ၊ ပညာရိွလည္း
ေသသည့္အခါ ၊ လက္ဗလာျဖင့္
ေဖြရွာပိုက္စည္း ၊ ပညာႀကီးကို
အၿပီးေနာက္ခ်န္ ၊ အျဖစ္မွန္ရွင့္။
ရထူး ဌာန ၊ ေက်ာ္ၾကားလွလည္း
နံရပုပ္ေဟာင္ ၊ ခႏၶာေကာင္သည္
ပံုေဆာင္ခဲပင္ ၊ ဓါတ္ေလးအင္ကို
ရက္လွ်င္မဆိုင္း ၊ ထုတ္ သခ်ၤဳႋင္းတည္း။
ေနတုန္းအခါ ၊ ကိုယ္ေဖြရွာသည့္
ဥစၥာ ပစၥည္း ၊ ပညာသီးကို
အနီးျဖန္႔ေဝ ၊ အလင္းေစမွ
ေသသည့္ခ်ိန္ေရာက္ ၊ ကိုယ္၏ေနာက္တြင္
ထြန္းေတာက္အမည္ ၊ ႏွစ္ရာခ်ီလည္း
မႈန္ရီမပ်က္ ၊ ေက်ာက္သားထက္တြင္
နက္စြာ ထြင္းေပ ၊ ကမၸည္းေနသို႔
ႏွစ္ရွည္မည္ေကာင္း ၊ဆင့္ဆင့္ေလာင္းသည္
မေႏွာင္းသက္ရွင္ ၊ သတိဝင္သင့္တကား။ ။
နန္းဧ ကရီ
""အသာဆံုးေသာ ""
( ေလးခ်ဳိး )
ငွက္ဆိုတာ လႊားပ်ံရင္းသာပ
တက္လိုရာ အားမာန္ႏွင္းပါလို႔
မေသမခ်င္း ေနထိုင္။
သူနားရာ အပင္က်ဳိးမွာေတာ့
မပူအားပါ ျမင္မစိုးပါဘု
သူခိုကိုးရဲ႕ သူ႕အေတာင္
အားေဆာင္ကာ ပ်ံသမွ်မွာျဖင့္
မနားေအာင္သာ ဟန္က်ပါလို႔
လွပေနႏိုင္။
ငွက္ကိုသာ ဥပမာထားပါလို႔
တက္လိုရာ ျပဳခါသြားရန္ျဖင့္
လူသားတို႔ ႀကံစြဲကိုင္
မာန္ဇြဲပိုင္ ဉာဏ္သံုး။
ကံကိုစိန္ေခၚ
ဉာဏ္ၿဖိဳကာ တိမ္ေပၚေရာက္ပါလို႔
ႀကံလိုရာ ထိန္ေက်ာ္ေတာက္ေအာင္ျဖင့္
ဦးေဏွာက္နဲ႔ လူမွာပင္
တစ္မူသာထင္ သတၱဝါထဲမွာေတာ့
မွတ္စြဲလို႔ စြမ္းေဆာင္ေလ
ကမ္းေအာင္ေျမ မကြာေဝးပါဘု
လမ္းေမွာင္ေစ အသာေလးေပလို႔
ေတြးေပါ့ထိပ္ဆံုး။ ။
နန္းဧ ကရီ
စိတ္အားျဖည့္ေန႔စဥ္
( ေလးဆစ္ )
( 1.)
ဘဝမွာ ခက္ခဲသလား
မဖ်က္ပဲသြား ေရာက္မယ္ေလ ။
ကိုယ့္ထက္ပင္ ခက္ၾကေသး
ဒုနဲ႔ေဒးေပ။
ေနတတ္ေအာင္ေန
ေသခ်ိန္ထိ မၾကာဘူး။
ၾကပ္လို႔ညစ္လာ
ထပ္လို႔နစ္ မၾကည္သာေတာ့
ဒီတစ္ခါ လူ႕ဘဝဟာျဖင့္
မိွန္ျပလို႔လူး။ ။
( 2.)
စိတ္ဓါတ္ေတြ မက်ပါနဲ႔
ရလာတဲ့ ခဏတာ။
လက္ရိွကို ေကာင္းေအာင္ေတြးလို႔
မေႏွာင္းေသးပါ ။
အပ်က္စိတ္ဟာ
ဖ်က္ရိပ္သာ ေရာက္ၿမဲ။
ဘယ္ေလာက္ခက္ေစ
တကယ္အေရာက္တက္ မေသြေပါ့
တစ္ေန႔ေပ ေရာက္မယ္မွန္းပါလို႔
လွမ္းတက္ဖို႔ပဲ။ ။
( 3.)
ခိုင္ၾကည္ေစ စိတ္မေနာကိုျဖင့္
သေဘာထား သင့္ပါလွ်င္။
ဘယ္လမ္းကို ဘယ္လိုေလ်ာက္ေသာ္လည္း
ေရာက္ႏိုင္ရဲ႕ပင္။
ေအးျမဘဝင္
ရႊင္ခ်ဳိေသာ္ အခက္လႊား။
လမ္းမလြယ္ေသာ္
ျမန္းတကယ္ ေက်ာ္ျဖတ္ေရးဟာျဖင့္
ေအးစိတ္ျဖင့္သြား။ ။
နန္းဧ ကရီ
"ေမွာ္ဝင္အခ်စ္ ""
( ေလးခ်ဳိး )
မာယာႏြယ္ မုသားေတြနဲ႔
ခါခါကြယ္ ျပဳစားတာမို႔
ခုမ်ားေတာ့ အခ်စ္ဝင္ေပ
အစစ္ထင္ေန ျပဳစားခ်က္ကိုျဖင့္
ႏွစ္သက္မိ ညိႇဳ႕ငင္ေစ။
ေမွာ္သခင္ စြမ္းအားေအာက္မွာျဖင့္
ေပ်ာ္အစဉ္ လမ္းမ်ားေပ်ာက္ေတာင္မွ
ဘယ္ေရာက္လို႔ ဘယ္ေစေစ
အလြယ္ေပ သက္ႏွံ ဝံ့တာမို႔
တကယ္ေလ ဖ်က္လွန္ ရြံ႕ပါဘု
စြန္႔ဖို႔ ရည္ေန။
သူေစလွ်င္ မီးလမ္းျခားေလလည္း
ပူေလမထင္ အၿပီးလွမ္းသြားပါလို႔
မညည္းစတမ္းလားကြဲ႕ အခ်စ္ေရ
( အဲ့ဒါ ေလ…) အိုေအစစ္ အသစ္။
( ဪ အခုေတာ့ကြယ္…)
မ်က္ႏွာဖံုးဆင္ကာ
တစ္သက္မုန္း ရင္နာဖို႔ကြယ္
တမင္တကာ ပစ္ခြာထားေလေတာ့
ရင္အလႊာ ညစ္စရာပြားၿပီမို႔
ခါးသက္ခဲ့ သည္းအူဆိုင္
အၿမဲတူၿပိဳင္ ေနမယ္အေျပာေတြက
ေျမာရွာေပါ့ အတိတ္မွာ
ရင္နာဖြယ္ အျဖစ္ႀကီးေပမယ့္
အၾကင္နာဖယ္ အစစ္မညည္းပါဘု
( ကိုယ့္တစ္ေယာက္ထဲေလ …)
ခ်စ္ၿပီးရင္းခ်စ္။ ။
နန္းဧကရီ
""ဆည္းဆာ""
( သံုးခ်က္ညီ ေတးထပ္ )
ေနအဝင္ ေရႊမင္တို႔
ေဝလြင္လို႔ ဆည္းဆာ
ေျမျပင္သို႔. အၿပီးျဖာတယ္
နီးအလာ ညထဲ၊၊
ေခ်ာအလွ ေတာကခင္ေတြ
ေႏွာၾကစဉ္ ေရအိုးကိုဆြဲ၊၊
ႏွစ္ဖက္ပါး ကြက္ၾကားဆင္ကာ
မ်က္ထားရႊင္ ျခယ္ၿမဲ ၊၊
ခက္အားထင္ တကယ္စြဲလို႔
ဘယ္မကြဲ နတ္သြင္။
ျပဳသဏၭာန္ တုျပန္ေတာ့
ႏုဟန္ေၾကာ့ လံုၿခံဳစြာဆင္။
ေတြ႕မ႐ိုင္း ေန႔တိုင္းျမင္ေလ
ေမြ႕လိႈင္းရင္ ႐ႈမဝလို႔
သူ႕အလွ ပန္းခ်ီေငးေအာင္
ၾကည္အေသြးေဆာင္။
မမီေသး သည္ေဆးေရာင္ေတြ
အတည္ေထြးေႏွာင္ ညိႇဳ႕လြန္းသူေလး။ ။'
နန္းဧ ကရီ
အာယုဒါန
————-
ျမန္မာျပည္ အလယ္ပိုင္း
ပူလိႈင္းျဖတ္ ေရမလြယ္
ဒုကၡေတြႂကြယ္။
သဲေရတြင္း ေစာင့္ရင္းမယ္
ေနမင္းကြယ္ ညေနယြန္း။
"မ်ားလူရွင္သဒါၶပြားပါလို႕
ေစတနာထားကာလွဴ ရင္ျဖင့္
ဇမၺဴ တြင္အျမတ္ဆုံးညီပါ့
ကပ္သုံးလီ ကိုယ္မွာေဝးတဲ႕ေအာင္
မျပတ္သးုံေရ လိုရာေပးႀကဖို႕
ေတြးဆတိုက္တြန္း ။
နန္းဧ ကရီ
""ျဖည့္ဆည္းသူ ""
( သံုးခ်က္ညီ ေတးထပ္ )
အေအးျဖာ ေပးရွာခဲ့
ေႏြးပါတဲ့ ေႏြခါ
ေျပးလာလွည့္ ေဆြသဟာရယ္
ေဝတမာ ရိပ္တြင္း။
အေအးရိပ္ ေခြၽးသိပ္ေျဖေနာ္
ေဝးမိတ္ေဆြ သူငါ တစ္သင္း။
ေဆြအမ်ား ေနနားပါလွ်င္
ေလအားျဖာ ကူရင္း။
ေစစားကာ အပူကင္းဖို႔
အတူခ်င္း သစ္ပင္။
အရိပ္ေတြ သိပ္ေဝညိဳ့ေပမယ့္
မိတ္ေဆြတို႔ ေအးခ်မ္းေစခ်င္။
မခိုကိုး ကိုယ္က်ဳိးျမင္ကာ
ပိုတိုးရွင္ မ်ားလူတြက္ေပါ့
အားကူလွ်က္ ညိႇဳးမေျခာက္ေန
ၿဖိဳးအေမာက္ေပ။
မိုးတစ္ေလွ်ာက္ တိုးေပါက္ေဝကာ
မ်ဳိးေနာက္ေႁခြ အဆက္ဆက္ေလး။ ။
နန္းဧ ကရီ
"""ေမတၱာ ""
( ေတး႐ိုးငယ္ )
အေရွ႕ျပင္ လႊမ္းကာနင္းတဲ့
ဆန္းစြာဝင္း ေနျခည္
လန္းျဖာျခင္း ေရႊအရည္လို
ေျမမဟီ တစ္ေလွ်ာက္။
အေမွာင္ည ေျပးထြက္ခြာေသာ္
ေသြးလက္ျဖာ လင္းေရာင္စဉ္ေတာက္။
ေန႔ေဟာင္းကုန္ အသစ္ေရာက္ေတာ့
အညစ္ေပ်ာက္ ေပ်ာ္ရႊင္။
ေဝေနယ် အားလံုးပင္ေလ
ထား သံုး ဝင္ ေမတၱာႏွင့္ေလး။ ။
နန္းဧ ကရီ
""အလြမ္း နဲ႔ ၾကယ္ ""
( အ႐ိုးခံ ေတးထပ္ )
ကဗ်ာေတြ ေတြးမရ
ေရးမလွ ကာရန္
ေဆြးတစ္ည ပမာဟန္ကို
ငါအမွန္ ေရးခက္။
ၾကယ္တစ္သင္း ျမင္မိပါေသာ္
အထင္ရိွတာ ၿပံဳးေလွာင္ႏိုင္ရက္။
ေဖာ္ကြဲည လြမ္းတာရွည္မယ္
တမ္းကာေန ေႂကြသက္။
မွန္းဗ်ာေပြ ေဆြမမက္ေတာ့
ေဖြမပ်က္ ရင္ပူ။
တမင္သာ စိမ္းေယာင္သမ္းပါလို႔
တိမ္းေရွာင္လမ္း ေရြးတဲ့ဟန္မူ။
ေျပာစကား မုသားျဖဴကို
ျပဳအားသူ ယံုခ်င္ဆဲေပမို႔
ထံုက်ဥ္ခဲ သည္းလႊာျပင္
မခြဲခြာထင္။
လြမ္းတိုင္းေတာ့ တိုးတြယ္ငင္တယ္
မိုးၾကယ္စင္ ေလွာင္ေစေပါ့ေလး။ ။
နန္းဧ ကရီ
""ဓမၼလႊမ္းပါေစ ""
( ေတး႐ိုးငယ္ )
ဓမၼေတြ လႊမ္းမိုးလို႔
ပန္းပ်ဳိးသို႔. သာေစ
သြမ္းအဆိုးတို႔ ကမၻာေျမဝယ္
မၾကာေပ ကြယ္ပ။
အဓမၼ ကင္းျပတ္ေသြကာ
လင္းအပ္ေစ ေလာကီအလွ။
ေကာင္းစိတ္ကို ေဆာင္ကိုင္ၾကပါမွ
ေအာင္ႏိုင္ရ. သဏၭာန္၊၊
ဓမၼ ျဖင့္ ေတြးလို႔ႀကံေသာ္
ေအးဖို႔အမွန္ မလြဲပါေလး။
အဓမၼ. ပယ္ျဖတ္လွန္ကာ
တကယ္ျမတ္ရန္ ေဆာင္ၾကစို႔ေလး။ ။
နန္းဧ ကရီ
""တစ္ပြင့္ တန္ရာပန္""
---------------------------- ( သံုးခ်က္ညီေတးထပ္ )
တစ္ပြင့္တန္ သင့္မွန္မွန္း
ခင့္ဆံနန္း ဆင္ပါ
ဝင့္ထံ လွမ္း အျမင္မွာကြယ္
မယဉ္တာ သိထား။
မထိုက္ဘဲ ႀကိဳက္ဆြဲဆင္လွ်င္
မိုက္မဲခင္ ေမာလို႔သာသြား။
ျမင္သမွ် ယဉ္ စြေနေသာ္
ခင္ရေလ ေပ်ာ္ပါး ။
ဆင္သေပ အေမာ္ႂကြားနဲ႔
အေတာ္မ်ား ဂုဏ္ယူ။
ႀကီးအာသာ မီးပါပဲလို႔
ၿငီးျဖာစြဲ စိတ္အတြင္းပူ။
လိုသမွ် ပိုရသူမွာ
ငိုၾကမူ ေလာဘေၾကာင့္
အေမာခ. ျဖစ္တတ္အမွန္
ညစ္ထပ္တစ္ဖန္။
အျမစ္ဇာတ္ ရစ္ပတ္လွန္ကာ
သစ္ ျမတ္ တန္ မွန္းရြယ္ၾကေလး။ ။
နန္းဧ ကရီ
ကိုယ္ခ်င္းစာတရား ""
------------------------------- ( ေလးခ်ဳိး )
ကိုယ္ခ်င္းစာ တရားကိုျဖင့္
ပိုႏွင္းကာ ထားပါလို႔
မ်ားသတၱ ခ်မ္းသာေစ။
နာက်င္ေအာင္ သူတစ္ထူးကိုတဲ့
ငါ လ်င္ေဆာင္ မူအက်ဴးေတြျဖင့္
စိတ္ကူးျဖင့္ ျပဳျခင္းေရွာင္
ေဆာင္ၾကကြယ္ အၾကင္နာလႊမ္းကာပ
ေအးခ်မ္းေအာင္ေန။
ေစာမွန္စြာ
မေနာခႏၶာ နာေအာင္လုပ္ပါက
ကိုယ္အပုပ္ ကိုယ္ပဲခံ
ပိုကဲျပန္ ေသေအာင္သတ္လ်င္ေတာ့
မွတ္ယူၾက ငရဲေပ
မလြဲမေသြ အၿပီးဆင္း။
ကိုယ့္ ခႏၶာ အပ္ျဖားစူး ေတာင္မွ
အထူးသျဖင့္ နာတတ္လွ်င္ကြယ္
ပမာတင္ သူ႕ကိုယ္စိတ္ကိုေတာ့
မမိွတ္မသုန္ နာမယ္ေတြးပါလို႔
အေလးထားလ်က္ ကိုယ္ခ်င္းစာ
ပိုႏွင္းကာ ၾကင္နာမႈကိုျဖင့္
ထိုအခ်င္းအရာ အစဉ္သာျပဳပါကြဲ႕
လူ႕ျပည္ အတြင္း။ ။
နန္းဧ ကရီ
အခ်စ္နဲ႔ ေႏြးမယ့္ေဆာင္း ""
-------------------------------------- ( ေလးခ်ဳိး )
ေလညႇင္းသုန္ တအားေဖာက္ပါလို႔
ေငြႏွင္းမႈန္ တံခါးေခါက္ျပန္ေတာ့
အနားေရာက္ခဲ့ ေဆာင္းသခင္။
ျဖဴလြင္လြင္ ႏွင္းေအးၾကားမွာျဖင့္
အတူယွဉ္ ဆင္းေျပးလႊားခ်င္ရဲ႕
ေထြးထားပါကြဲ႕ တို႔လက္ေတြ
ေအးစက္ေန ေဆာင္းၾကမ္းၾကမ္းကိုျဖင့္
တူလွမ္းမည္ပင္။
ႏွစ္ကိုယ္သားေပ
ခ်ဳိပ်ားအေန အနမ္းေႏြးေတြက
သိုမထားေစ လွမ္းေပးေလေတာ့
မေအးပါဘူး ရွက္ေသြးလြင္
ပါးမို႔တြင္ နီျမန္း။
ဖယ္ထြက္မခြာ
ဆယ္သက္တာ သစၥာထားပါလို႔
ႏြယ္ယွက္လာ ေမတၱာမ်ားေတြေၾကာင့္
အနားမွာပဲ အၿမဲတေစကြယ္
အသည္းေျမ. အပ္ကာႏွင္းခ်င္ရဲ႕
မခြဲေပ. ကပ္ကမၻာယြင္းေစေတာ့
ခ်စ္ျခင္းနဲ႔ လႊမ္း။ ။
နန္းဧ ကရီ
"" ခ်စ္ျခင္း အလကၤာ ""
------------------------------
မုန္းမရပါဘူး
ႏွလံုးဝမွာ စူးေလတဲ့
အခ်စ္ဖူးေလး ယုယၾကင္။
သူေပ်ာ္ရင္ ကိုယ္ၿပံဳးလို႔
သူမုန္းေတာ့ ကိုယ္ငို
ႏွစ္ကိုယ္တြင္ တစ္စိတ္ေပမို႔.
သိပ္ခ်စ္အစဉ္ ။
ႏွလံုးဆို႔ရန္
မုန္းဖို႔ႀကံ မေတြးပါဘု
ေဆြးလမ္းျဖင့္ မသြားခ်င္
အပါးတြင္ ခ်စ္လိုၿမဲ။
သူကေခၚ
ပူသမွ်ေနာ္ ဘယ္မမႈပါကြဲ႕
ေထြးယုယ ခ်စ္ခ်င္တယ္
အျပစ္မျမင္ကြယ္ ဘယ္ခရီးမွာျဖင့္
အျမစ္သြင္တြယ္ တကယ္နီးေအာင္ေတာ့
ေသြးစည္းမခြဲ။ ။
နန္းဧ ကရီ
""ေတာင္ေပၚသူ အလြမ္း ""
------------------------------------ ( အဲခ်င္း )
ေတာင္တန္းငယ္မွသာယာ
ေႏြဦးလက္ဖက္
ႏုသစ္ရြက္တို႔
စို႔ထြက္ေဝျဖာသည္ႏွင့္ေလ။
ေငြဇာငယ္မွ ပက္ဖ်န္း
ေကာင္းကင္တစ္ခို
တိမ္မည္းညိဳတို႔
ၿပိဳမလိုယွက္ကာ သန္းလို႔ျဖင့္
ေလၾကမ္းလူးလာ
ဂိန္မာန္အေျပာင္း
လတေပါင္းေပမို႔
ေဆာင္းေႏွာင္း ျဖဴေငြ႕ျဖာတယ္
ရြက္ဝါ ေႂကြလြင့္ပါလို႔
ေျမသင့္ ခါတြင္း။
ေဖာ္ကင္းလို႔ျဖင့္ မရႊင္
ခ်စ္သူရယ္ေဝး
ႏွမေလးမွာ
လြမ္းေတးသီခ်င္တယ္
ေန႔တိုင္းပင္ ေမွ်ာ္ကာတမ္းပါလို႔
လြမ္းမ်က္ရည္ဝဲ၊၊
ေတာတန္းစိုစိမ္း ၊ လက္ဖက္လိမ္းလို႔
ၿငိမ္းခ်မ္းရာေျမ ၊ ႐ႈေလရာတြင္
သူ႕သာျမင္မိ ၊ ရင္မခ်ိကာျဖင့္
ေဆြးၿငိ ေတးသံ ၊ အေဝးလံမွ
ၾကားရန္ ေမေမွ်ာ္ရ ပါလို႔
အပါးထံ ေႂကြေသာ္က်ခ်င္ရဲ႕
လြမ္းဆကဲေလး။ ။
နန္းဧ ကရီ
"ေမာစခန္းက ေကာက္ငန္း""
-------------------------------------- ( အိုင္ခ်င္း )
ခ်စ္တဲ့သူငယ္ေလ
သူငယ္ခ်င္းေကာင္း ေယာက္မတို႔ေရ… ။
ႏွင္းရည္စြတ္စို
ရွမ္းေျမကိုျဖင့္
ေမပ်ဳိ စာဖြဲ႕ျပခ်င္သေတာ္။
ေဆာင္းေဟမာန္ခါ
ေျမာက္အရပ္မွ ေလျပည္လာေတာ့
ခ်မ္းရွာႏွမ ၊ ေဆာင္းရက္ညမွာ
ေစာင္စမလံု ေကြးမိသေတာ္။
ထင္းမီးပံုဖို
အိမ္သားေတြ စုခိုပါလို႔
အိမ္အို ၾကမ္းၾကား
ေဆာင္းတြင္းရာသီ
တူညီဝိုင္းလို႔ နားကာျဖင့္
အားကုန္ခ်မ္းလွပါသေတာ္။
မနက္ခ်ိန္တြင္း
မထျငင္း
ေငြႏွင္းသည္းလြန္းပါသေတာ္။
မျဖစ္မေန
ထဖို႔ေစ
အေမဆူမွ ထသေတာ္။
မနက္စာ ေကာင္း
ေကာက္ညႇင္းေပါင္း
ႏွမ္းေထာင္းလူးနယ္ ပါသေတာ္။
ပလိုင္းကိုယ္စီ
ယာေတာခ်ီ
လွမ္းမည္ ဒုန္းစိုင္းၾကတယ္ေတာ္။
တို႔လယ္စပါး
မ်ားျပားေကာက္ႏွံ
ကြင္းလံုးလွ်ံကာ
ေပါင္းလံ လွည္းတြင္း
စုပံုမႏိုင္
ႀကိဳင္ေမႊး ေကာက္ညႇင္းေတြက
တလင္းအျပည့္ပါသေတာ္။
အလိုေလ့အိုင္!!!
စပါးေပၚ ေမပ်ဳိေလးမွာျဖင့္
အလႈေပးဖို႔ စိတ္ရည္သန္ကာ
ရွင္ေလာင္းစံ ခါေႏြဆန္းလွ်င္ျဖင့္
ဝမ္းစာမတြက္ သဒၶာျဖဴ
ရွင္ေလာင္းယူ ရွင့္အမေပမို႔
လုပ္အားျပ ခုေနခ်ိန္မယ္
ေရႊရည္ထိန္ ေကာက္ႏွံၾကားမေတာ့
နားႏိုင္ဘူးေလး။ ။
နန္းဧ ကရီ
""ႏွလံုးသား ကႏၲာရ. """
------------------------------
ေမတၱာဟာ ေျပာမွသိေၾကးဆိုခ်င္ဆိုၾက
အႏွစ္မပါ ေမာဟၿငိေထြး ျငိုျငင္ပိုမလာ့ရယ္ေၾကာင့္
ဒီအျဖစ္သနစ္မွာေတာ့!!
ႀကိဳတင္ မဖြင့္ဟမိတဲ့ ကိုယ့္အမွားပါ။
စြဲလန္းေစမယ့္စကားေတြဆိုလို႔
အသည္းနန္းေျမရဲ႕တံခါးကိုလည္း
အကဲစမ္းေလမယ္ဟဲ့လို႔
ကိုယ္ေလ! ! မဖြင့္ခဲ့ပါဘူး
ျမတ္ႏိုးတဲ့ ေမတၱာပန္းခက္မို႔
ထပ္တိုးဖြဲ႕ သစၥာနန္းထက္မွာပဲ
အလွသက္သက္ သိမ္းခဲ့ပါတယ္။
အရိပ္ၾကည့္ တေန႔ေႂကြမွာသိေပမယ့္
တစ္ဆိတ္ရိွ မေတြ႕ ေဝဒနာၿငိကာျဖင့္
႐ူးမိတာလည္း ကိုယ္ပါ။
အိပ္မက္နရီ စည္းအေရြ႕မွာပဲ
တိမ္ႏြဲ႕ပလီသလို အၿပီးေမ့ဖို႔ဖန္လာတယ္။
အလြယ္ပ်ဳိးခဲ့တဲ့ ေမတၱာပန္း မဟုတ္ေလလို႔
မျပယ္မညိႇဳးမယ့္ သစၥာ ႏြမ္းခက္ခဲ့ရျပန္ၿပီ။
အပ်င္းေျပ ရင္ႏွစ္ျခမ္းစို ေအာင္ ရြာတဲ့မိုးေျပးက
အတင္းေစ တမင္လြမ္းအငိုေဆာင္ကာ
လာၿဖိဳးေပးေလသလား
အညႇာဆိုးရင္မွာ အသည္းနာအက္ခဲ့တယ္
မခြာတိုး တမင္သာ ခြဲရာခက္ရဲ႕ကြယ္ ။
မာယာပို အၿပံဳးလွ ဝနာျပင္ကိုမွ
သကာလို မုန္းမရ တစ္ခါ ၾကင္မိလို႔
ၿမႇံဳးၿငိတဲ့ ငါးလို လူးရတယ္ …
တံုးပိတဲ့ ဖားလို႐ူးရတယ္။
စုန္းျပဳစားသလို မီးေတာက္အထကို မက္ခင္လို႔
မုန္းမႈပြားမလို အၿပီးေပ်ာက္က်ဆို အသက္ငင္ဖို႔
႐ုန္းလု အားၿပိဳ အနီးေရာက္မွကို ဖ်က္ခ်င္လို႔…………။
ဒါေပမဲ့!!!
မုန္းမရ ေမ့ မေလာက္ေအာင္ ေမတၱာပ်ဳိးမိၿပီ
အၿပံဳးအလွ ေသြ႕ေျခာက္ေတာင္ သစၥာႀကိဳးၿငိမျဖည္
အဆံုးဘဝ တစ္ေန႔အေရာက္ေႏွာင္ရစ္ကာတိုးဘိသည္။
ႏွလံုးသားေႏြကႏၲာသဖြယ္ ကြၽမ္းေလာင္ၿမိဳက္ခဲ့တယ္
အၿပံဳးခါးေႂကြစံစရာမလြယ္အလြမ္းေမွာင္မိုက္ရဲ႕ကြယ္။ ။
နန္းဧ ကရီ
#ႏွစ္သစ္
သူ႕လမ္းကို သူထမ္းၿပီးလာတဲ့ႏွစ္သစ္
လူသားေတြက တခုတ္တရ ႀကိဳၾကတယ္
တကယ္တမ္းမွာ…
လူေတြ ႀကိဳႀကိဳ မႀကိဳႀကိဳ
ဒီႏွစ္ဆယ့္ေလးနာရီကေန
ေနာက္ႏွစ္ဆယ့္ေလးနာရီကို
သူ႕အလို ေရာက္လာမွာပါ
ဆြဲထားလို႔ မရတဲ့ သဘာဝတရား
ဟန္႔တားလို႔ မရတဲ့ ကာလ ယႏၲရား
ဆုမြန္ေတြ တစ္ေယာက္ကေန တစ္ေယာက္
ေတာင္းၾက ေပးၾကတယ္
ယဉ္ေက်းမႈ တစ္ရပ္ပါပဲ
ေပးတိုင္းျပည့္ရေအာင္ဆိုရင္
ကံ ႏွစ္ခုေတာ့ စင္ပါေစ ။
နန္းဧ ကရီ နန္းဧ ကရီ
""အခ်စ္ ႏွင့္ အမုန္း""
-------------------------( ေလးခ်ဳိး )
အခ်စ္သည္ အက်ဳိးျပဳပါလို႔
မုန္းမႈက အျပစ္ျမင္
ျမတ္ႏိုးခင္ သဒၶာတိုးကာပ
တစ္ျဖာအက်ဳိး ဘဝမွာ။
အမုန္းတရား ကိုျဖင့္
ႏွလံုးသားတြင္ မေမြးျမဴ
ေဖြးျဖဴစင္ ေစတနာေဇာရယ္နဲ႔
ေနပါေနာ လူျဖစ္စဉ္
မုန္းဖယ္ႏွင္ ဟိုအေဝးဆီသို႔
ေအးၾကျပန္တာ။
အခ်စ္မလို အမုန္းတရားေတြနဲ႔
အျပစ္ဆို အၿပံဳးပါးလွ်င္ျဖင့္
အ႐ံႈးမ်ား ပိတ္ပင္ကာ
စိတ္တြင္သာ ႏြမ္းညစ္ေၾကာင္း။
ဘဝတိုတို အတြင္းမွာတဲ့
အလွပိုမို ခ်ဉ္းေအာင္ပ
စိတ္ရင္းျဖင့္ ေမတၱာေဝ
ခ်စ္ပါေစ သတၱဝါမ်ား ကိုျဖင့္
ျပစ္အနာေတြ မွတ္ကာမပြားပါပဲ
စိတ္ထားေပ်ာ့ေပ်ာင္း။ ။
နန္းဧ ကရီ
""ေန႔တိုင္း အေမေန႔ ""
----------------------------- (ေလးခ်ဳိး )
အေဖသာ ေရရာမသိလ်င္လည္း
အေမဟာ ေသခ်ာရိွပါရဲ႕
ေလာက၏ ဓမၼတာ။
အေၾကာင္းေတြ အမ်ဳိးမ်ဳိးျဖစ္ေလလို႔
မေကာင္းေလ ဆိုးဆိုးပစ္ေပမယ့္
ျဖစ္ညႇစ္လို႔ ေမြးေလသူ
ေသြးသားကူ မဖြားခဲ့လ်င္ျဖင့္
အမ်ားနဲ႔. ပမာညီ ပင္
ဘယ္ဆီီတြင္ လူျဖစ္ေဝးတယ္လို႔
ေတြးသိေစရာ။
ပညာဉာဏ္ ခ်ဳိ႕မူမမ်ားေလတဲ့
အစဉ္သာဖန္ တို႔လူသားေတြက
ျခားနားရဲ႕ တိရစၧာန္
မွန္စြာပင္ အေျဖေတြ႕ပါလို႔
မေမ့အပ္ ေက်းဇူးသာ
ေတြးဦးစြာ သိေရး။
လျပာသို
ခ စာဆို အေမေန႔ပါတဲ့
မေမ့တတ္ သူေတြတြင္
ေန႔တိုင္းလ်င္ အေမ့ေန႔ပါပဲ
ႀကံဳေတြ႕ရ. လူ ့အေနတြင္
အေမသည္ အနႏၲ ဂိုဏ္းေပမို႔
မေသြညီ စံျပတံတိုင္းပါကြဲ႕
မ႐ိုင္းဖို႔ေတြး။ ။
နန္းဧ ကရီ
********************* "အေမအို ညည္းခ်င္း ""
-------------------------------- (ေလးခ်ဳိး )
လူမမယ္ သမီးသားေတြဖို႔
ပူတယ္ကြယ္ မညည္းတြားေလခဲ့
အသည္းမ်ားကျဖဴစင္သူ။
ျပန္ရေစ မေမွ်ာ္မွန္းပါဘု
မာန္စေသြ အေတာ္ပန္းပါလို႔
ခရီးလမ္း ေနညိဳညိဳ
အေမအို လမ္းေပၚထြက္ လို႔ရယ္
ဝမ္းေက်ာင္းလွ်က္ကူ။
သားတစ္က်ိတ္ သမီးတဆယ္
ျမည္းမဖယ္ ဝမ္းဝေရး
အၿပီးတကယ္ မွန္းဆေတြးပါလို႔
ပန္းသမွ်ေဘး ေက်ာမပူ
ေဇာႏွင့္လူ ေကြၽးရွာၿမဲ။
( ဪ … အခုေတာ့ကြယ္ )
အသက္အရြယ္ ရွစ္ဆယ္ခ်ဉ္းေလေတာ့
မက္စဖြယ္ ခ်စ္တြယ္ျပင္းပါတဲ့
ေသြးသားရင္း ရတနာ
မသထာ ထမင္းတစ္နပ္ ကိုျဖင့္
ဗလဖြာ ႏွင္းမျပတ္ျပန္ခဲ့
မ်က္ခမ္းစပ္ စိုမ်က္ရည္
ငိုရက္ရွည္ ဘဝခရီး ကိုျဖင့္
ပိုမမက္ေပ. ခဏၿပီးေအာင္ျဖင့္
( အေမအိုမွာေလ…)
ညည္းရင္းသာ,ဆဲ ။ ။
နန္းဧ ကရီ
------------------------- ( ေလးခ်ဳိး)
လြမ္းတာေတြ ဋီကာမခ်ဲ႕ေပမယ့္
မွန္းကာေန တီတာႏြဲ႕ပါလို႔
ပန္းပမာေလ သီကာဖြဲ႕ခ်င္ရဲ႕
ဆံုမယ့္ရက္ေတာ့ ေစာင့္ေမွ်ာ္ေန။
ရင္အလႊာ ထုဆစ္ထားတာက
သခင္သာ ျပဳသစ္အားေလေသာ
အၾကင္နာ ႏုျမစ္တရားပါပဲ
အခ်စ္မ်ားနဲ႔ အကၡရာစီ
လြမ္းတာသီ သရ, ေတးေတြက
မွန္းပါၿပီ တစ္ညအေဝးကိုျဖင့္
ေဆြးကူေထာက္ေပ။
တမ္းတတာ သက္ေသျပဳ ရန္ေတာ့
လြမ္းညျဖာ မ်က္ရည္စုပါပဲ
သူ႕ကိုမွ သိေအာင္ေစ
ရင္အေႂကြ လြမ္းေနၿမဲ။
လြမ္းႏြယ္အမွ်င္
ပန္းတယ္ထင္ ထင္မေတြးပါဘု
ရင္အေဆြးတို႔ ေမြးျမဴမွာ
ေဆြးပူကာ ဗ်ာေပြနင့္ေသာ္လဲ
ေတးၾကဴလႊာ စာေခြဆင့္ပါလို႔
သခင့္ထံသို႔ မွန္းကာရြယ္
ထည္အလႊာ တစ္လႊာျခားေသာ္မွ
ဆယ္ကမၻာ အကြာထားသည္သို႔
ေဆြးအားပိုကဲ။ ။
နန္းဧ ကရီ
""အညံ့ပန္း ပမာ """
------------------------- ( ေလးခ်ဳိး )
ဂုဏ္ မထည္ ပန္းကေလးေပမို႔
ၿခံဳသဖြယ္ လမ္းနေဘးမွာပဲ
ပြင့္ေပးပါလို႔ အလွေဝ။
အသြားအျပန္ လူသားေတြက
ႏွစ္ျပားမတန္ မယူျငားေပမယ့္
သူကားျဖင့္ မမႈလို
ေလာကကို သာေစေၾကာင္းရယ္ျဖင့္
ေကာင္းစြာပြင့္ေႂကြ။
ဥေပကၡာ ဒဏ္ရာသင့္ေပမယ့္
သူ႕ဖက္မွာ မွန္စြာပြင့္ပါလို႔
လ်ံျဖာဝင့္ ပန္းပါေလ
ေနပူေစ မိုးသည္းသည္း။
ကြၽန္မသည္
အလွညီ ပြင့္ျဖာမိေလတဲ့
ခ်စ္သူ၏ ရင္အလႊာ
ဥေပကၡာ သင့္ခံပန္းလိုပ
နမ္းလိုနမ္း ခ်ဴလိုခ်ဴ
ယူလိုယူ လႊင့္ခ်င္လႊင့္ေစေပါ့
သခင့္အႀကိဳက္ အျပဳအမူ
မမွဳသူ အညံ့ပန္းကိုျဖင့္
အတုယူ ရနံ႔ လႊမ္းပါလို႔
ႏြမ္းပြင့္ေဝၿမဲ ။ ။
နန္းဧ ကရီ
*****************
""ေခတ္ သမီးပ်ဳိ ""
------------------------- ( ေလးခ်ဳိး )
ကာလအလို ဝမ္းစာေရးရယ္ေၾကာင့္
ကညာႏွမအပ်ဳိ မျမန္းသာေသးပါဘု
ျဖာအလွပို အလွမ္းကြာေဝးေလရဲ႕
ေရွးေရွးက ဝတ္ဆင္ပံု။
ခ်ိတ္လံုခ်ည္ ဘီးဆံထံုးရယ္နဲ႔
ပိတ္စံုအထည္ အၿပီးဖံုးပါလို႔
နံ႔သာသံုးတဲ့ အိေႁႏၵရွင္
ဝမ္းစာပင္ ပူတာေဝးေလလို႔
လွမ္းလာလ်င္ သူငါေငးေလတဲ့
စန္းပမာသြင္ ႐ူပါေလးမွာျဖင့္
လွေသြးႂကြယ္စံု။
( သို႔ေသာ္ကြယ္ …)
ဘယ္လိုမ်ားသာ ႐ုန္းကန္ရေပမယ့္
ကိုယ္ဖြားရာ ထံုးစံအလွကိုျဖင့္
ကြယ္ပေအာင္ျဖင့္ မဆင္ကုန္
လံုၿခံဳေအာင္ ဝတ္စား။
သြားလာေဖြ
မ်ားပါေစ အဆင္သင့္ေအာင္ေပါ့
ဥတုႏွင့္လည္း ကိုက္ပါေစ
လိုက္ရာေလ ေမြ႕ဆင္သေလမွ
ေတြ႕ျမင္ရေတာ့ စိတ္ခ်မ္းသာ
ဆံေကမွာ မေႏွာင္ထံုးေပမယ့္
အမွန္ေသြခြာ အေရာင္သံုးပါဘု
မင္ပိတုန္း နဂိုအေနကိုကြယ္
လွပေစ ပံုအသင့္ရယ္ႏွင့္
ခ်င့္တြက္လို႔ ျပဳျပင္ေသာ္
လူ႕ခြင္ေပၚ အတင္းလြတ္ပါလို႔
႐ႈလ်င္ေပ်ာ္ မယြင္းခြၽတ္တာမို႔
ဝင္းမြတ္ေတာက္ႂကြား။ ။
နန္းဧကရီ
*********************************
'''အၾကင္နာမ်ားျဖင့္ ကမၻာ """
_______________________ ( ေလးခ်ဳိး )
အေမွာင္ရြာ ညဥ့္ယံနက္မွာျဖင့္
အေရာင္ျဖာ ဆင့္လွ်ံလက္ေလတဲ့
သန္းေခါင္မွာ တင့္ဟန္စြက္ပါလို႔
ေပၚထြက္ခဲ့ ငါ့ရဲ႕ၾကယ္။
အေသြးအေရာင္ မလက္လြန္းေပမယ့္
အေႏြးေဆာင္ တစ္သက္ထြန္းမယ္လို႔
မေအးေအာင္ အဆက္ရႊန္းကာပ
ကြန္းခိုရပ္ ျပၫႊန္ရွာ
ညလြန္ကာ မနက္လင္းျပန္ေတာ့
အဆင္းကဲတဲ့ ေနသူရိန္
ထိန္ထိန္သာ တစ္ေန႔လံုးမေတာ့
မမိွန္ျဖာ ေမြ႕မဆံုးေအာင္ျဖင့္
ၿပံဳးဖို႔ဖန္ႏွယ္။
ဖန္ဆင္းရွင္ ေဆြအနီးမွာေတာ့
မာန္သြင္းဝင္ ေမမညည္းပါဘု
ဟန္ကင္းစင္ အရွည္ခရီးမွာျဖင့္
ထီးဖိနပ္ အကာအကြယ္
မပါတယ္ မပူေသး။
သူရိွပါေစ
အပူမိတာေတြ တကယ္မမႈပါဘူး
သူ႕အရိပ္ သူ႕အသံ
သူ႕ သဏၭာန္ သူ႕အဆင္းေတြနဲ႔
သူ႕အလင္း ကိုယ္ကခို
ကိုယ္ငိုခါ သူကေထြးပါလို႔
သူ့ ့ေတး၌ ကိုယ္ရႊင္ေပ်ာ္
ၾကင္ေဖာ္လို စိတ္မွာစြဲကာပ
ညနက္ထဲ ၾကယ္အေရာင္
အလင္းေဆာင္ ေန႔ဘက္မွာေတာ့
ေရြ႕သက္ခဲ့ သူရိန္လို
ထိန္ပိုကာ အလင္းျပေလလို႔
ထပ္တူက် ကိုယ့္စိတ္လႊာ
ႏွစ္ကိုယ္မွာ တစ္စိတ္ထဲေပမို႔
မလိုတမာ အရိပ္ခြဲေစလည္း
ကြဲႏိုင္ဘူးေလး။ ။
နန္းဧ ကရီ
ခ်စ္မုန္းျခင္း ႏြံ ""
------------------------- ( ေရွး႐ိုး ေလးခ်ဳိးႀကီး )
ၿမိဳက္လို႔သာ ကြၽမ္းေတာ့တယ္
ရင္ႏြမ္းဖြယ္ အခ်စ္ေဇာေတြေၾကာင့္
ေမာဖို႔ေဆာင္။
ခ်စ္ခင္ႏွစ္သက္၊
ေဇာရမၼက္ေၾကာင့္ ၊
ပူလ်က္ဗ်ာေပြ ၊
နီးေအာင္ေပဟု ၊
ေဖြရွာအၿမဲ၊
ေနကာခဲပါလို႔၊
အသည္းမရႊင္၊
မေတြ႕လွ်င္လည္း၊
ရင္ကြဲမတတ္၊
အလြမ္းထပ္လ်က္
မျပတ္အစဉ္၊
ေဆြးလို႔သာ ရွင္ေတာ့တယ္
တစ္ငင္ငင္ ႏြယ္တဲ့ႀကိဳးကိုျဖင့္
တိုိုးခ်ည္လို႔ေႏွာင္။
မခြဲခင္က
သည္းရင္နင့္မွ်၊
လြမ္းၾကသလို၊
ခြဲမယ္ဆိုျပန္၊
ထိုအသံကို၊
ၾကားရန္မရဲ
အပူကဲ၍
မခြဲႏိုင္ေသး
စိတ္အေတြးျဖင့္
ႀကိတ္ေဆြးငို လူမသိေအာင္ျဖင့္
ၿငိလို႔သာ ရွင္ေတာ့တယ္
မရႊင္ေအာင္သာ
ရင္အေမွာင္နဲ႔ အလြမ္းေန႔။
အခ်စ္အမုန္း
ဘယ္မဆံုးသည့္ ၊
အၿပံဳးပ်က္ဖြယ္
အခက္ႏြယ္ႏွင့္၊
ယွက္တြယ္ေသာက
ဗ်ာပါဒေၾကာင့္ ၊
ေလာင္ရမီးစြယ္
မပယ္ႏိုင္ေသး
ဝဋ္ေႂကြးမေၾက
ေနေနသမွ်
ေတြ႕ႀကံဳရလည္း
ပူစြမထင္
ေလာင္ခ်င္ေလာင္ ကြၽမ္းလိုကြၽမ္းေစလည္း
တမ္းတမ္းစြဲ ဂယက္နယ္မွာ
ဖက္တြယ္ကာ မိုက္အၿမဲရယ္နဲ႔
ဝဲလည္ရင္းေမြ႕။ ။
နန္းဧကရီ