Unicode
ဦးမင်းလူနှုတ်ထွက်သွားခြင်း
____________________
ယောကျ်ားပီသတယ်ဆိုတာ
ကိုယ်နိုင်တဲ့လူကို
ဖိတွယ်တတ်တာဆိုရင် ....။
ရိုးသားတယ်ဆိုတာ
သူများမကောင်းကြောင်းနဲ့
ကိုယ်ကောင်းကြောင်းကို
မကွယ်မဝှက်ဖွင့်ပြောတတ်တာဆိုရင် ....။
ကြိုးစားတယ်ဆိုတာ
ကိုယ့်မိသားစုကောင်းစားရေး
တစ်ခုတည်းအတွက် ကြံစည်တာဆိုရင် ....။
ဂုဏ်သရေရှိတယ်ဆိုတာ
သူတပါးအပေါ်
အထက်စီးက ဆက်ဆံခွင့်ရတာဆိုရင် ....။
အားကိုးရတယ်ဆိုတာ
ညွှန်ကြားရေးမှူးချုပ်ရဲ့ ပီအေနဲ့
ခင်တယ်ဆိုတာကို ပြောတာဆိုရင် ....။
မင်းရဲ့ဧည့်သည်တော်စာရင်းထဲက
ငါ့နာမည်ရဲ့ဘေးမှာ
'ရာသက်ပန်ဖျက်သိမ်း'ဆိုတာလေး
တဆိတ်လောက်
တေးမှတ်ထားလိုက်စမ်းပါကွယ်။ ။
(၁၉၈၁)
မင်းလူ
နယ်စပ်ဒေသ
နေ့နဲ့ည ကြားမှာ
တစ်စက္ကန့်ပဲ ခြားတယ်။
တစ် ဒီဂရီနဲ့
သုံးရာခြောက်ဆယ် ဒီဂရီကြားမှာ
တစ် ဒီဂရီပဲ ခြားတယ်။
ဆောင်းနဲ့နွေကြားမှာ
လေတစ်ဝှေ့ပဲ ခြားတယ်။
အပြာနဲ့အစိမ်းကြားမှာ
အဝါတစ်စက်ပဲ ခြားတယ်။
ရှင်ခြင်းနဲ့သေခြင်းကြားမှာ
မျက်တောင်တစ်ခတ်ပဲ ခြားတယ်။
အချစ်နဲ့အမုန်း ကြားမှာ
မျဉ်းတစ်ကြောင်းပဲ ခြားတယ်။
ဟိုဘက်ကို ကူးဖို့ဆိုတာ
လွယ်လွယ်ကလေးပါ။ ။
မင်းလူ...
တန်ဖိုးရှိတဲ့ မိန်းမဆိုတာ
ပွဲသိမ်းခရာ မမှုတ်သေးခင်
ရှုံးပြီလို့မပြောပါနဲ့ဦး..။
ကျားသစ်ဆိုတာ အရေခွံဆုတ်ပြီးမှ
တကယ်သေပြီလို့ အတည်ပြုနိုင်တယ်..။
ပိုးဟပ်တစ်ကောင်ဟာ ခေါင်းမပါဘဲနဲ့
ရက်အတော်ကြာ အသက်ရှင်နိုင်သေးတယ်ဆိုပဲ..။
အသက်ရှူ ရပ်သွားတာတောင်
ဦးနှောက်အလုပ်လုပ်နေရင်
သေပြီလို့ မဆိုနိုင်သေးဘူး..။
ငါ့နှလုံးခုန်သံ သဲ့သဲ့လေးပဲကျန်တော့လို့
မင်းသိပ်ပျော်နေလား ဟင်..။
စိတ်ချ…..
နောင်ဘဝကျရင်လည်း
ငါမင်းကိုပဲ ပြန်ချစ်ဦးမှာ..။
ဒီလိုပဲ..
တန်ဖိုးရှိတဲ့ မိန်းမဆိုတာ
စာအုပ်ကောင်းတစ်အုပ်လိုပဲ
ဘယ်လောက်ဟောင်နွမ်းစုတ်ပြတ်နေပါစေ
ပြန်ဖတ်တိုင်း အရသာရှိတယ်လေ..။
မင်းလူ
(ဆရာမင်းလူရဲ့ “ပြန်ခေါ်သက်သေ” လုံးချင်း ဝတ္ထုမှ)
မင်းလူရေးသားသောကဗျာ
ပေပင်တစ်ပင်ဟာ
သူ့တစ်သက်တာမှာ
တစ်ကြိမ်ပဲအသီးသီးသတဲ့။
ကျီးကန်းမတစ်ကောင်ဟာ
သူ့တစ်သက်တာမှာ
တစကြိမ်ပဲသားပေါက်သတဲ့။
ပျားတစ်ကောင်ဟာ
သူ့တစ်သက်တာမှာ
တစ်ကြိမ်ပဲတုပ်နိုင်သတဲ့။
မင်းက... ကျတော့
တစ်ကြိမ်မှာ ဥပေါင်းထောင်သောင်မက
ချတတ်တဲ့ငါးသလောက်တစ်ကောင်လို
လူပေါင်းများစွာကို ချစ်ခဲ့ပြီးပြီ။
စာအုပ်ပေါင်းများစွာကို ကိုက်ဖြတ်တတ်တဲ့
ခြတစ်ကောင်လို
နှလုံးသားများစွာကို ဖျက်ဆီးခဲ့ပြီးပြီ။
အကြိမ်ပေါင်းများစွာ ဆက်တိုက်ပစ်ခတ်နိုင်တဲ့
စက်သေနတ်တစ်လက်လို
ပါးပေါင်းများစွာကိုရိုက်နှက်ခဲ့ပြီးပြီ။
တစ်သက်တာမှာ
တစ်ကြိမ်သာပေါက်ကွဲနိုင်တဲ့
လက်ပစ်ဗုံးနဲ့တူတဲ့
ငါ့နှလုံးသားရဲ့ စနက်တံကိုတော့
မင်းကိုဖြုတ်ခွင့်မပေးနိုင်ဘူး။
Zawgyi
ဦးမင္းလူႏႈတ္ထြက္သြားျခင္း
____________________
ေယာက်္ားပီသတယ္ဆိုတာ
ကိုယ္နိုင္တဲ႔လူကို
ဖိတြယ္တတ္တာဆိုရင္ ....။
ရုိးသားတယ္ဆိုတာ
သူမ်ားမေကာင္းေျကာင္းနဲ႔
ကိုယ္္ေကာင္းေျကာင္းကို
မကြယ္မဝွက္ဖြင့္ေျပာတတ္တာဆိုရင္ ....။
ျကိဳးစားတယ္ဆိုတာ
ကိုယ့္မိသားစုေကာင္းစားေရး
တစ္ခုတည္းအတြက္ ႀကံစည္တာဆိုရင္ ....။
ဂုဏ္သေရရွိတယ္ဆိုတာ
သူတပါးအေပၚ
အထက္စီးက ဆက္ဆံခြင့္ရတာဆိုရင္ ....။
အားကိုးရတယ္ဆိုတာ
ညႊန္ျကားေရးမွဴးခ်ဳပ္ရဲ႕ ပီေအနဲ႔
ခင္တယ္ဆိုတာကို ေျပာတာဆိုရင္ ....။
မင္းရဲ႕ဧည့္သည္ေတာ္စာရင္းထဲက
ငါ့နာမည္ရဲ႕ေဘးမွာ
'ရာသက္ပန္ဖ်က္သိမ္း'ဆိုတာေလး
တဆိတ္ေလာက္
ေတးမွတ္ထားလိုက္စမ္းပါကြယ္။ ။
(၁၉၈၁)
မင္းလူ
နယ္စပ္ေဒသ
ေန ့နဲ ့ည ၾကားမွာ
တစ္စကၠန္ ့ပဲ ျခားတယ္။
တစ္ ဒီဂရီနဲ ့
သံုးရာေျခာက္ဆယ္ ဒီဂရီၾကားမွာ
တစ္ ဒီဂရီပဲ ျခားတယ္။
ေဆာင္းနဲ ့ေႏြၾကားမွာ
ေလတစ္ေ၀ွ ့ပဲ ျခားတယ္။
အျပာနဲ ့အစိမ္းၾကားမွာ
အ၀ါတစ္စက္ပဲ ျခားတယ္။
ရွင္ျခင္းနဲ ့ေသျခင္းၾကားမွာ
မ်က္ေတာင္တစ္ခတ္ပဲ ျခားတယ္။
အခ်စ္နဲ ့အမုန္း ၾကားမွာ
မ်ဥ္းတစ္ေၾကာင္းပဲ ျခားတယ္။
ဟိုဘက္ကို ကူးဖို ့ဆိုတာ
လြယ္လြယ္ကေလးပါ။ ။
မင္းလူ...
တန္ဖိုးရွိတဲ့ မိန္းမဆိုတာ
ပြဲသိမ္းခရာ မမွုတ္ေသးခင္
ရွံုးျပီလို႔မေျပာပါနဲ႔ဦး..။
က်ားသစ္ဆိုတာ အေရခြံဆုတ္ျပီးမွ
တကယ္ေသျပီလို႔ အတည္ျပဳႏိုင္တယ္..။
ပိုးဟပ္တစ္ေကာင္ဟာ ေခါင္းမပါဘဲနဲ႔
ရက္အေတာ္ၾကာ အသက္ရွင္ႏိုင္ေသးတယ္ဆိုပဲ..။
အသက္ရွဴ ရပ္သြားတာေတာင္
ဦးေႏွာက္အလုပ္လုပ္ေနရင္
ေသျပီလို႔ မဆိုႏိုင္ေသးဘူး..။
ငါ႔ႏွလံုးခုန္သံ သဲ့သဲ့ေလးပဲက်န္ေတာ႔လို႔
မင္းသိပ္ေပ်ာ္ေနလား ဟင္..။
စိတ္ခ်…..
ေနာင္ဘဝက်ရင္လည္း
ငါမင္းကိုပဲ ျပန္ခ်စ္ဦးမွာ..။
ဒီလိုပဲ..
တန္ဖိုးရွိတဲ့ မိန္းမဆိုတာ
စာအုပ္ေကာင္းတစ္အုပ္လိုပဲ
ဘယ္ေလာက္ေဟာင္ႏြမ္းစုတ္ျပတ္ေနပါေစ
ျပန္ဖတ္တိုင္း အရသာရွိတယ္ေလ..။
မင္းလူ
(ဆရာမင္းလူရဲ႕ “ျပန္ေခၚသက္ေသ” လံုးခ်င္း ဝတၳဳမွ)
မင္းလူေရးသားေသာကဗ်ာ
ေပပင္တစ္ပင္ဟာ
သူ့တစ္သက္တာမွာ
တစ္ၾကိမ္ပဲအသီးသီးသတဲ့။
ကီ်းကန္းမတစ္ေကာင္ဟာ
သူ့တစ္သက္တာမွာ
တစၾကိမ္ပဲသားေပါက္သတဲ့။
ပ်ားတစ္ေကာင္ဟာ
သူ့တစ္သက္တာမွာ
တစ္ၾကိမ္ပဲတုပ္နိုင္သတဲ့။
မင္းက... က်ေတာ့
တစ္ၾကိမ္မွာ ဥေပါင္းေထာင္ေသာင္မက
ခ်တတ္တဲ့ငါးသေလာက္တစ္ေကာင္လို
လူေပါင္းမ်ားစြာကို ခ်စ္ခဲ့ျပီးျပီ။
စာအုပ္ေပါင္းမ်ားစြာကို ကိုက္ျဖတ္တတ္တဲ့
ျခတစ္ေကာင္လို
နွလံုးသားမ်ားစြာကို ဖ်က္ဆီးခဲ့ျပီးျပီ။
အၾကိမ္ေပါင္းမ်ားစြာ ဆက္တိုက္ပစ္ခတ္နိုင္တဲ့
စက္ေသနတ္တစ္လက္လို
ပါးေပါင္းမ်ားစြာကိုရိုက္ႏွက္ခဲ့ျပီးျပီ။
တစ္သက္တာမွာ
တစ္ၾကိမ္သာေပါက္ကဲြနိုင္တဲ့
လက္ပစ္ဗံုးနဲ႔တူတဲ့
ငါ့ႏွလံုးသားရဲ႕ စနက္တံကိုေတာ့
မင္းကိုျဖဳတ္ခြင့္မေပးႏိုင္ဘူး။
No comments:
Post a Comment