Tuesday, March 14, 2017

ကဗျာလေးများ

မျက်ဝန်းလေးတချက်(ကေ၀ိုင်အမ်)

မျက်ဝန်းလေးတစ်ချက် ဆုံဖို.အတွက်
ရင်ခုန်လွန်းစွာ စောင့်ဆိုင်းခဲ့ရ
ချိန်ကာလတွေ ကြာညောင်းလည်းပဲ
တဘ၀လုံး ကုန်သွားပါစေ
ကိုယ်ကျေနပ်တယ်

ခေါင်းလေးဘယ်ညာ ယမ်းခါပြီးတော့
မျက်ဝန်းလေးရဲ. ထောင့်စွန်းလေးက
မကြည့်သလို ကြည့်သလိုနဲ.
မျှော်လင့်ချက်ရဲ. လင်းရောင်ခြည်လေး
ယှက်သန်းလာတာ မြင်ရရုံနဲ.
ကိုယ်ကျေနပ်တယ်

မမျှော်လင့်ပဲ နေ့မှာလမင်း
သာသလိုပင် နူညံလှတဲ့
မျက်ဝန်းတချက် ဆုံတွေ.ရတော့
လက်ရှိဘ၀ မေ့ပျောက်သွားအောင်
ကိုယ်ပျော်လိုက်တာ

မာကျောလှတဲ့ ကျောက်သားတွေတောင်
ရေတပေါက်ချင်း ကျဆင်းဒဏ်ကို
မခံနိုင်တာ ကိုယ်လိုလူသား
နူးညံလှတဲ့ နှလုံးသားက
မင်းရဲ.အကြည့် တချက်တချက်
ဆုံပါများသော မခံနိုင်အောင်
ဖြစ်ခဲ့ရပြီ

အခုတော့လည်း နှလုံးသားလေး
ပေါက်ထွက်သွားပြီး စီဆင်းလာတဲ့
စမ်းချောင်းလေးက အပြာရောင်နဲ.
ပေါက်ထွက်ရှိန်ကြောင့် ဖြစ်ပေါ်လာတဲ့
သံစဉ်များက ကိုယ်ပြောပြမည်
မင်းကိုချစ်သည်။

သံယောဇဉ်လက်ကျန်ရှင်းတမ်း
မောင်လှမျိုး(ချင်းချောင်းခြံ)
ငိုပါရစေ
ချိုမြဒဏ်ရာ၊ ကံကြမ္မာပေး
ရင်နင့်ထွေးပိုက်၊ ပူလောင်မြိုက်ပြာ
ယူဆောင်လိုက်တာ၊ လွန်ပါသလား။
“အချစ်”
ကဗျာဆန်ဖို့
အနစ်နာခံခြင်းမဟုတ်ပါကွယ်။
သူ….သွားရာလမ်း
ဝမ်းပမ်းတနည်း၊ ခြေစုံဆွဲမယ့်
လမ်းကြမ်းခဲလည်း၊ မဟုတ်ဖူးကွယ်
နှစ်ကိုယ်ချစ်ရုံနဲ့
(ဘ၀ဆိုတာ)
ပျိုမျစ်ပါ့မလား။
အချစ်၏…ဂုဏ်အင်၊ ရောင်စင်မတောတ်
ခမ်းခြောက်ရောင်မွဲ၊ ကိုယ့်…..နွေထဲမှာ
နေရဲလျင်လည်း၊ မနေစေ့ချင်
ကြွေရဲရင်လည်း၊ မကြွေစေချင်။
ပြန်ပြောလျှင်
မနက်ဖြန်ဆိုတာ မရှိအောင်
သံယောဇဉ်လက်ကျန်ကိုသာ
တိကနဲဖြတ်
ကိုယ့်ပြဇာတ်…ကိုယ်
အဆုံးစီရင်ပြီးပြီမို့
မုန်းပင်ပျိုး၍၊ အငြိုးကြီးစွာ
(အမုန်းသည်းစွာ) ငိုလိုက်ပါတော့။
ကိုယ်…မိုက်တာတော့ မဟုတ်ဘူးကွယ်။
(အသည်းနှလုံး၏ လိုအင်ဆန္ဒကို အကြောင်းအမျိုးမျိုးကြောင့် မျိုသိပ်ရင်နင့်ခဲ့ရသူများအတွက်)

ထာဝရ
******

ပွင့်​လျှင်​လည်း နမ်း။
နွမ်းလျှင်​လည်း ​ကောက်​။
 ခြောက်​လျှင်​လည်း သိမ်း။

တိမ်းညွတ်​တွယ်​မက်
သည်​တစ်​သက်​မှာ
တစ်​ပွင့်​သာ​လေ
စွဲလန်း​နေမည်​။

ဝေ​ဝေ​ကြွေ​ကြွေ မြတ်​နိုး၏။

မောင်​စိန်​ဝင်း( ပုတီးကုန်း)

ယေဘူယျ ၀ိညာဉ်
( တာရာမင်းဝေ )

င့ါကိုတော့ ခွင့်တောင်းသင့်ပါတယ်
ငါ့နှာခေါင်းပေါ်တက်ပြီး
ဘယ်သူလာ အသက်ရှုနေတာလဲ ..
မင်းကသာ
ဟိုဘက်က အပ်နဲ့ မမှုတ်ဘူးဆိုရင်
မင်းလက်ထဲကပြောင်းကို
ဒီဘက်က ငါချောင်းကြည့်ရဲမှာပါ .. ။
ငါက ..
တွေ့နေကျ၊ မြင်နေကျ၊
ရိုးရိုးလူမျိုးပေါ့
ပန်းနဲ့ပဲဖြစ်ဖြစ်၊ ကောက်ရိုးနဲ့ပဲဖြစ်ဖြစ်
အရမ်းလာပစ်ပေါက်ရင်တော့
ကြောက်တတ်တဲ့ ကောင်မျိုးလေ ..။

ဆောင်းတစ်ခုမှာ
ပါဝင်ခဲ့ဖူးတဲ့ နှင်းတစ်စက်လို
စာရင်းလည်းမရှိ၊ နံပါတ်လည်းမသိ
ဘယ်အထိမှလည်း မကြီးကျယ်ပါဘူးကွယ် .. ။

ငါက ... သာမညလူ .. ။
ငါက ... ယေဘုယျလူ ..။
ဆပ်ပြာပူဖောင်းလို
အရေခွံတစ်ထပ် ခွာလိုက်ရင်ပဲ
အထဲမှာ ဘာမှကျန်မှာ မဟုတ်တဲ့လူ ... ။

ဘယ်သူကမှ မသိဘူး ဆိုရင်တောင်
ငါ့ကိုယ်ငါတော့ သိတာပေါ့
သိပ်ကို သိတာပေါ့ကွယ် .. ။

No comments:

Post a Comment