Sunday, August 20, 2017

တန်ခူးလေနှင့်လျော့တော့သည်

"ထား ကိုချစ်​လို့ပဲ..."
"ပြီး​တော့ ထားကလည်း ကျွန်​​တော့်​ကို ချစ်​​စေချင်​တယ်​။
မချစ်​ခင်​ တစ်​​ယောက်​နဲ့တစ်​​ယောက်​ သိ​အောင်​လုပ်
တယ်​။ နားလည်​မှုရှာတယ်​ဆိုတာ ​လောကကြီးမှာ တ
ကယ်​မရှိတဲ့ သ​ဘော​တွေပဲ။ ပြီး​တော့ တစ်​​ယောက်​နဲ့
တစ်​​ယောက်​ ​လေ့လာပြီးမှ ချစ်​တယ်​ဆိုတာဟာလည်း
စ​တော့(စ်​)အိတ်​(စ)ချိန်းလို ကုန်​သည်​​ဗေဒဆန်​လှတယ်
လေ့လာပြီးမှ လက်​ခံနိုင်​ရင်​ချစ်​မယ်​၊ လက်​မခံနိုင်​ရင်​ အ
ချစ်​ကို ပြန်​ရုပ်​သိမ်းမယ်​ဆိုတာက အရှုံးအမြတ်​ ကစား
တဲ့ ဓနရှင်​နဲ့လည်းတူတယ်​။ မလိုတစ်​မျိုး လိုတစ်​မျိုးလုပ်
တဲ့ ကမ္ဘာကျားကွက်​ဆင်​ နိုင်​ငံ​ရေးသမားကြီး​တွေနဲ့လဲ
တူတယ်​..."
"ဒါဖြင့်​ ရှင်​ယုံကြည်​တဲ့ အချစ်​က​ကော"
"ကျွန်​​တော်​ယုံကြည်​တာက ချစ်​ရင်​ချစ်​လိုက်​မှာပဲ။ ပြီးမှ
တစ်​​ယောက်​အ​ကြောင်း တစ်​​ယောက်​သိ​အောင်​လုပ်
မယ်။အဲဒီတော့မှ အပြစ်​​တွေ့ကြရင်​ ခွင့်​လွှတ်​နိုင်​သလား
စဉ်းစားမယ်​၊ ခွင့်​လွှတ်​နိုင်​ရင်​ အချစ်​စစ်​ပဲ။ တခြားနည်းနဲ့
အချစ်​ကို တိုင်းတာစရာမရှိဘူး"
"တက္ကသိုလ်​ဘုန်းနိုင်
*တန်​ခူး​လေနှင့်​ ​လျော​တော့သည်

No comments:

Post a Comment