ဇွန်ပန်း ""
ဇွန်ဇူလိုင် မိုးသည်းထဲမှာဖြင့်
အလွန်ကြူလှိုင် တိုးခဲပါလို့
ပုလဲပွင့် ဇွန်ငယ်ငယ်။
အရောင်မခြယ် အတည်ဖွေးကာပ
အနှောင်တွယ် ခြည်ကလေးရယ်နှင့်
သီထွေးကာ ကွယ်။
စိန္တေမယ်
နှိမ်ခြွေတယ် ကပ်လှူဒါန်း။
ပွင့်ပိုလျှင်
သင့်သလိုပင် ပန်ဆင်သပါလို့
ဆင့် နဂိုယဉ် ဟန်ပင်ကျလေတဲ့
လှလွန်းသည့်ပန်း။ ။
နန်းဧ ကရီ
No comments:
Post a Comment