Thursday, June 15, 2017

တက္ကသိုလ်ဘုန်းနိုင် စာအုပ်များမှ စာစုများ

"ရင်​ထဲက ဒဏ်​ရာက​တော့ မ​သေးဘူး​ပေါ့​လေ။ ဒီဒဏ်​ရာကို တမင်​​တော့ မ​မွေးမြူထားပါဘူး။ ဇွတ်​လည်း ​ပျောက်​ပြယ်​​အောင်​ မကြိုးစားချင်​ဘူး။ ​ပျော်​ရွှင်​​သော လူ့ဘ၀ရဲ့ ခရီးစဉ်​မှာ အ​နှောင့်​အယှက်တစ်​ရပ်​အ​နေနဲ့လည်း မရှိ​စေချင်​ပါဘူး ...။"
ညီမ​လေးရယ်​ စိုးရိမ်​မိတယ်

ရုပ်ရည်ဆိုသည်က ဘာမို့နည်း။
ရုပ်ရည်မှနေ၍ ဘာကိုများတိတိကျကျ
မှန်​မှန်​ကန်​ကန်​ အကဲခတ်လို့ရပါသနည်း။
အပြင်​ပန်း အသွင်​အပြင်​သည်​ လှည့်စားတတ်သည် ဟူသော စကားက ရှိသည်။
ဝါဝါဝင်းတိုင်း ရွှေ မဟုတ်ဟုလည်း
ဆိုကြသေးသည်။ ။ ။
စွန့်ခွာရသည့်နွေညများ

"​နေရာတကာမှာ နိုင်​ငံခြားက လာတာကို ကိုးကွယ်​ချင်​မှုဟာလည်း ကျွန်​စိတ်​၊ ကျွန်​ကျင့်​ရဲ့ အသွင်​လက္ခဏာ တစ်​ခုပဲ ဖြစ်​တယ်​"
ညီမ​လေးရယ်​ ... စိုးရိမ်​မိတယ်

အမြင့်ဆုံး မျှော်လင့်ချက်တိုင်းမှာ
ထိုက်တန်တဲ့ ရင်းနှီးပေးဆပ်မှု့တော့ရှိမှာပဲ
မျှော်မှန်းထားတဲ့ ပန်းတိုင်မြင့်လေလေ
ပေးလျော်ရမဲ့ အရင်းနှီးများလေလေပဲ"
လေရူးသည် စာမတတ်ပါ... "

ကံကြမ္မာနဲ့​လောကဆိုတာ စိတ်​ဓာတ်​ကြီးတဲ့လူ​တွေကို ​လှောင်​​ပြောင်​တက်​တယ်​...မရှိတာကို အရှိထင်​တယ်​ ရှိတာကို မရှိထင်​တယ်​...ပိုင်​တာကို မပိုင်​ဘူးထင်​တယ်​...မပိုင်​တာကို ပိုင်​တယ်​ထင်​တယ်​...ထင်​တာ​တွေ လွဲမှ ငိုရမှန်းမသိ ရယ်​ရမှန်းမသိဖြစ်​ကြတာ ငိုတာထက်​စာရင်​ ရယ်​နိုင်​တာအ​ကောင်းဆုံးပါ..."
သူငယ်​ချင်းလို့ပဲဆက်​၍​ခေါ်မည်​...ခိုင်

ဘဝဆိုတာဟာ ကံစီမံရာပါပဲ ကံဇာတ်ဆရာက သင့်လျော်မယ်ထင်လို့ကခိုင်းတဲ့အခန်းမှာ
ဝင်မကရင် ဒီလူဟာ ... လောကဇာတ်ခုံပေါ်မှာ
အရှုံးနဲ့ နိဂုံးချုပ်ရမှာပဲ
ချစ်​​သောဤကမ္ဘာ

အချစ်ဆိုတဲ့ သဘောဟာ ဆန်းတယ်​... နိုင်၊
ရိုးရိုးအချစ်သဘောကပဲ ဆန်းလှပြီ ၊
မေတ္တာကဲလွှမ်းတဲ့ အချစ်သဘောက
ပိုင်ဆိုင်လိုမှု ကင်းတာမို့ ပိုဆန်းတယ်...။
မျက်ရည်လောကများ၏ဟိုမှာဘက်

"က​လေး​တွေမဟုတ်​ပဲ လူကြီး​တွေဖြစ်​လာ​တော့
နေရာတကာ ဘယ်​လွပ်​လပ်​​တော့မလဲ၊
တကယ်​​တော့ .... မလွတ်​လပ်​တာမဟုတ်​ပါဘူး​လေ
ထိန်းသိမ်းရတာလို့ပဲ ​ခေါ်ရမှာပဲ "
ကမ္ဘာကုန်​ကျယ်​သ​ရွေ့ဝယ်

စိန်​ပန်းကို ​တော်​၀င်​ပန်းလို့ ဘယ်​သူကမှ
မသတ်​မှတ်​ဘူး၊ ဘယ်​သူကမှလည်း မြတ်​မြတ်​နိုးနိုး ​ခေါင်းမှာမဆင်​ဘူး၊ ဒါ​ပေမဲ့ သူက ၀တ္တရားမပျက်​ဘဲ ​လေထန်​ထန် မိုး​မှောင်​​မှောင်​ထဲမှာ ​လောကကို အလှဆင်​တတ်​တယ်​..။
စွန့်​ခွာရသည့်​​နွေညများ

မြင့်မြတ်သော ကူးမြောက်ခြင်းမှန်သမျှကို အလကား ဈေးပေါပေါနဲ့ မရဘူး ...။
တစ်စုံတစ်ရာကိုတော့ ရင်းနှီးရလိမ့်မယ်
အဲ့ဒါဟာ စွန့်လွှတ်ခြင်းပဲ...။
လေရူးသည်​စာမတတ်​ပါ "

လွမ်းတာကို နာတာနဲ့ဆို့တဲ့ ၊
ဇာတ်​ထဲမှာ​ပြောကြတာ ၊
ဒါ​ပေမယ့်​ ဘဝဆိုတာ ဇာတ်​မဟုတ်​ဘူး ၊
ခွင့်​လွှတ်​ခြင်းနဲ့ကင်းပီး ချစ်​ခြင်း​မေတ္တာကိုလည်း
အနက်​အဓိပ္ပါယ်​ ဖွင့်​ဆိုလို့မရဘူး...။"
မိုး​တွေရွာမှဖြင့်​လျှင်​ကွယ်​"

သံယောဇဉ်ဆိုတာကို ဖြတ်ပါမယ်ဆိုမှ တိုးတိုးလာတယ်။
သံသရာကို ကြောက်မိအောင်​ ကြိုးစားပါမှ
ဘဝဟာမက်​ဖို့ ပိုပိုကောင်းလာတယ်။"

မိုးရွာတာက...ရွာရုံပဲ
တိတ်​ချင်​တိတ်​သွားမယ်​....
မိုး​စွေတယ်​ဆိုတာက....
အကြာကြီးမတိတ်​ဘဲ အရှည်​ကြီးဆွဲရွာတာ...
ချစ်​မိုး​စွေတယ်​ဆိုတာကလဲ......
ခဏ​လေးချစ်​တာမဟုတ်​ဘဲ အကြာကြီးအရှည်​ကြီး
မမုန်းတမ်းချစ်​တာကို ​ပြောတာ​ပေါ့.....
တပြည်​သူမ​ရွှေထား..

No comments:

Post a Comment