ညီတူညီမျှ
*******
အသည်းတစ်ခြမ်းက
လွမ်းရသူတွက်
နောက်တစ်ဖက်ခြမ်းက
အရမ်းချစ်ရသူတွက်။
အလင်္ကာကျော်စွာ ...
ဒီနေရာလေးက ကျနော့ရဲ့ကိုယ်ပိုင် ကမ္ဘာလေးပါ။လမ်းကြုံလို့ပဲးဖြစ်ဖြစ် မတော်တဆပဲးဖြစ်ဖြစ် ရောက်လာသူတိုင်းကိုကျေးဇူးတင်ပါတယ်။မင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေလို့ ဆုတောင်းပေးပါတယ်။
Showing posts with label နွယ်. Show all posts
Showing posts with label နွယ်. Show all posts
Thursday, November 16, 2017
မာနမဲ့စွာ
မာနမဲ့စွာ
ပြက်ရယ်မှုကိုခံရသည့်အခါ
အားငယ်သွားတတ်သော်လည်း
မည်သည့်အခါမှ စိတ်မဆိုးရက်ပါလေ။
အနိုင်ကျင့်မှုကိုခံရသည့်အခါ
ဝမ်းနည်းသွားတတ်သော်လည်း
မည်သည့်အခါမှ မနာကြဉ်းရက်ပါလေ။
တန်ဖိုးမထားမှုကိုခံရသည့်အခါ
မကျေနပ်မှုကို ခံစားရတတ်သော်လည်း
မည်သည့်အခါမှမငြိုငြင်ရက်ပါလေ။
စွန့်ပစ်သွားခြင်းကိုခံရသည့်အခါ
ကျွမ်းမြေ့လောင်မြိုက်စွာပူပန်ရသော်လည်း
မည်သည့်အခါမှမေ့လျော့၍မရနိုင်လေ။
စတွေ့သည်မှ
ငါသည်သင့်အား
မာနတရားကို ပေးအပ်ထားခဲ့သောကြောင့်တည်း။
#မောင်စိန်ဝင်း(ပုတီးကုန်း)
💕💕
ပြက်ရယ်မှုကိုခံရသည့်အခါ
အားငယ်သွားတတ်သော်လည်း
မည်သည့်အခါမှ စိတ်မဆိုးရက်ပါလေ။
အနိုင်ကျင့်မှုကိုခံရသည့်အခါ
ဝမ်းနည်းသွားတတ်သော်လည်း
မည်သည့်အခါမှ မနာကြဉ်းရက်ပါလေ။
တန်ဖိုးမထားမှုကိုခံရသည့်အခါ
မကျေနပ်မှုကို ခံစားရတတ်သော်လည်း
မည်သည့်အခါမှမငြိုငြင်ရက်ပါလေ။
စွန့်ပစ်သွားခြင်းကိုခံရသည့်အခါ
ကျွမ်းမြေ့လောင်မြိုက်စွာပူပန်ရသော်လည်း
မည်သည့်အခါမှမေ့လျော့၍မရနိုင်လေ။
စတွေ့သည်မှ
ငါသည်သင့်အား
မာနတရားကို ပေးအပ်ထားခဲ့သောကြောင့်တည်း။
#မောင်စိန်ဝင်း(ပုတီးကုန်း)
Monday, October 23, 2017
အချစ်ဆိုတာ
မင်းလူ (Min Lu)
အချစ်ဆိုတာ အင်မတန်ထူးဆန်းတယ်။
လျှို့ ဝှက်မှုတွေနဲ့ ပြည့်နှက်နေတယ်။
မထင်မှက်ဘဲ လှည့်စားတတ်တယ်။
တစ်ခါတစ်လေကျတော့လည်း မိန်းမတစ်ယောက်ကိုရင်ဆိုင်ရတာဟာ
ဥပေက္ခာနံရံကြီးကိုခေါင်းနဲ့ ဝင်ဆောင့်ရသလိုပဲ ....
မိုက်မဲလွန်းတဲ့အပြုအမူလို့ ထင်စရာရှိတာပေါ့လေ။
အချီးအနှီး အကျိုးမရှိတဲ့လုပ်ရပ်လို့ ပြောကြမှာပေါ့ ...
ဒါပေမဲ့ ...
အဲဒီနံရံကြီးပေါ်မှာ စွန်းပေနေတဲ့ သွေးကွက်တွေကတော့
အဲဒီလူရဲ့အချစ်ကို ဂုဏ်ပြုတဲ့ သက်သေအထောက်အထားတွေအဖြစ်ရာဇ၀င်တွင်ကျန်ရစ်ခဲ့မှာပါ။
Monday, October 9, 2017
ဆရာမလေးသို့
အချစ်ဘွဲ့
___________ အောင်ချိမ့်
___________ အောင်ချိမ့်
စိတ်မကောင်းပါဘူး
အဲသလိုလွဲသွားခဲ့ရတာ ။
အဲသလိုလွဲသွားခဲ့ရတာ ။
" ဘောလုံးဟာ ဘယ်ကိုလိမ့်သွားသလဲ " တဲ့
ကဗျာတစ…
ငါ့မှာ ရွတ်သမိပါတယ် ။
ကဗျာတစ…
ငါ့မှာ ရွတ်သမိပါတယ် ။
ဘယ်သိမှာလဲ
မဟုတ်ဖူးလား ။
မဟုတ်ဖူးလား ။
လူတွေ ဇာတ်လမ်းတွေ အကတွေ အချစ်တွေ
ထိုင်ငေး
တသက်လုံး အာသာငမ်းငမ်းဖြစ်
တသက်လုံး ဘာမှမရ ။
ထိုင်ငေး
တသက်လုံး အာသာငမ်းငမ်းဖြစ်
တသက်လုံး ဘာမှမရ ။
ငါ စာအုပ်ဖတ်မယ်
ငါ စဉ်းစားခန်းဝင်မယ် ။
ငါ စဉ်းစားခန်းဝင်မယ် ။
နောင်တကြိမ်တခါ
သို့မဟုတ် အကြိမ်ကြိမ်အခါခါ
ကျွန်တော့်ကို ငြင်းပယ်နိုင်ပါတယ် ။
သို့မဟုတ် အကြိမ်ကြိမ်အခါခါ
ကျွန်တော့်ကို ငြင်းပယ်နိုင်ပါတယ် ။
သို့သော် ...
မင်းကို ငါချစ်တယ် ။ ။
မင်းကို ငါချစ်တယ် ။ ။
#အောင်ချိမ့်
Wednesday, October 4, 2017
ဆရာမလေးသို့ တမ်းချင်း
ကျနော့ရဲ့ Search list ထိပ်ဆုံးမှာ
ခများ Acc name လေးအမြဲရှိတယ်။
အင်တာနက်ဖွင့်တိုင်း
ခများ Wall ထဲကိုအရင်ဆုံးဝင်ကြည့်ဖြစ်တာက
နေ့စဉ်တာဝန်တစ်ခုလိုပါပဲ
ခံစားရသမျှတွေကို ခများသိအောင်ပြဖို့
ထပ်တူညီတဲ့ Sticker မရှိဘူး
ခများကိုချစ်မိတာ ၀ဋ်ကျွေးတစ်ခုဆိုရင်
တချို့ဝဋ်ကျွေးတွေက ဆပ်ပျော်တယ်လို့
ကျနော်နားလည်လာခဲ့တယ်
ခေါင်းထဲမှာ ခများအကြောင်းအတွေးတွေနဲ့
အလုပ်ထဲမှာလွဲချော်တာတွေရှိတယ်
ကျနော်ပျော်ပါတယ်
တကယ်တော့
အချစ်မှာ မိုက်ရူးရဲဆန်တာလည်းမရှိပါဘူး
လူတစ်ယောက်ကိုချစ်မိပီဆိုရင်
ကိုယ့်အတွက် သူဟာကမ္ဘာ သူသာအရာရာ
သူမချစ်ဘူးဆိုရင် ကမ္ဘာကြီးမှာကိုယ့်ဟာလည်းမလိုအပ်ဘူး
ဖြစ်ချင်ရာဖြစ်ဆိုတဲ့စိတ်နဲ့ လုပ်ချင်ရာလုပ်တယ်
ဒါပါပဲ.....
ခများ Acc name လေးအမြဲရှိတယ်။
အင်တာနက်ဖွင့်တိုင်း
ခများ Wall ထဲကိုအရင်ဆုံးဝင်ကြည့်ဖြစ်တာက
နေ့စဉ်တာဝန်တစ်ခုလိုပါပဲ
ခံစားရသမျှတွေကို ခများသိအောင်ပြဖို့
ထပ်တူညီတဲ့ Sticker မရှိဘူး
ခများကိုချစ်မိတာ ၀ဋ်ကျွေးတစ်ခုဆိုရင်
တချို့ဝဋ်ကျွေးတွေက ဆပ်ပျော်တယ်လို့
ကျနော်နားလည်လာခဲ့တယ်
ခေါင်းထဲမှာ ခများအကြောင်းအတွေးတွေနဲ့
အလုပ်ထဲမှာလွဲချော်တာတွေရှိတယ်
ကျနော်ပျော်ပါတယ်
တကယ်တော့
အချစ်မှာ မိုက်ရူးရဲဆန်တာလည်းမရှိပါဘူး
လူတစ်ယောက်ကိုချစ်မိပီဆိုရင်
ကိုယ့်အတွက် သူဟာကမ္ဘာ သူသာအရာရာ
သူမချစ်ဘူးဆိုရင် ကမ္ဘာကြီးမှာကိုယ့်ဟာလည်းမလိုအပ်ဘူး
ဖြစ်ချင်ရာဖြစ်ဆိုတဲ့စိတ်နဲ့ လုပ်ချင်ရာလုပ်တယ်
ဒါပါပဲ.....
Friday, June 30, 2017
နွယ်
နွယ်ဆိုတဲ့ကောင်မလေးရေ
မျက်နှာချိုသွေးသွေးပြီ
ချစ်ရေးလည်းမဆိုချင်ဘူး
ကဗျာမရေးဘူး
သီချင်းမဆိုဘူး
အဝတ်လှလှတွေဝတ်ပြီး
ပြဇာတ်လည်းမကတော့ဘူး
ဒီတခါလွမ်းရရင်
ငါ့ရင်ကွဲးရလိမ့်မယ်
ရည်ရွယ်သူရေ....
နင့်နှုတ်ဖျားက
အငြင်းစကားပါမလားတွေးယုံနဲ့
ငါ့မှာကမ္ဘာတွေပျက်လို့....
ငါလေနင့်ကိုချစ်ရေးမဆိုတော့ဘူး
ချစ်ရေးလည်းမဆိုချင်ဘူး
ကဗျာမရေးဘူး
သီချင်းမဆိုဘူး
အဝတ်လှလှတွေဝတ်ပြီး
ပြဇာတ်လည်းမကတော့ဘူး
ဒီတခါလွမ်းရရင်
ငါ့ရင်ကွဲးရလိမ့်မယ်
ရည်ရွယ်သူရေ....
နင့်နှုတ်ဖျားက
အငြင်းစကားပါမလားတွေးယုံနဲ့
ငါ့မှာကမ္ဘာတွေပျက်လို့....
ငါလေနင့်ကိုချစ်ရေးမဆိုတော့ဘူး
Subscribe to:
Posts (Atom)