Monday, October 23, 2017

အချစ်ဆိုတာ

မင်းလူ (Min Lu)
အချစ်ဆိုတာ အင်မတန်ထူးဆန်းတယ်။
လျှို့ ဝှက်မှုတွေနဲ့ ပြည့်နှက်နေတယ်။
မထင်မှက်ဘဲ လှည့်စားတတ်တယ်။
တစ်ခါတစ်လေကျတော့လည်း မိန်းမတစ်ယောက်ကိုရင်ဆိုင်ရတာဟာ
ဥပေက္ခာနံရံကြီးကိုခေါင်းနဲ့ ဝင်ဆောင့်ရသလိုပဲ ....
မိုက်မဲလွန်းတဲ့အပြုအမူလို့ ထင်စရာရှိတာပေါ့လေ။
အချီးအနှီး အကျိုးမရှိတဲ့လုပ်ရပ်လို့ ပြောကြမှာပေါ့ ...
ဒါပေမဲ့ ...
အဲဒီနံရံကြီးပေါ်မှာ စွန်းပေနေတဲ့ သွေးကွက်တွေကတော့
အဲဒီလူရဲ့အချစ်ကို ဂုဏ်ပြုတဲ့ သက်သေအထောက်အထားတွေအဖြစ်ရာဇ၀င်တွင်ကျန်ရစ်ခဲ့မှာပါ။

No comments:

Post a Comment