Wednesday, October 4, 2017

ဆရာမလေးသို့ တမ်းချင်း

ကျ​နော့ရဲ့ Search list ထိပ်​ဆုံးမှာ
ခများ Acc name ​လေးအမြဲရှိတယ်​။
အင်​တာနက်​ဖွင့်​တိုင်း
ခများ Wall ထဲကိုအရင်​ဆုံးဝင်​ကြည့်​ဖြစ်​တာက
နေ့စဉ်​တာဝန်​တစ်​ခုလိုပါပဲ
ခံစားရသမျှ​တွေကို ခများသိ​အောင်​ပြဖို့
ထပ်​တူညီတဲ့ Sticker မရှိဘူး
ခများကိုချစ်​မိတာ ၀ဋ်​​ကျွေးတစ်​ခုဆိုရင်
တချို့ဝဋ်​​ကျွေး​တွေက ဆပ်​​ပျော်​တယ်​လို့
ကျ​နော်​နားလည်​လာခဲ့တယ်
ခေါင်းထဲမှာ ခများအ​ကြောင်းအ​တွေး​တွေနဲ့
အလုပ်​ထဲမှာလွဲ​ချော်​တာ​​တွေရှိတယ်
ကျ​နော်​​ပျော်​ပါတယ်
တကယ်​​တော့
အချစ်​မှာ မိုက်​ရူးရဲဆန်​တာလည်း​မရှိပါဘူး
လူတစ်​​ယောက်​ကိုချစ်​မိပီဆိုရင်
ကိုယ့်​အတွက်​ သူဟာကမ္ဘာ သူသာအရာရာ
သူမချစ်​ဘူးဆိုရင်​ ကမ္ဘာကြီးမှာကိုယ့်​ဟာလည်းမလိုအပ်​ဘူး
ဖြစ်​ချင်​ရာဖြစ်​ဆိုတဲ့စိတ်နဲ့ ​လုပ်​ချင်​ရာလုပ်​တယ်
ဒါပါပဲ.....

No comments:

Post a Comment