Monday, October 9, 2017

ဆရာကြီး တင်မိုး

ညင်းလေပြည်
_____________. တင်မိုး

မနက်ခင်း
ကျေးငှက်တွေရဲ့ တေးသီချင်း
မိုးသောက်ယံ လေပြည်ညင်းကလေးနဲ့
ပြတင်းပေါက်က တိုက်ခတ်
စိတ်အလျ ဉ်း အငြိမ်းဓာတ် ။

ညင်းလေပြည်ကလေးက
ပျံ့မွှေးတဲ့ ပန်းရနံ့ကို
နိုင်ငံအနှံ့သယ်ဆောင်
အောင်ပွဲဆီသို့ အရောက်သွား
စိတ်အင်အား ခိုင်မာစေတယ် ။

လေမုန်တိုင်းကမှ
မာန်ရိုင်းတွေထ၊ တက်ကြွခုန်ပေါက်
လျှမ်းလျှမ်းတောက်တာ မဟုတ် ။

ဝေလီဝေလင်းက
လေပြေလေညင်းကလည်း
နေခြည်ကလေး ဝင်းတောက်လာအောင်
ကင်းထောက်နိုင်စွမ်းတယ် ။

အရေးကြီးတာက
ပြတင်းပေါက်တွေက
အလင်းရောက်လာဖို့ မဟုတ်လား ။ ။

#ဆရာကြီးတင်မိုး

No comments:

Post a Comment