Monday, October 9, 2017

ကဗျာ

#ငါလွင့်​သွားတဲ့တိမ်​​တွေ
######
ပင်လယ်​ဟာ စီးကရက်​မီးခိုး​ငွေ့​တွေကိုမှုတ်​ထုတ်​ခဲ့သလား။
မ​နေ့ကမဟာတံတိုင်း​ပေါ်မှာ
ဒီ​နေ့ကျ တာ့ခ်ျ​မဟာ​ပေါ်မှာ မတူညီတဲ့အ​ရောင်​​တွေ။
နေ၀င်​ချိန်​​တွေလှတယ်​ ။
ငါ့​နေ၀င်​ချိန်​က​ကောလှနိုင်​မလား​တွေးတယ်​။
ကဗျာ​တွေအများကြီး​ရေးခဲ့ဖူးတာ​မယုံနိုင်​စရာပဲ။
အလွမ်းဟာ အိမ်​​မြှောင်​လိုအ​ယောင်​​ဆောင်​ပြီး နံရံ​ပေါ်မှာစုတ်​ထိုး​နေတယ်​။
မနက်​ဖြန်​မနက်​​တော့ မုတ်​ဆိတ်​ရိပ်​ဖြစ်​​အောင်​ရိပ်​မယ်​။
အတတ်​နိုင်​ဆုံးသက်​သက်​လွတ်​စားဖြစ်​​အောင်​ကြိုးစားတယ်​။
သွေး​အေး​အေးနဲ့ခမ်းခမ်းနားနားချစ်​တတ်​ခဲ့တယ်​။
ဘယ်​သူ့ကိုမှ​​တော့ နာကျင်​ပါ​စေမရှိခဲ့ပါဘူး။
မနက်​ဆို​ကော်​ဖီ​သောက်​တယ်​။
ညဘက်​မှာ လဘက်​ရည်​ကျဆိမ့်​​သောက်​တယ်​။
ကိုယ့်​နဲ့ဓာတ်​မတည့်​တဲ့အရာ​​တွေ၊
သူများနဲ့ဓာတ်​မတည့်​တဲ့အရာ​တွေ​ရှောင်​တယ်​။
လယ်​တီဆရာ​တော်​ရဲ့သစ္စာ​လေးပါးရယ်​ အိုရှိုးရဲ့သူပုန်​ကျမ်းရယ်​ဖတ်​ဖြစ်​​နေတယ်​။
အများကြီးမရှိပါဘူး။
အများကြီးရှိစရာမလိုအပ်​ခဲ့ပါဘူး။
တိမ်​​တွေပင်​လယ်​ကိုစွန့်​ခွာခဲ့သလိုမျိုး
ငါတို့စွန့်​ခွာကြရဦးမှာပဲ။
အလင်းနှစ်​(Blogger)
Credit

No comments:

Post a Comment