Wednesday, October 4, 2017

ဆရာမလေးသို့ တမ်းချင်း

ကျ​နော့ရဲ့ Search list ထိပ်​ဆုံးမှာ
ခများ Acc name ​လေးအမြဲရှိတယ်​။
အင်​တာနက်​ဖွင့်​တိုင်း
ခများ Wall ထဲကိုအရင်​ဆုံးဝင်​ကြည့်​ဖြစ်​တာက
နေ့စဉ်​တာဝန်​တစ်​ခုလိုပါပဲ
ခံစားရသမျှ​တွေကို ခများသိ​အောင်​ပြဖို့
ထပ်​တူညီတဲ့ Sticker မရှိဘူး
ခများကိုချစ်​မိတာ ၀ဋ်​​ကျွေးတစ်​ခုဆိုရင်
တချို့ဝဋ်​​ကျွေး​တွေက ဆပ်​​ပျော်​တယ်​လို့
ကျ​နော်​နားလည်​လာခဲ့တယ်
ခေါင်းထဲမှာ ခများအ​ကြောင်းအ​တွေး​တွေနဲ့
အလုပ်​ထဲမှာလွဲ​ချော်​တာ​​တွေရှိတယ်
ကျ​နော်​​ပျော်​ပါတယ်
တကယ်​​တော့
အချစ်​မှာ မိုက်​ရူးရဲဆန်​တာလည်း​မရှိပါဘူး
လူတစ်​​ယောက်​ကိုချစ်​မိပီဆိုရင်
ကိုယ့်​အတွက်​ သူဟာကမ္ဘာ သူသာအရာရာ
သူမချစ်​ဘူးဆိုရင်​ ကမ္ဘာကြီးမှာကိုယ့်​ဟာလည်းမလိုအပ်​ဘူး
ဖြစ်​ချင်​ရာဖြစ်​ဆိုတဲ့စိတ်နဲ့ ​လုပ်​ချင်​ရာလုပ်​တယ်
ဒါပါပဲ.....

Friday, September 22, 2017

''အဖိုးတန်တဲ့လူသားတစ်ယောက်ဘဝကိုရဖို့ နေ့စဉ်ယတြာချေကြစို့''

(ကောင်း လွန်းလို့ တင်ပေးလိုက်တာပါ ဖတ်ဖြစ်အောင် ဖတ်ပေးပါ။ ဖတ်ပြီးလျှင် လည်း တပါးသူများကိုပြန် Share ပေးပါ။ )

၁။ ဝင်ငွေမ ကောင်းတဲ့အခါချွေတာသုံးစွဲတာ အကောင်းဆုံးယတြာ။

၂။ လမ်းသွားတဲ့အခါကြီးမားတဲ့ဝီရိယ ထားခြင်းဟာ အန္တရာယ် ကင်းဖို့ အတွက်အကောင်းဆုံးယတြာ။

၃။ ရန်လိုနေတဲ့လူနဲ့ဖက်ပြိုင်ပြီးမငြင်းတာ အကောင်းဆုံးယတြာ။

၎။ ဒေါသထွက်စရာ ကြုံတဲ့အခါစိတ်ဖြေသာတဲ့နေရာကို
ရှောင် ထွက်သွား ခြင်းဟာအကောင်းဆုံးယတြာ။

၅။ မနာလိုဝန်တိုစိတ်ကိုမမွေးအောင်ကံ ကံရဲ့အကျိုးကိုလက်ခံ နိုင်အောင်ကြိုးစားတာ အ ကောင်းဆုံးယတြာ။

၆။ စိတ်ကောင်းထားခြင်းရိုးသားမှုရှိခြင်း ဟာ ကြီးပွားရာ ကြီးပွားကြောင်း အတွက်အကောင်းဆုံးယတြာ။

၇။ အားလပ်ချိန်မှာစာဖတ်တဲ့အကျင့်ကို မွေးမြူခြင်းဟာအသိအလိမ္မာ တိုးတက်စေ ဖို့အတွက်
အကောင်းဆုံးယတြာ။

၈။ ကံဆိုးချိန်မှာရတနာသုံးပါးကိုအထူးတလည်ဆည်းကပ်ကိုးကွယ်တာသည်
ကံကောင်းတွေရောက်စေ ဖို့အတွက်အကောင်းဆုံးယတြာ။

၉။ တစ်စုံတစ်ရာ ကျွေးမွေးပေးအပ်သူကို ကျေးဇူးရှင်တစ်ဦးအဖြစ် မမေ့အပ်တာအကောင်းဆုံးယတြာ။

၁၀။ သူ့တာဝန် ကိုယ့်တာဝန်ကိုတိတိကျကျ ခွဲခြားပြီးတာဝန်ကျေပွန်စွာ လုပ်တာအကောင်းဆုံးယတြာ။

၁၁။ ရှေ့နောက်မြော်မြင် တတ်တဲ့ပညာရှိ လူကြီးမိဘရဲ့ဆိုဆုံးမမှုကို လိုက်နာတာအကောင်းဆုံးယတြာ။

၁၂။ မရ သေးတဲ့ဥစ္စာကိုအပူတပြင်းမတောင့်တ မလိုချင်တာစိတ်ချမ်းသာစေဖို့အတွက်
အကောင်းဆုံးယတြာ။

၁၃။ တတ်နိုင် သလောက်စုဆောင်းသွားတာဟာအနာဂတ်ခရီးအတွက်အကောင်းဆုံးယတြာ။

၁၄။ ဘဝအရေးနိမ့်တဲ့ကာလမှာစိတ်ဓါတ်ကိုကြံ့ကြံ့ခံနိုင်အောင်သတိထားမွေးမြူခြင်းဟာ
မိမိ မပျက်စီးဖို့အတွက်အကောင်းဆုံးယတြာ။

၁၅။စီးပွားဖြစ်တဲ့အခါအောက်ခြေမလွတ်အောင်သတိတရားနဲ့နေထိုင်တာ အကောင်းဆုံးယတြာ။

၁၆။ ငယ်စဉ်အခါ ပညာသင်ချိန်မှာပညာတတ်ရေးတစ်ခုတည်းကို ရှေ့ရှု့ပြီးတစိုက်မတ်မတ်
ကြိုးစားခြင်း ဟာ နောင်ရေးအတွက်အကောင်းဆုံး ယတြာ။

၁၇။အခွင့်အလမ်းပေါ်လာတဲ့အခါလုံ့လဝီရီယကို ရှေ့တန်းတင်ပြီး အမိအရဆုပ်ကိုင် လိုက်ခြင်းဟာ
အောင်မြင်ကြီးပွားဖို့အတွက်အကောင်းဆုံးယတြာ။

၁၈။ ဘာကိုမှမစဉ်းစားပဲမလုပ်တာမပြောတာ နောင်မှနောင် တ ရ တယ်ဆိုတဲ့အဖြစ်မျိုးကို မ ရောက်ဖို့ အတွက်အကောင်းဆုံးယတြာ။

၁၉။သုံးနိုင်တဲ့အခြေအနေရှိရက်နဲ့စိတ်ကိုလွှတ်ပေးပြီး အရမ်းမဲ့မသုံးစွဲတာဟာ နောင်စိတ်ဆင်းရဲစရာ မကြုံဖို့အတွက်အကောင်းဆုံးယတြာ။

၂၀။ ဘေးရှိတဲ့စကားကြမ်းတမ်းတဲ့စကားကိုမဆိုခြင်းဟာနောင် အခါပြဿနာအရှုပ်အရှင်းနဲ့
ရင်မဆိုင်ရဖို့အတွက်အကောင်းဆုံးယတြာ။

၂၁။ သူ့ဘက် ကိုယ့်ဘက်မျှမျှတတကြည့်တာ စဉ်းစားတာလုပ်ကိုင်တာသည် ရေရှည်လက်တွဲဖို့အတွက်
အကောင်းဆုံးယတြာ။

၂၂။ မနိုင်တဲ့ဝန်ကို မထမ်းတာဟာအသက် ရှည်ဖို့အတွက်အကောင်းဆုံးယတြာ။

၂၃။ မိမိကိုယ်ကို အမှန် ရှု့ထောင့်မှဝေဖန်သုံးသပ်တာဟာရှေ့လျှောက်ရမယ့်ဘဝခရီးမှာ
ပန်းခင်းလမ်းဖြစ်ဖို့အတွက် အကောင်းဆုံးယတြာ။

၂၄။ ဒေါသကို အပြင် မထွက်အောင်ထိန်းနိုင် တာဟာ အစစအရာရာပြဿနာနည်းပါးစေဖို့အတွက်
အကောင်းဆုံးယတြာ။

၂၅။ ကျော်ဖြတ် ရတဲ့ဘဝခရီးမှအမှားများကို ဆင်ခြင်သုံးသပ်ပြီးချက်ချင်းပြုပြင် သွားတာရှေ့ခရီး ချောမောဖို့အတွက်အကောင်းဆုံးယတြာဝ

၂၆။ အတိတ်ကို ပြန်တွေးပြီးလဲမပူဆွေး။ အနာဂတ်အရေးကို လှမ်းမျှော်ပြီးလည်းမပူပန်။
ပစ္စုပ္ပန်တည့်တည့်မှာသာရပ်ပြီးလုပ်သင့်လုပ်ထိုက်တာတွေကိုလုပ်ကိုင် သွားတာဟာ တိုးတက်ဖို့အတွက် အကောင်းဆုံးယတြာ။

၂၇။ အ ကောင်းမြင် ဝါဒနဲ့ဘဝခရီးကိုဆက်ခြင်းဟာအကောင်းဆုံးယတြာ။

၂၈။ ကျန်းမာရေးယိုယွင်းစေတဲ့အပျော်အပါး လိုက်စားမှုမူးယစ်ဆေးဝါးနဲ့အရက် သေစာကို
ရှောင်ရှားတာဟာအသက်ရှည် ကျန်းမာစေ ဖို့အတွက်အကောင်းဆုံးယတြာပါ။

နေ့စဉ်ဒီအချက်ကလေးတွေနဲ့အညီ ကျင့်ကြံနေထိုင်သွားကြမယ်ဆိုရင်တော့ ယတြာဆိုတာအထူးချေစရာမလိုပါဘူးလို့ ပြောချင်ပါတယ် သူငယ်ချင်းတို့။

ဒါ့ကြောင့်----

''အဖိုးတန်တဲ့လူသားတစ်ယောက်ဘဝကိုရဖို့ နေ့စဉ်ယတြာချေကြစို့''

ကိုးဘွဲ့ ရဆရာတော် အရှင်အာစာရာလင်္ကာရ။

Sunday, August 20, 2017

တန်ခူးလေနှင့်လျော့တော့သည်

"ထား ကိုချစ်​လို့ပဲ..."
"ပြီး​တော့ ထားကလည်း ကျွန်​​တော့်​ကို ချစ်​​စေချင်​တယ်​။
မချစ်​ခင်​ တစ်​​ယောက်​နဲ့တစ်​​ယောက်​ သိ​အောင်​လုပ်
တယ်​။ နားလည်​မှုရှာတယ်​ဆိုတာ ​လောကကြီးမှာ တ
ကယ်​မရှိတဲ့ သ​ဘော​တွေပဲ။ ပြီး​တော့ တစ်​​ယောက်​နဲ့
တစ်​​ယောက်​ ​လေ့လာပြီးမှ ချစ်​တယ်​ဆိုတာဟာလည်း
စ​တော့(စ်​)အိတ်​(စ)ချိန်းလို ကုန်​သည်​​ဗေဒဆန်​လှတယ်
လေ့လာပြီးမှ လက်​ခံနိုင်​ရင်​ချစ်​မယ်​၊ လက်​မခံနိုင်​ရင်​ အ
ချစ်​ကို ပြန်​ရုပ်​သိမ်းမယ်​ဆိုတာက အရှုံးအမြတ်​ ကစား
တဲ့ ဓနရှင်​နဲ့လည်းတူတယ်​။ မလိုတစ်​မျိုး လိုတစ်​မျိုးလုပ်
တဲ့ ကမ္ဘာကျားကွက်​ဆင်​ နိုင်​ငံ​ရေးသမားကြီး​တွေနဲ့လဲ
တူတယ်​..."
"ဒါဖြင့်​ ရှင်​ယုံကြည်​တဲ့ အချစ်​က​ကော"
"ကျွန်​​တော်​ယုံကြည်​တာက ချစ်​ရင်​ချစ်​လိုက်​မှာပဲ။ ပြီးမှ
တစ်​​ယောက်​အ​ကြောင်း တစ်​​ယောက်​သိ​အောင်​လုပ်
မယ်။အဲဒီတော့မှ အပြစ်​​တွေ့ကြရင်​ ခွင့်​လွှတ်​နိုင်​သလား
စဉ်းစားမယ်​၊ ခွင့်​လွှတ်​နိုင်​ရင်​ အချစ်​စစ်​ပဲ။ တခြားနည်းနဲ့
အချစ်​ကို တိုင်းတာစရာမရှိဘူး"
"တက္ကသိုလ်​ဘုန်းနိုင်
*တန်​ခူး​လေနှင့်​ ​လျော​တော့သည်

ချစ်ခွင့်

**** ချစ်ခွင့် ****
စွဲစွဲလမ်းလမ်း ချစ်မိတာ သူ့ကို
ဒါပေမယ့် ရူးရူးမူးမူး တမ်းတနေရုံကလွဲပြီး
ငါ ဘာများ တတ်နိုင်ဦးမှာလဲ .....

အဆိုးရွားဆုံး လက်ရှိဘ၀ထဲ
အရိုးသားဆုံး ၀န်ခံချင်တာက
မင်းကို အရမ်းချစ်တယ် ဆိုတာပါဘဲ .....

အသုံးချခံ ကံတရားရဲ့ လှည့်ကွက်ထဲ
အသုံးမကျတဲ့ ငါ့ကိုယ်ငါ အပြစ်တင်ရင်း
အဆုံးဆမဲ့ ချစ်ခဲ့မိတာက ငါရူးဖို့သက်သက်အတွက်ဆိုတာ နားလည်ပါတယ် .....

ဒါပေမယ့် ~~~~~
အိပ်မရညတွေထဲ
ငါ့နှလုံးသားက မင်းနာမည်တွေ ပဲ့တင်ခတ်လာချိန်မှာတော့
စွန်းထင်းသွားတဲ့ ငါ့ဘ၀ကို ပြန်စဉ်းစားရင်း
ပင့်သက်ရှိုက် မရဲတရဲဆုတောင်းမိတယ် ...
~~~ ချစ်ခွင့်ရှိပါစေလို့ ~~~

Credit အောင်ကျော်မြင့်

နှလုံးသားကြေကွဲးသံ

နှလုံးသား ကြေကွဲသံ
®®®®®®®®®

လေတွေတောင်ငြိမ်သွား မှတော့
တိမ်တွေက လားရာပျောက်ခဲ့ပြီ။

မင်းထွက်သွားပြီဆိုတာနဲ့ အိပ်မပျော်တော့။

ကြေကွဲသွားတဲ့ နှလုံးသားကို
ဘာနဲ့ အလျော်ပေးပါ့မလဲ။

မင်းက လိပ်ပြာလေး ဆိုလဲ အဆော့
မက်လို့ထားလိုက်ပါတော့။

အသစ်တွေ့သွားတဲ့ မင်းဆီ ငါ့ခြေလှမ်းများက တွန့်ဆုတ်လေပြီ။

ပွင့်နေတဲ့ ပန်းများပြန်ငုံ သွားလေပြီ
နင်လဲ နောက်ပြန်ဆုတ် မရတော့။

လတ်စသတ်တော့နင်က ငါ့မျက်
ရည်အပြင်ထွက်စေခဲ့။

မိုးတောင်ချုပ်လေပြီ အခုနင်ဘယ်သူ့
အကြောင်းစဉ်းစားနေလဲ???

ခဏတာလေးအတွင်းမှာ ရုတ်တရက်ကြီး မိုးမှောင်ခဲ့တယ်

အချစ်က မျက်စိရှေ့မှာတင် အသံတိတ်ပြိုလဲခဲ့တယ်။ အစိတ်စိတ် အမွှာမွှာပြိုကွဲခဲ့ပြီလေ။

ကိုယ့်မျက်စိထဲ မှာ ဖြတ် ကနဲ မိုးမှောင်ကျခဲ့ရသလို တစစီ ကြေကွဲ
ခဲ့တဲ့ခံစားချက်။

ဘယ်လောက်တောင် ကြေကွဲဘို့
ကောင်းတဲ့ ခွဲခွါခြင်းဆိုတာ•°•°

ကိုယ်ဝန်ခံတယ် အခုကိုယ် မိုးမှောင်
သွားမှာကို ကြောက်တတ်နေပါတယ်

လှပတဲ့ အိမ်မက်တွေ က နေ ရုတ်တရက် လန့်နိုးလာသလိုပါ။

အခုတော့ ကိုယ်ဟာ မင်ရဲ့ဘယ်သူ
မှ မဟုတ်တော့ပါဘူး။

တွေးမိတိုင်း ရင်ထဲ တနူတ်နူတ်
ကြေကွဲရတာ ကိုယ်အဖြစ်ပါ။

မိုးးးးရယ် မမှောင်ပါနဲတော့••••

@@@တိုက်ဆိုင်မူ့ ရှိသူများးးခွင့် လွှတ်ပါ။ မည်သူကို မှ မရည်ရွယ်။

# chinese song

ခင်မင်လေးစားလျှက်

Sunday, August 6, 2017

ညီမလေး ဖတ်ဖို့

တခါတခါ တစ်ယောက်တည်း တိုးတိုးတိတ်တိတ် ကြေကွဲတတ်တာက လွဲရင် (ညီမလေးဖတ်ဖို့)
====
နေ၀င်သွားပြီးမှ အိပ်တန်းပြန်ဖို့ နောက်ကျမှန်းသိခဲ့သလို
တခါတခါ တေယာထိုးသံဆီ ရြက္လႊင့္သြားတဲ့ သေဘာၤဟာ
ကိုယ့် ရဲ့တိမ်းစောင်းမှုပေါ့...။

ခေါင်းဖြစ်လိုက် ပန်းဖြစ်လိုက်နဲ့ ဘ၀ဟာ
ဆယ်ပြားစေ့ထက်မပိုပါဘူးလို့....
တစ်ခါတစ်ခါများ ညီမလေးရဲ့ ပုခုံးဖျားမှာ နားချင်ရဲ့
မျဉ်းပြိုင်ဖြောင့်ဖြောင့်တွေဟာ ဟိုးအဝေးကြီးမှာ ဆုံမှတ်ရှိသလား

" တချို့တချို့ ပန်းတွေက တိုးတိုးတိတ်တိတ်ပဲ မွှေးပါတယ် "
ငါးဆယ်တန်အနွမ်းလေးပေါ်က ခြင်္သေ့ဟာ
တောသုံးထောင်ကိုတော့ ဘယ်ပိုင်စိုးပါ့မလဲ.. ညီမလေးရယ်။

(သို့ပေသော်လည်းပေါ့...)
ညီမလေးရဲ့ ခြေထောက်က ဆူးတစ်ချောင်းကို
တယုတယထွင်ပေးချင်တာက လွဲရင်
အချစ်ဆိုတာ လူကြားကောင်းရုံလှည့်ဖျားထားတဲ့
မျက်မမြင်တစ်ယောက်ရဲ့ နိဗ္မာန်ပါပဲ။

ခေတ်ပညာတတ်တစ်ယောက်ရဲ့ယုတ္တိဗေဒမှာ
တစ်ခါတစ်ခါ ခံစားမှုက ကျောက်ဖြစ်ရုပ်ကြွင်းဆန်တယ်။

(ညီမလေးရယ်..)
ဟိုး..အိန္ဒိယပြည်မှာ တာ့ခ်ျမဟာဆိုတာ ရှိသပေါ့
" ကိုယ်တိုင်ကိုယ်ကျ ပန်ခွင့်ရမှာ ပန်းမဟုတ်ရပါဘူး"
မြက်ပင်တွေလုပ်ပြီး စိမ်းလန်းပစ်လိုက်ရတာလည်း
မှတ်တိုင်မစိုက်ရတဲ့ သိတတ်ခြင်းတွေပါပဲ ညီမလေးရယ်။

အလင်းနှစ်(Blogger)
22.11.2012
Credit

ညီမလေး ဖတ်ဖို့

တခါတခါ တစ်ယောက်တည်း တိုးတိုးတိတ်တိတ် ကြေကွဲတတ်တာက လွဲရင် (ညီမလေးဖတ်ဖို့)
====
နေ၀င်သွားပြီးမှ အိပ်တန်းပြန်ဖို့ နောက်ကျမှန်းသိခဲ့သလို
တခါတခါ တေယာထိုးသံဆီ ရြက္လႊင့္သြားတဲ့ သေဘာၤဟာ
ကိုယ့် ရဲ့တိမ်းစောင်းမှုပေါ့...။

ခေါင်းဖြစ်လိုက် ပန်းဖြစ်လိုက်နဲ့ ဘ၀ဟာ
ဆယ်ပြားစေ့ထက်မပိုပါဘူးလို့....
တစ်ခါတစ်ခါများ ညီမလေးရဲ့ ပုခုံးဖျားမှာ နားချင်ရဲ့
မျဉ်းပြိုင်ဖြောင့်ဖြောင့်တွေဟာ ဟိုးအဝေးကြီးမှာ ဆုံမှတ်ရှိသလား

" တချို့တချို့ ပန်းတွေက တိုးတိုးတိတ်တိတ်ပဲ မွှေးပါတယ် "
ငါးဆယ်တန်အနွမ်းလေးပေါ်က ခြင်္သေ့ဟာ
တောသုံးထောင်ကိုတော့ ဘယ်ပိုင်စိုးပါ့မလဲ.. ညီမလေးရယ်။

(သို့ပေသော်လည်းပေါ့...)
ညီမလေးရဲ့ ခြေထောက်က ဆူးတစ်ချောင်းကို
တယုတယထွင်ပေးချင်တာက လွဲရင်
အချစ်ဆိုတာ လူကြားကောင်းရုံလှည့်ဖျားထားတဲ့
မျက်မမြင်တစ်ယောက်ရဲ့ နိဗ္မာန်ပါပဲ။

ခေတ်ပညာတတ်တစ်ယောက်ရဲ့ယုတ္တိဗေဒမှာ
တစ်ခါတစ်ခါ ခံစားမှုက ကျောက်ဖြစ်ရုပ်ကြွင်းဆန်တယ်။

(ညီမလေးရယ်..)
ဟိုး..အိန္ဒိယပြည်မှာ တာ့ခ်ျမဟာဆိုတာ ရှိသပေါ့
" ကိုယ်တိုင်ကိုယ်ကျ ပန်ခွင့်ရမှာ ပန်းမဟုတ်ရပါဘူး"
မြက်ပင်တွေလုပ်ပြီး စိမ်းလန်းပစ်လိုက်ရတာလည်း
မှတ်တိုင်မစိုက်ရတဲ့ သိတတ်ခြင်းတွေပါပဲ ညီမလေးရယ်။

အလင်းနှစ်(Blogger)
22.11.2012
Credit

ဝါခေါင်လပြည့်

# # ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့ # #

   ဒီနေ့ ဟာ ဝါခေါင်လပြည့်နေ့ ဖြစ်ပါတယ်။ဗုဒ္ဓ
ဘာသာဝင်တွေကတော့ ဝါခေါင်လပြည့်နေ့ ကို
မေတ္တာအခါတော်နေ့ ရယ်လို့ သတ်မှတ်ထားကြ
ပါတယ်။မေတ္တာအခါတော်နေ့ လို့ သတ်မှတ်ကြ
တဲ့အကြောင်းက ဒီလိုပါ။

   ရဟန်း ၅၀၀ ဟာမြတ်ဗုဒ္ဓထံမှ ကမ္မဌာန်းတရား
အားထုတ်နည်းတွေကို သင်ယူပြီးတဲ့နောက်
သာဝတ္ထိမြို့ နဲ့ မနီးမဝေးသောတောအုပ်တစ်ခုမှာ
ဝါကပ်ကြပါတယ်။သစ်ပင်ခြေရင်းတွေမှာ ရဟန်း
တွေတရားအားထုပ်နေကြတော့ သစ်ပင်တွေကို
အမှီပြုနေထိုင်ကြတဲ့ နတ်တွေဟာ သစ်ပင်ပေါ်
မှာမနေနိုင်ကြတော့ပဲ အောက်ဆင်းနေရပါတော့
တယ်။ဒီရဟန်းတွေဟာ သိပ်မကြာလောက်ဘူး
ပေါ့။ခဏပဲဆိုပြီး သည်းခံနေကြတယ်။

   ကြာလာတော့ သည်းမခံနိုင်တော့ပဲ ရဟန်း
တွေကို တရားအားမထုတ်နိုင်အောင် အမျိုးမျိုး
ခြောက်လန့် ကြပါတယ်။ရဟန်းတွေဟာ တရား
ဆက်အားမထုတ်နိုင်တော့ပဲ ဇေတဝန်ကျောင်း
သို့ ပြန်သွားရပါတော့တယ်။မြတ်ဗုဒ္ဓကထိုရဟန်း
၅၀၀ အား မေတ္တာသုတ်ကို ပွားများသရဇ္ဈာယ်ကြ
ဖို့ မိန့် တော်မှုပြီး ထိုတောအုပ်သို့ ပြန်လွတ်လိုက်
ပါတယ်။မေတ္တာသုတ်တရားတော်ကို ရွှတ်ပွားကြ
ပြီး တရားအားထုတ်ကြတော့ နတ်တွေက
မနှောက်ယှက်သည့်အပြင်အကူညီတောင် ပေး
ကြသည့်အတွက် ဝါမကျွတ်ခင်မှာပဲ ရဟန်းအား
လုးံ ရဟန္တာတွေဖြစ်သွားကြပါတော့တယ်။

    ဝါခေါင်လပြည့်နေ့ မှာ မြတ်ဗုဒ္ဓက ရဟန်း
၅၀၀ အားမေတ္တာသုတ်ကို စတင်ဟောကြား
သည့်အတွက် ဝါခေါင်လပြည့်နေ့ ကိုမေတ္တာအခါ
တော်နေ့ လို့ သတ်မှတ်ကြခြင်းဖြစ်ပါတယ်။
မေတ္တာပွားများခြင်းဟာ
  အိပ်သော်ချမ်းသာ နိုးခါသုခ မြတ်လှအိမ်မက်
  နှစ်သက်လူတို့ နတ်တို့ ချစ်ခင် နတ်ပင်စောင့်
  နေ မီးရေမဖျက် ငြိမ်သက်တည်ကြည် ရွင်သော်
  မျက်နှာ သေခါမမှိုင် ဗြဟ္မာတိုင်သား ဆယ့်တစ်
  ပါးကို ကျမ်းဂန်ဆိုသည် ဗိုလ်လူအများ
  မေတ္တာပွား။
ဟူသောလကာင်္အရ မေတ္တာပွားခြင်းအကျိုး ၁၁
မျိုးကို ရရှိပါတယ်။ဝါခေါင်လပြည့် မေတ္တာအခါ
တော်နေ့ တွင် မေတ္တာသုတ်ရွတ်ဖို့ မမေ့နဲ့ နော်။

ကျမ်းကိုး။ ။၁။ခုဒ္ဒကနိကာယ ပဉ္စသတဘိက္ခုဝတ္ထု
            
             ၂။ကျောင်းထိုင်လက်ဆောင်

Credit သီတဂူလမင်း ( သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် )

ကျောင်းလွမ်းတေး

ကျောင်းလွမ်းတေး
------------------------- (  နွယ်သာကီ သံပြတ် )

ကျက်သရေ ဆက်ဝေ ထက်နေလွှမ်း
ရက်ရှည်လွမ်းခဲ့ ကျောင်းတော်သာ။

အပြုံးကြည် ဖုံးသည် နှလုံးပန်းချီအလား
အမုန်းမသီအားခဲ့  ပေါင်းဖော်သဟာ။

ကလေးရွယ် တေးသွယ် ဆွေးဖွယ်ကင်း
နွေးတယ်အဆင်းနဲ့. နှောင်းပျော်ခါ။

ပန်းတခင်းနဲ့ ကောင်းပျော်ရာ
လွမ်းသီချင်းဖွဲ့ ကျောင်းတော်သာ။

အသည်းပန်းချီလှနဲ့ ပေါင်းဖော်သဟာ
ပုလဲစီခခဲ့ နှောင်းသော်အခါ
အတွဲညီမျှခဲ့ ကျောင်းတော်သာ။

ပန်းအကြွေကောက်၊ လွမ်းပွေနှောက်
လမ်းမြေတခေါက် ပြန်ခိုဝင်
တမ်းစေမပျောက် အမှန်ငိုချင်။

ကာလာမပြောင်းဘဲ အချိန်ကြာစေ
အခါကြာငြောင်းလည်း စိန်ပမာပေရှင့်။

မြေနီလမ်းလေး စိန်ပန်းဝေ
ရေကြည်မခမ်းသေး ထိန်လျမ်းနေရှင့်။

ကျောင်းလမ်းကလေး မဟောင်းတမ်းငေး
ဆောင်းပန်းအဖွေး နှင်းစက်စို
အတင်းဖက်သကို လက်လေးများ
တသက်မဝေးသွာဘူး ထင်သေးသရှင့်။

ပညာပန်းပွင့် ထက်မြရာ
သင်ရာအတန်းမြင့် လက်ပြလာ
ရင်မှာအလွမ်းဖြင့် ခက်လှပါတော့်။

ကဗျာတေးနွဲ့ နှုတ်ငုံခင်
အလွှာဖွေးလဲ့  ရုပ်စုံသဘင်ရှင့်။

စွဲမက်လွမ်းတေး  ကျောင်းတော်သာ
အသည်းထက်နန်းပေး ပေါင်းဖော်သဟာ
အမြဲမပျက်မှန်းတွေး ကျောင်းတော်သာ။

လွမ်းရပါသလေ
တမ်းတကြာရှည်လို့
ပညာမွေ ပေးဝေကမ်းပါတဲ့
လေးထွေစမ်း အေးမြနယ်
ကလေးဘဝအရွယ် ခိုဝင်နားပါလို့
ပျိုလွင်တရားတို့ ပွင့်ဖူးရာ
အခွင့်ထူးလာ  တစ်ခေါက်ငေးမယ်ဖြင့်
အသင့်မကူးသာ မရောက်သေးပေလို့
ဆွေးရတယ်လေး။       ။

နန်းဧ ကရီ

Saturday, August 5, 2017

ရင်ခုန်ဘက်

စာဖတ်တဲ့ မိန်းကလေးတွေကို သ​ဘောကျတယ်​ ရင်​ခုန်​တယ်​ ချစ်​တယ်​ ​လေစားတယ်​ တန်​ဖိုးထားတယ်​။
သူတို့ဟာ ရင့်ကျက်တယ်။တည်ငြိမ်တယ်။
အရာရာကို ခေါင်းအေးအေးထား ဆုံးဖြတ်တတ်တယ်။

စာပေကပေးတဲ့ အသိတွေဟာ သူ့ဦးနှောက်ကို အားဖြည့်ပေးတယ်။
ဒါ့ကြောင့် ဘ၀အတွက် လက်တွဲဖော် ရွေးချယ်ရင်တောင် နှလုံးသားကို ဦးနှောက်က လွှမ်းမိုးထားတာကြောင့် မှားယွင်းပြီးဆုံးဖြတ်မိတာမျိုး မဖြစ်တော့ဘူး။

စာအုပ်တွေကိုချစ်တဲ့ မိန်းကလေးတွေကို ဘ၀အတွက် ရွေးချယ်ချင်တယ်။
စာအုပ်တွေကိုချစ်တဲ့သူတွေက စာရွက်ကလေးတွေလိုပဲ နူးညံ့တယ်၊သိမ်မွေ့တယ်။
စာအုပ်တွေလို စိတ်ဝင်စားစရာကောင်းတယ်။
သူမပြောသမျှ စကားလုံးတိုင်းဟာ စာအုပ်တွေထဲက ကမ္ဘာကျော်အဆိုအမိန့်တွေလို တန်ဖိုးရှိတယ်။

စာအုပ်တွေကိုချစ်ပြီး စာပေတွေကိုမြတ်နိုးတဲ့ မိန်းကလေးတွေကို လက်တွဲဖော်အဖြစ် ရွေးချယ်ချင်တယ်။
ဘ၀အတွက် တန်ဖိုးမဖြတ်နိုင်တဲ့ စာအုပ်ကောင်းတစ်အုပ်လို သိပ်ကို တန်ဖိုးရှိလိမ့်မယ်။
ကိုယ်က လမ်းမမှန်ရင်တောင် သူမက ထိန်းကျောင်းပေးနိုင်တယ်။

ဘ၀မှာ ဘယ်လိုနေထိုင်ရမယ်ဆိုတာ စာဖတ်တဲ့ မိန်းကလေးတွေ သိတယ်။
သူမကြောင့် ကိုယ့်ဘ၀လည်း အဆင်ပြေလာလိမ့်မယ်။
အိမ်ထောင်ရေးကို ဘယ်လိုထိန်းကြောင်းရမလဲ သူမနားလည်တယ်။
ဒါ့ကြောင့် အိမ်ထောင်ရေးပြိုကွဲမှု မဖြစ်နိုင်တော့ဘူး။

ဒါ့ကြောင့် စာအုပ်ဆိုင်တွေ၊စာကြည့်တိုက်တွေမှာ တွေ့ရတဲ့ မိန်းကလေးတွေဆို ရင်ခုန်မိတယ်။
စာအုပ်ကလေးပိုက်လို့ လမ်းလျှောက်လာရင် ပိုလို့တောင် ရင်ခုန်​သေးတယ်​။

Cred: ko Zaw Zaw