Sunday, November 19, 2017

အကယ်၍

#အကယ်၍

      ကဗျာရဲ့အဓိပ္ပါယ်​က​ ​လေးနက်​လွန်း​ပါတယ်

မူလကဗျာရှင် = RUDYARD KIPLING(ရာဂျာကစ်ပလင်း)
ဘာသာပြန်ဆိုသူ = ဒေါ်အောင်ဆန်းစုကြည်

အကယ်၍
မင်း အသိုင်းအ၀ိုင်းက
တုန်လှုပ်ခြောက်ခြားပြီး
ဒါတွေဟာ
မင်းကြောင့်လို့
ဝိုင်းဝန်းပြစ်တင်ကြတဲ့အခါ
မင်းဟာ
ခေါင်းအေးအေးနဲ့ ရင်ဆိုင်နိုင်မယ်ဆိုရင်. .။

အကယ်၍
အားလုံးက မင်းကို
မယုံသင်္ကာဖြစ်လာတဲ့အခါ
သူတို့ကို နားလည်စွာ ခွင့်လွှတ်ရင်းနဲ့
မင်းကိုယ်မင်း ယုံကြည်မှုအပြည့်ရှိမယ်ဆိုရင်. .။

အကယ်၍
မင်းရဲ့အမှန်စကားတွေကို
လူလိမ်လူညစ်တွေက
လှည့်စားပြောင်းလဲပြီး
မုသားအဖြစ် ထောင်ချောက်ဆင်ညစ်တဲ့အခါ
မင်းဟာ
တည်ငြိမ်စွာနဲ့ နာကြားနိုင်မယ်ဆိုရင်
ဒါမှမဟုတ်
မင်းဘ၀တစ်ခုလုံးပေးပြီး
အရိပ်တကြည့်ကြည့် ဖြည့်ဆီးခဲ့ရတဲ့ အရာရာကို
ဖျက်ဆီးခံလိုက်ရပြီးတဲ့ နောက်မှာ
အင်မတန်သေးငယ်တဲ့ တန်ဆာပလာ အရာရာနဲ့
ပြန်လည်တည်ဆောက်နိုင်မယ်ဆိုရင်. . . . . . ..။

အကယ်၍
မင်း နိုင်ခဲ့သမျှတွေအားလုံးဟာ
ကြွေတစ်လှည့် ကြက်တစ်ခုန်ပမာ
တစ်လှည့်တစ်ခါတည်းနဲ့ ဆုံးရှုံးသွားခဲ့ရင်….
ပြီးတော့
အစကနေ ပြန်စနိုင်မယ်ဆိုရင်….
ပြီးတော့တစ်ခါ
ဆိုးလှတဲ့ကံကြမ္မာရယ်လို့
ဘယ်သောအခါမှ ညည်းညူးမနေဘူးဆိုရင်. . . ..။

အကယ်၍
သူများတကာ လုပ်ပြီးသွားကြလို့ အချိန်အတော်ကြာမှ
မင်း အလှည့်ရောက်လာတဲ့အခါ
မင်း တစ်ယောက်တည်းနဲ့ပဲ
အားနဲ့မာန်နဲ့ ဇွဲသတ္တိရှိရှိ ဆက်ကြိုးစားမယ်ဆိုရင်…..
အဲဒီလိုပဲ
မင်းမှာ စိတ်အင်အားကလွဲလို့
ဘာဆိုဘာမှ မရှိတော့တဲ့အခါ
အဲဒီစိတ်ဓာတ်အင်အားကို
ခိုင်မာစွာနဲ့ပဲ ဆက်လက်ဆုပ်ကိုင်ထားနိုင်မယ်ဆိုရင်. ။

အကယ်၍
စောင့်သင့်တဲ့အချိန်ကို စောင့်နိုင်ပြီး
အဲဒီအတွက်လည်း မမောမပန်းနေနိုင်မယ်ဆိုရင်…
ဒါမှမဟုတ်
မင်းရဲ့အကြောင်း
မဟုတ်တရား မုသားစကား ကြားရတဲ့အခါ
မင်းကလည်း အလိမ်အညာတွေနဲ့
မတုန့်ပြန်ဘူးဆိုရင်….
ဒါမှမဟုတ်
မင်းကို လူတကာက ၀ိုင်းဝန်းမုန်းတီးတဲ့အခါ
မင်းဟာ အမုန်းတွေပြန်မပွားဘူးဆိုရင်….
ပြီးတော့
မင်းကိုမင်း လူတော်တစ်ယောက်ရယ်လို့ မမြင်ဘဲ
ပညာရှိစကားတွေလည်း မပြောဘူးဆိုရင် . . . .  ။

အကယ်၍
စိတ်ကူးယဉ် အိပ်မက်တွေဟာ
မင်းအပေါ် မလွှမ်းမိုးစေဘဲ စိတ်ကူးနိုင်မယ်ဆိုရင်…
အတွေးအခေါ် စိတ်ကူးတွေဟာ
မျှော်မှန်းချက်သက်သက်သာ မဖြစ်စေဘဲ တွေးခေါ်နိုင်မယ်ဆိုရင်. . ။

အကယ်၍
အောင်မြင်မှုသုခနဲ့ ဆုံးရှုံးမှုဒုက္ခတွေကို ကြုံတွေ့ရတဲ့အခါ
တူညီသော လောကဓံ တရားတွေပါလား ရယ်လို့
ခံယူထားနိုင်မယ်ဆိုရင်. . . . . .။

အကယ်၍
လူတွေနဲ့ထိတွေ့ပြောဆိုဆက်ဆံရတဲ့အခါ
ကိုယ်ကျင့်သိက္ခာကို စောင့်ထိန်းနိုင်မယ်ဆိုရင်…..
ဒါမှမဟုတ်
မင်းဧရာဇ်တွေနဲ့ အတူလမ်းလျှောက်နေရပေမယ့်
မာန်မာန သွေးမကြွဘူးဆိုရင်….

အကယ်၍
ရန်သူကဖြစ်စေ၊မိတ်ဆွေကဖြစ်စေ
မင်းကို သိပ်ပြီး နာကျည်းအောင် မလုပ်နိုင်စေရင်. . . . . . ။

အကယ်၍
လူတိုင်းကို တန်ဖိုးထားလေးစားရပေမယ့်
စွဲလမ်းမှု သံယောဇဉ်တွေ ထားမနေဘူးဆိုရင်….။

အကယ်၍
တိုတောင်းလှတဲ့ မပစ်ပယ်နိုင်တဲ့ တစ်မိနစ်အတွင်းမှာ
အဓိပ္ပါယ်ရှိလှတဲ့ စက္ကန့်ခြောက်ဆယ် အဖြစ်
အသုံးချနိုင်မယ်ဆိုရင်. . . . .။
ငါ့သားရေ
မင်းဟာ
အရာရာရှိတဲ့၊အရာရာဖြစ်တဲ့
ကမ္ဘာကြီးကို ဆုပ်ကိုင်လို့
အရာရာ ဘာမဆို မင်းစွမ်းနိုင်ပြီပေါ့….။
အဲဒီတော့ မင်းဟာလည်း
ယောက်ျားကောင်းတစ်ယောက်ပဲပေါ့။

♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦

ဓမ္မစေတီဆရာတော် နှစ် ၂၆ ကြာ ထိန်းသိမ်းခဲ့တဲ့ ကဗျာလေးကို မျှဝေလိုက်တာပါ။

အဲ့ဒီကဗျာလေးအတိုင်း ကဗျာကို မြန်မာဘာသာပြန်ဆိုသူ နေထိုင်ခဲ့တာကို တွေ့ရပါသည်။
ဓမ္မစေတီဆရာတော်လည်း ရာဂျာကစ်ပလင်း ရဲ့ အဲ့ဒီကဗျာလေးကို နှစ်သက်မြတ်နိုးစွာ ဆောင်ထားပြီးတော့ ဘ၀ကို အဲ့ဒီကဗျာလေးအတိုင်း နေထိုင်ခဲ့တယ်လို့ သိရပါသည်။

#ဆရာတော်၏ရိုးသားစွာဝန်ခံခဲ့ပုံ

ဒေါ်အောင်ဆန်းစုကြည် ဤကဗျာကို ဘာသာမပြန်ခင်ကတည်းက မူရင်းအင်္ဂလိပ်ကဗျာကို ဖတ်ခဲ့ရပါတယ်တဲ့။
ဖတ်ပြီးတော့လည်း ကိုယ်တိုင် မြန်မာပြန်ဆိုကြည့်ပါတယ်တဲ့။
နောက်တော့မှ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မြန်မာဘာသာပြန် ထွက်လာမှ ဖတ်ကြည့်မိတော့ လက်ရာကောင်းတဲ့ ဘာသာပြန်ဆိုမှုကို တွေ့ခဲ့ရသလို သူမ၏ မြန်မာစာ ပိုင်နိုင်မှုကိုလည်း တွေ့ရတယ်လို့ မိန့်ဖူးပါတယ်။

ဘာသာပြန်ဆို၏ ဘာသာပြန်မှု လက်ရာမြောက်ပုံလေးကို အောက်ပါ စာပိုဒ်ဖြင့် ဆရာတော်က မိန့်ဖူးပါတယ်။

risk it on one turn of pitch-and-toss ကို
ကြွေတစ်လှည့် ကြက်တစ်ခုန်ပမာ ဆုံးရှုံးသွားခဲ့ရင်….။

အဲ့ဒီဘာသာပြန်ဆိုမျိုးကို မိမိ ဘာသာပြန်တုန်းက ဘယ်လိုမှ တွေးမရခဲ့ဘူးလို့လည်း ဆရာတော်က ရိုးသွားစွာ ပြောပြခဲ့ဖူးပါတယ်။

မှတ်သားဖွယ်ကောင်းတဲ့ အတွေ့အကြုံတစ်ခုကိုလည်း
ဆရာတော်က ဆက်မိန့်ပါသေးတယ်။

ဆရာတော်ငယ်စဉ် မန္တလေး သာသနာ့တက္ကသိုလ်မှာ စာသင်စဉ်က အချိန်က ဖြစ်ပါသည်။

ထိုစဉ်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးစောမောင်နှင့် အဖွဲ့သည် သာသနာ့တက္ကသိုလ် အခန်းများကို လိုက်လံကြည့်ရှုခဲ့ကြ၏။

အရှင်ကောသလ္လ(ဓမ္မစေတီ)၏ အခန်းသို့ အရောက်တွင်
အခန်းထဲ၌ ကပ်ထားသော IF မူရင်းအင်္ဂလိပ်ကဗျာစာရွက်နှင့် ဒေါ်အောင်ဆန်းစုကြည် မြန်မာဘာသာပြန်ထားသော စာရွက်တို့ကို နှစ်သက်မြတ်နိုးစွာ ယူဆောင်သွားပါသည်။

နှုတ်ကလည်း ကောင်းလိုက်တဲ့ ဘာသာပြန်ဆိုချက်ပါလားဟုလည်း
မှတ်ချက်ပြု၍ သူ ယူသွားပါရစေဟုလို့ လျှောက်ထားသွားခဲ့ပါသည်။

ဆန္ဒပြုချင်တာကတော့  NLD ရုံးတိုင်းမှာ အဲ့ဒီကဗျာလေးကို အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာဖြင့် ကပ်ထားသင့်၊ လိုက်နာသင့်တယ်ဟု………။

#အထူးသိစေလိုသည်မှာ

ဤကဗျာကို ဤ Page မှာ တင်ခြင်းသည်
မည်သည့် နိုင်ငံရေး၊ မည်သည့် ပါတီနှင့်မှ ပတ်သက်ခြင်း လုံးဝမရှိဘဲ ဆရာတော်၏ စာပေ နှစ်သက်မှုကိုသာ ပူဇော်လိုခြင်း ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။

ထို့ကြောင့် ဤကဗျာကို နိုင်ငံရေးအမြင်၊ ပါတီအမြင်ဖြင့် မခံစားဘဲ စာပေအမြင်ဖြင့်သာ ဖတ်ရှူ လိုက်နာပါရန် ပြောကြားလိုပါသည်။

Posted By = တပည့်ဦးဇင်းတစ်ပါး

မူရင်း အင်္ဂလိပ်ကဗျာ ပါ။

♠♠ IF ♠♠

RUDYARD  KIPLING
(1865-1936)

IF you can keep your head when all about you
Are losing theirs and blaming it on you,
If you can trust yourself when all men doubt you,
But make allowance for their doubting too;
If you can wait and not be tired by waiting,
Or being lied about, don't deal in lies,
Or being hated, don't give way to hating,
And yet don't look too good, nor talk too wise:

If you can dream - and not make dreams your master;
If you can think - and not make thoughts your aim;
If you can meet with Triumph and Disaster
And treat those two impostors just the same;
If you can bear to hear the truth you've spoken
Twisted by knaves to make a trap for fools,
Or watch the things you gave your life to, broken,
And stoop and build 'em up with worn-out tools:

If you can make one heap of all your winnings
And risk it on one turn of pitch-and-toss,
And lose, and start again at your beginnings
And never breathe a word about your loss;
If you can force your heart and nerve and sinew
To serve your turn long after they are gone,
And so hold on when there is nothing in you
Except the Will which says to them: 'Hold on!'

If you can talk with crowds and keep your virtue,
' Or walk with Kings - nor lose the common touch,
if neither foes nor loving friends can hurt you,
If all men count with you, but none too much;
If you can fill the unforgiving minute
With sixty seconds' worth of distance run,
Yours is the Earth and everything that's in it,
And - which is more - you'll be a Man, my son!

👍👍👍👍

Thursday, November 16, 2017

ညီတူညီမျှ

ညီတူညီမျှ
*******

အသည်းတစ်ခြမ်းက
လွမ်းရသူတွက်

နောက်တစ်ဖက်ခြမ်းက
အရမ်းချစ်ရသူတွက်။
                               အလင်္ကာကျော်စွာ ...

မာနမဲ့စွာ

မာနမဲ့စွာ

💕💕


ပြက်ရယ်မှုကိုခံရသည့်အခါ
အားငယ်သွားတတ်သော်လည်း
မည်သည့်အခါမှ စိတ်မဆိုးရက်ပါလေ။

အနိုင်ကျင့်မှုကိုခံရသည့်အခါ
ဝမ်းနည်းသွားတတ်သော်လည်း
မည်သည့်အခါမှ မနာကြဉ်းရက်ပါလေ။

တန်ဖိုးမထားမှုကိုခံရသည့်အခါ
မကျေနပ်မှုကို ခံစားရတတ်သော်လည်း
မည်သည့်အခါမှမငြိုငြင်ရက်ပါလေ။

စွန့်ပစ်သွားခြင်းကိုခံရသည့်အခါ
ကျွမ်းမြေ့လောင်မြိုက်စွာပူပန်ရသော်လည်း
မည်သည့်အခါမှမေ့လျော့၍မရနိုင်လေ။

စတွေ့သည်မှ
ငါသည်သင့်အား
မာနတရားကို ပေးအပ်ထားခဲ့သောကြောင့်တည်း။

#မောင်စိန်ဝင်း(ပုတီးကုန်း)

Monday, October 23, 2017

အချစ်ဆိုတာ

မင်းလူ (Min Lu)
အချစ်ဆိုတာ အင်မတန်ထူးဆန်းတယ်။
လျှို့ ဝှက်မှုတွေနဲ့ ပြည့်နှက်နေတယ်။
မထင်မှက်ဘဲ လှည့်စားတတ်တယ်။
တစ်ခါတစ်လေကျတော့လည်း မိန်းမတစ်ယောက်ကိုရင်ဆိုင်ရတာဟာ
ဥပေက္ခာနံရံကြီးကိုခေါင်းနဲ့ ဝင်ဆောင့်ရသလိုပဲ ....
မိုက်မဲလွန်းတဲ့အပြုအမူလို့ ထင်စရာရှိတာပေါ့လေ။
အချီးအနှီး အကျိုးမရှိတဲ့လုပ်ရပ်လို့ ပြောကြမှာပေါ့ ...
ဒါပေမဲ့ ...
အဲဒီနံရံကြီးပေါ်မှာ စွန်းပေနေတဲ့ သွေးကွက်တွေကတော့
အဲဒီလူရဲ့အချစ်ကို ဂုဏ်ပြုတဲ့ သက်သေအထောက်အထားတွေအဖြစ်ရာဇ၀င်တွင်ကျန်ရစ်ခဲ့မှာပါ။

Monday, October 9, 2017

ကဗျာ

#ငါလွင့်​သွားတဲ့တိမ်​​တွေ
######
ပင်လယ်​ဟာ စီးကရက်​မီးခိုး​ငွေ့​တွေကိုမှုတ်​ထုတ်​ခဲ့သလား။
မ​နေ့ကမဟာတံတိုင်း​ပေါ်မှာ
ဒီ​နေ့ကျ တာ့ခ်ျ​မဟာ​ပေါ်မှာ မတူညီတဲ့အ​ရောင်​​တွေ။
နေ၀င်​ချိန်​​တွေလှတယ်​ ။
ငါ့​နေ၀င်​ချိန်​က​ကောလှနိုင်​မလား​တွေးတယ်​။
ကဗျာ​တွေအများကြီး​ရေးခဲ့ဖူးတာ​မယုံနိုင်​စရာပဲ။
အလွမ်းဟာ အိမ်​​မြှောင်​လိုအ​ယောင်​​ဆောင်​ပြီး နံရံ​ပေါ်မှာစုတ်​ထိုး​နေတယ်​။
မနက်​ဖြန်​မနက်​​တော့ မုတ်​ဆိတ်​ရိပ်​ဖြစ်​​အောင်​ရိပ်​မယ်​။
အတတ်​နိုင်​ဆုံးသက်​သက်​လွတ်​စားဖြစ်​​အောင်​ကြိုးစားတယ်​။
သွေး​အေး​အေးနဲ့ခမ်းခမ်းနားနားချစ်​တတ်​ခဲ့တယ်​။
ဘယ်​သူ့ကိုမှ​​တော့ နာကျင်​ပါ​စေမရှိခဲ့ပါဘူး။
မနက်​ဆို​ကော်​ဖီ​သောက်​တယ်​။
ညဘက်​မှာ လဘက်​ရည်​ကျဆိမ့်​​သောက်​တယ်​။
ကိုယ့်​နဲ့ဓာတ်​မတည့်​တဲ့အရာ​​တွေ၊
သူများနဲ့ဓာတ်​မတည့်​တဲ့အရာ​တွေ​ရှောင်​တယ်​။
လယ်​တီဆရာ​တော်​ရဲ့သစ္စာ​လေးပါးရယ်​ အိုရှိုးရဲ့သူပုန်​ကျမ်းရယ်​ဖတ်​ဖြစ်​​နေတယ်​။
အများကြီးမရှိပါဘူး။
အများကြီးရှိစရာမလိုအပ်​ခဲ့ပါဘူး။
တိမ်​​တွေပင်​လယ်​ကိုစွန့်​ခွာခဲ့သလိုမျိုး
ငါတို့စွန့်​ခွာကြရဦးမှာပဲ။
အလင်းနှစ်​(Blogger)
Credit

အချစ် ရာဇဝင်

" အချစ်၏ ရာဇဝင် "
__________________. သုခမိန်လှိုင်
တော်သေးရဲ့
ချစ်တယ်ပြောတာ ပိုက်ဆံရှိဖို့မလိုဘူး
ချစ်တယ်ပြောတာ မီးလာဖို့မလိုဘူး
ချစ်တယ်ပြောတာ လိုင်းမိဖို့မလိုဘူး
ချစ်တယ်ပြောတာ အစိုးရကောင်းဖို့မလိုဘူး
#သုခမိန်လှိုင်

ဆရာမလေးသို့

အချစ်ဘွဲ့
___________ အောင်ချိမ့်
စိတ်မကောင်းပါဘူး
အဲသလိုလွဲသွားခဲ့ရတာ ။
" ဘောလုံးဟာ ဘယ်ကိုလိမ့်သွားသလဲ " တဲ့
ကဗျာတစ…
ငါ့မှာ ရွတ်သမိပါတယ် ။
ဘယ်သိမှာလဲ
မဟုတ်ဖူးလား ။
လူတွေ ဇာတ်လမ်းတွေ အကတွေ အချစ်တွေ
ထိုင်ငေး
တသက်လုံး အာသာငမ်းငမ်းဖြစ်
တသက်လုံး ဘာမှမရ ။
ငါ စာအုပ်ဖတ်မယ်
ငါ စဉ်းစားခန်းဝင်မယ် ။
နောင်တကြိမ်တခါ
သို့မဟုတ် အကြိမ်ကြိမ်အခါခါ
ကျွန်တော့်ကို ငြင်းပယ်နိုင်ပါတယ် ။
သို့သော် ...
မင်းကို ငါချစ်တယ် ။ ။
#အောင်ချိမ့်

ဆရာကြီး တင်မိုး

ညင်းလေပြည်
_____________. တင်မိုး

မနက်ခင်း
ကျေးငှက်တွေရဲ့ တေးသီချင်း
မိုးသောက်ယံ လေပြည်ညင်းကလေးနဲ့
ပြတင်းပေါက်က တိုက်ခတ်
စိတ်အလျ ဉ်း အငြိမ်းဓာတ် ။

ညင်းလေပြည်ကလေးက
ပျံ့မွှေးတဲ့ ပန်းရနံ့ကို
နိုင်ငံအနှံ့သယ်ဆောင်
အောင်ပွဲဆီသို့ အရောက်သွား
စိတ်အင်အား ခိုင်မာစေတယ် ။

လေမုန်တိုင်းကမှ
မာန်ရိုင်းတွေထ၊ တက်ကြွခုန်ပေါက်
လျှမ်းလျှမ်းတောက်တာ မဟုတ် ။

ဝေလီဝေလင်းက
လေပြေလေညင်းကလည်း
နေခြည်ကလေး ဝင်းတောက်လာအောင်
ကင်းထောက်နိုင်စွမ်းတယ် ။

အရေးကြီးတာက
ပြတင်းပေါက်တွေက
အလင်းရောက်လာဖို့ မဟုတ်လား ။ ။

#ဆရာကြီးတင်မိုး

Wednesday, October 4, 2017

ဆရာမလေးသို့ တမ်းချင်း

ကျ​နော့ရဲ့ Search list ထိပ်​ဆုံးမှာ
ခများ Acc name ​လေးအမြဲရှိတယ်​။
အင်​တာနက်​ဖွင့်​တိုင်း
ခများ Wall ထဲကိုအရင်​ဆုံးဝင်​ကြည့်​ဖြစ်​တာက
နေ့စဉ်​တာဝန်​တစ်​ခုလိုပါပဲ
ခံစားရသမျှ​တွေကို ခများသိ​အောင်​ပြဖို့
ထပ်​တူညီတဲ့ Sticker မရှိဘူး
ခများကိုချစ်​မိတာ ၀ဋ်​​ကျွေးတစ်​ခုဆိုရင်
တချို့ဝဋ်​​ကျွေး​တွေက ဆပ်​​ပျော်​တယ်​လို့
ကျ​နော်​နားလည်​လာခဲ့တယ်
ခေါင်းထဲမှာ ခများအ​ကြောင်းအ​တွေး​တွေနဲ့
အလုပ်​ထဲမှာလွဲ​ချော်​တာ​​တွေရှိတယ်
ကျ​နော်​​ပျော်​ပါတယ်
တကယ်​​တော့
အချစ်​မှာ မိုက်​ရူးရဲဆန်​တာလည်း​မရှိပါဘူး
လူတစ်​​ယောက်​ကိုချစ်​မိပီဆိုရင်
ကိုယ့်​အတွက်​ သူဟာကမ္ဘာ သူသာအရာရာ
သူမချစ်​ဘူးဆိုရင်​ ကမ္ဘာကြီးမှာကိုယ့်​ဟာလည်းမလိုအပ်​ဘူး
ဖြစ်​ချင်​ရာဖြစ်​ဆိုတဲ့စိတ်နဲ့ ​လုပ်​ချင်​ရာလုပ်​တယ်
ဒါပါပဲ.....

Friday, September 22, 2017

''အဖိုးတန်တဲ့လူသားတစ်ယောက်ဘဝကိုရဖို့ နေ့စဉ်ယတြာချေကြစို့''

(ကောင်း လွန်းလို့ တင်ပေးလိုက်တာပါ ဖတ်ဖြစ်အောင် ဖတ်ပေးပါ။ ဖတ်ပြီးလျှင် လည်း တပါးသူများကိုပြန် Share ပေးပါ။ )

၁။ ဝင်ငွေမ ကောင်းတဲ့အခါချွေတာသုံးစွဲတာ အကောင်းဆုံးယတြာ။

၂။ လမ်းသွားတဲ့အခါကြီးမားတဲ့ဝီရိယ ထားခြင်းဟာ အန္တရာယ် ကင်းဖို့ အတွက်အကောင်းဆုံးယတြာ။

၃။ ရန်လိုနေတဲ့လူနဲ့ဖက်ပြိုင်ပြီးမငြင်းတာ အကောင်းဆုံးယတြာ။

၎။ ဒေါသထွက်စရာ ကြုံတဲ့အခါစိတ်ဖြေသာတဲ့နေရာကို
ရှောင် ထွက်သွား ခြင်းဟာအကောင်းဆုံးယတြာ။

၅။ မနာလိုဝန်တိုစိတ်ကိုမမွေးအောင်ကံ ကံရဲ့အကျိုးကိုလက်ခံ နိုင်အောင်ကြိုးစားတာ အ ကောင်းဆုံးယတြာ။

၆။ စိတ်ကောင်းထားခြင်းရိုးသားမှုရှိခြင်း ဟာ ကြီးပွားရာ ကြီးပွားကြောင်း အတွက်အကောင်းဆုံးယတြာ။

၇။ အားလပ်ချိန်မှာစာဖတ်တဲ့အကျင့်ကို မွေးမြူခြင်းဟာအသိအလိမ္မာ တိုးတက်စေ ဖို့အတွက်
အကောင်းဆုံးယတြာ။

၈။ ကံဆိုးချိန်မှာရတနာသုံးပါးကိုအထူးတလည်ဆည်းကပ်ကိုးကွယ်တာသည်
ကံကောင်းတွေရောက်စေ ဖို့အတွက်အကောင်းဆုံးယတြာ။

၉။ တစ်စုံတစ်ရာ ကျွေးမွေးပေးအပ်သူကို ကျေးဇူးရှင်တစ်ဦးအဖြစ် မမေ့အပ်တာအကောင်းဆုံးယတြာ။

၁၀။ သူ့တာဝန် ကိုယ့်တာဝန်ကိုတိတိကျကျ ခွဲခြားပြီးတာဝန်ကျေပွန်စွာ လုပ်တာအကောင်းဆုံးယတြာ။

၁၁။ ရှေ့နောက်မြော်မြင် တတ်တဲ့ပညာရှိ လူကြီးမိဘရဲ့ဆိုဆုံးမမှုကို လိုက်နာတာအကောင်းဆုံးယတြာ။

၁၂။ မရ သေးတဲ့ဥစ္စာကိုအပူတပြင်းမတောင့်တ မလိုချင်တာစိတ်ချမ်းသာစေဖို့အတွက်
အကောင်းဆုံးယတြာ။

၁၃။ တတ်နိုင် သလောက်စုဆောင်းသွားတာဟာအနာဂတ်ခရီးအတွက်အကောင်းဆုံးယတြာ။

၁၄။ ဘဝအရေးနိမ့်တဲ့ကာလမှာစိတ်ဓါတ်ကိုကြံ့ကြံ့ခံနိုင်အောင်သတိထားမွေးမြူခြင်းဟာ
မိမိ မပျက်စီးဖို့အတွက်အကောင်းဆုံးယတြာ။

၁၅။စီးပွားဖြစ်တဲ့အခါအောက်ခြေမလွတ်အောင်သတိတရားနဲ့နေထိုင်တာ အကောင်းဆုံးယတြာ။

၁၆။ ငယ်စဉ်အခါ ပညာသင်ချိန်မှာပညာတတ်ရေးတစ်ခုတည်းကို ရှေ့ရှု့ပြီးတစိုက်မတ်မတ်
ကြိုးစားခြင်း ဟာ နောင်ရေးအတွက်အကောင်းဆုံး ယတြာ။

၁၇။အခွင့်အလမ်းပေါ်လာတဲ့အခါလုံ့လဝီရီယကို ရှေ့တန်းတင်ပြီး အမိအရဆုပ်ကိုင် လိုက်ခြင်းဟာ
အောင်မြင်ကြီးပွားဖို့အတွက်အကောင်းဆုံးယတြာ။

၁၈။ ဘာကိုမှမစဉ်းစားပဲမလုပ်တာမပြောတာ နောင်မှနောင် တ ရ တယ်ဆိုတဲ့အဖြစ်မျိုးကို မ ရောက်ဖို့ အတွက်အကောင်းဆုံးယတြာ။

၁၉။သုံးနိုင်တဲ့အခြေအနေရှိရက်နဲ့စိတ်ကိုလွှတ်ပေးပြီး အရမ်းမဲ့မသုံးစွဲတာဟာ နောင်စိတ်ဆင်းရဲစရာ မကြုံဖို့အတွက်အကောင်းဆုံးယတြာ။

၂၀။ ဘေးရှိတဲ့စကားကြမ်းတမ်းတဲ့စကားကိုမဆိုခြင်းဟာနောင် အခါပြဿနာအရှုပ်အရှင်းနဲ့
ရင်မဆိုင်ရဖို့အတွက်အကောင်းဆုံးယတြာ။

၂၁။ သူ့ဘက် ကိုယ့်ဘက်မျှမျှတတကြည့်တာ စဉ်းစားတာလုပ်ကိုင်တာသည် ရေရှည်လက်တွဲဖို့အတွက်
အကောင်းဆုံးယတြာ။

၂၂။ မနိုင်တဲ့ဝန်ကို မထမ်းတာဟာအသက် ရှည်ဖို့အတွက်အကောင်းဆုံးယတြာ။

၂၃။ မိမိကိုယ်ကို အမှန် ရှု့ထောင့်မှဝေဖန်သုံးသပ်တာဟာရှေ့လျှောက်ရမယ့်ဘဝခရီးမှာ
ပန်းခင်းလမ်းဖြစ်ဖို့အတွက် အကောင်းဆုံးယတြာ။

၂၄။ ဒေါသကို အပြင် မထွက်အောင်ထိန်းနိုင် တာဟာ အစစအရာရာပြဿနာနည်းပါးစေဖို့အတွက်
အကောင်းဆုံးယတြာ။

၂၅။ ကျော်ဖြတ် ရတဲ့ဘဝခရီးမှအမှားများကို ဆင်ခြင်သုံးသပ်ပြီးချက်ချင်းပြုပြင် သွားတာရှေ့ခရီး ချောမောဖို့အတွက်အကောင်းဆုံးယတြာဝ

၂၆။ အတိတ်ကို ပြန်တွေးပြီးလဲမပူဆွေး။ အနာဂတ်အရေးကို လှမ်းမျှော်ပြီးလည်းမပူပန်။
ပစ္စုပ္ပန်တည့်တည့်မှာသာရပ်ပြီးလုပ်သင့်လုပ်ထိုက်တာတွေကိုလုပ်ကိုင် သွားတာဟာ တိုးတက်ဖို့အတွက် အကောင်းဆုံးယတြာ။

၂၇။ အ ကောင်းမြင် ဝါဒနဲ့ဘဝခရီးကိုဆက်ခြင်းဟာအကောင်းဆုံးယတြာ။

၂၈။ ကျန်းမာရေးယိုယွင်းစေတဲ့အပျော်အပါး လိုက်စားမှုမူးယစ်ဆေးဝါးနဲ့အရက် သေစာကို
ရှောင်ရှားတာဟာအသက်ရှည် ကျန်းမာစေ ဖို့အတွက်အကောင်းဆုံးယတြာပါ။

နေ့စဉ်ဒီအချက်ကလေးတွေနဲ့အညီ ကျင့်ကြံနေထိုင်သွားကြမယ်ဆိုရင်တော့ ယတြာဆိုတာအထူးချေစရာမလိုပါဘူးလို့ ပြောချင်ပါတယ် သူငယ်ချင်းတို့။

ဒါ့ကြောင့်----

''အဖိုးတန်တဲ့လူသားတစ်ယောက်ဘဝကိုရဖို့ နေ့စဉ်ယတြာချေကြစို့''

ကိုးဘွဲ့ ရဆရာတော် အရှင်အာစာရာလင်္ကာရ။